ရန်ကုန်မြို့တွင် ဆောက် လုပ်ရေး လုပ်ငန်းများ ခေတ်အ ကောင်းဆုံးအချိန်ဖြစ်ပြီး အခန်း များကိုကြိုတင်အရောင်းအ၀ယ် ပြုလုပ် ဈေးကစားသူများသတိထားရမည့်ကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။
ရန်ကုန်မြို့တွင်း ရပ်ကွက် များတွင် ကန်ထရိုက်တိုက်များအ ပြိုင်အဆိုင်တည်ဆောက်နေချိန် ၌ လမ်းမတန်းများ၊အချက်အချာကျသော နေရာကောင်းများတွင် လည်း ကွန်ဒိုတိုက်ခန်းများ အ ပြိုင်အဆိုင်တည်ဆောက်လာကြ ပြီး နယ်ပယ်ပေါင်းစုံမှ လုပ်ငန်း ရှင်များက ဆောက်လုပ်ရေးလုပ် ငန်းအတွင်းသို့အပြိုင်အဆိုင်တိုး ၀င်လာပြီဟု စီးပွားရေးပညာရှင် ဦးလှမောင်ကပြောသည်။
၁၉၉၇ခုနှစ်က ရန်ကုန်တွင် အထပ်မြင့်အဆောက်အအုံများစတင်တည်ဆောက်မှု ခေတ်အ ကောင်းဆုံးအချိန်တစ်ခုဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်သည်လည်း အထပ် မြင့် အဆောက်အအုံများ တည် ဆောက်ရန် ခွင့်ပြုမိန့်ချထားမှုစံ ချိန်တင် နှစ်တစ်နှစ် ဖြစ်လာနိုင် ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ခန့်မှန်း ထားသည်။
ပြီးခဲ့သည့် ၂၀၁၃ - ၁၄ဘဏ္ဍာနှစ်တွင် အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက အထပ် နိမ့်၊ အထပ်မြင့်အဆောက်အအုံ များအပါအ၀င် စုစုပေါင်းအလုံး ရေ ၄၀၈၅လုံး ခွင့်ပြုပေးခဲ့ပြီးယခု ဘဏ္ဍာနှစ်(၂၀၁၄-၁၅)သုံးလ တွင်(ဧပြီမှ ဇွန်လကုန်အထိ) ခွင့် ပြုမိန့်ချထားပေးသည့်အလုံးရေ မှာ ၂၀၉၁လုံးရှိသည်။
ထို့ကြောင့် ဘဏ္ဍာနှစ်ကုန် တွင် ယခင်နှစ်ထက် ခွင့်ပြုမိန့် ပေးသည့်အလုံးရေထက်ကျော် လွန်သွားမည်ဖြစ်ပြီး သက်တမ်း တစ်လျှောက် အဆောက်အအုံ တည်ဆောက်ရာ၌ ခွင့်ပြုမှုစံချိန် တင်နှစ်တစ်နှစ် ဖြစ်လာနိုင် ကြောင်း ကော်မတီကခန့်မှန်းထား သည်။ စွမ်းအင်နှင့်ရေနံ ကုမ္ပဏီ များ၊ ကားအရောင်းပြခန်းပိုင်ရှင်များ၊ ရွှေနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံသူများ၊ ဆောက်လုပ်ရေးလောကသို့ ၀င်ရောက် ရင်းနှီးမြှုပ်နှံသူ များလာသည်။
‘‘တချို့ကန်ထရိုက်တွေဆို အင်ဂျင်နီယာတောင် မပါဘဲ ဆောက်နေတာ။ အရည်အသွေး အာမခံချက်မရှိဘူး’’ဟု တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌဦး ကိုကိုထွေးကပြောသည်။
မြို့တွင်းအချက်အချာနေရာ များတွင်တည်ဆောက်နေသည့် ကွန်ဒိုတိုက်ခန်းအများစုမှာ ကြိုပွိုင့်ပုံစံဖြင့်ရောင်းချနေပြီး ရန်ကုန် တွင် နောင်လာမည့် နှစ်များအ တွင်း ကွန်ဒိုအခန်းပေါင်း ခုနစ် ထောင်မှ ရှစ်ထောင်အထိထွက် ပေါ်လာနိုင်ကြောင်း မြမြင့်မိုရ် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ခန့်မှန်းပြောကြားသည်။
လာမည့်နှစ် အနည်းငယ်တွင် ကွန်ဒိုတိုက်ခန်းများစွာ တည်ဆောက်ပြီးမည်ဖြစ်၍ လက်ရှိထက် ဈေးကျနိုင်ကြောင်းဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
‘‘ရန်ကုန်မှာ ဘိုးဘွားပိုင်မြေ တစ်ဧကခွဲလောက်ရှိရင်အချက် အချာကျတဲ့ နေရာဆို ကွန်ဒို ဆောက်နေကြပြီ’’ဟုအထက်ပါ လုပ်ငန်းရှင်ကပြောသည်။
ခိုင်မာသည့်စီးပွားရေးအင် အားစုများက ဆောက်လုပ်ရေး လုပ်ငန်းများသို့ဝင်ရောက်လာ သည်မှာ စိတ်ချရသော်လည်း ရပ် ကွက်များအတွင်း အလွန်အကျွံ တည်ဆောက်နေသည့် ကန်ထ ရိုက်များတွင် ကြိုပွိုင့်စနစ်ဖြင့်ဝယ် ယူမည်ဆိုပါက သတိထားသင့် ကြောင်း ၎င်းကပြောသည်။
‘‘စည်ပင်ရဲ့ ခွင့်ပြုချက်မရှိ လို့ ဖျက်ပစ်ရမယ်ဆိုလည်း ကန် ထရိုက်က လုံးဝ အသာပဲ။မြေရှင် လည်း ပြဿနာမရှိဘူး။ကြိုပွိုင့် ၀ယ်သူတွေပဲ အဓိကခံရမှာ’’ ဟု ဦးကိုကိုထွေးက ပြောသည်။
ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံမြေ တိုက်ခန်းများအရောင်းအ၀ယ် ဖြစ်ပါက ချက်ချင်းအခွန်ဆောင် ရမည်ဖြစ်ပြီး အချိန်ကြာမှအခွန် ဆောင်မည်ဆိုပါက ကာလတန် ဖိုးအတိုင်းအခွန်စည်းကြပ်မှုခံယူ ရမည်ဟု ပြီးခဲ့သည့်သီတင်းပတ် တွင် အစိုးရမှ သတင်းထုတ်ပြန်ခဲ့ ပြီးနောက် ကြိုပွိုင့်အရောင်းအ ၀ယ်ပြုလုပ်သူများပိုမိုသတိထား လာကြောင်း စိုင်းခွန်နောင် အိမ်ခြံ မြေအကျိုးဆောင်ကပြောသည်။
‘‘ကုမ္ပဏီကြီးတွေက မှတ်ပုံ တင်ပြီးလုပ်တာ။ ခိုင်မာမှုရှိသင့်သ လောက်ရှိတယ်။ ကန်ထရိုက်တွေ က ကုမ္ပဏီလည်း မရှိဘူး။ ရပ် ကွက်ပွဲစား၊ မြေရှင်နဲ့ညှိပြီးလုပ် ကြတာ။ အဓိက နစ်နာရင်ဝယ်သူတွေပဲနစ်နာရမှာ’’ ဟု Three Friends ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးကိုကိုလေးက ဆိုသည်။
တရားမ၀င် ဆောက်လုပ် သည့် ကန်ထရိုက်တိုက်များ များ ပြားလာရခြင်းမှာ စည်ပင်၏ စီမံ ခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာဖြစ်ပြီး ကြိုပွိုင့်ဝယ်ယူသူများမှာ လည်း အမှန်တကယ် ၀ယ်ယူနေ ထိုင်လိုသူထက် ဈေးကစားလိုသူ များသာဖြစ်နေသောကြောင့်အစိုး ရအနေဖြင့်အချိန်မီထိန်းချုပ်ရန် လိုအပ်နေပြီဟု ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုရန်ကုန်တွင်ကွန်ဒိုတိုက် ခန်းများကို မြေကြီးစတင်တူးဖော်စဉ်ကတည်းက ကြိုပွိုင့်အရစ်ကျစနစ်ဖြင့်ရောင်းချလာပြီဖြစ်သော် လည်း အများစုမှာ လက်လွှဲပြန် လည်ရောင်းချမည့် ဈေးကစားသူ များလက်ထဲတွင်ရှိနေပြီး ကွန်ဒို တည်ဆောက်သူ ဆောက်လုပ် ရေးလုပ်ငန်းရှင်များကလည်းကွန် ဒိုဥပဒေ ထွက်ပေါ်လာပြီး နိုင်ငံ ခြားသားများကို တရားဝင်ရောင်းချလာနိုင်တော့မည်ဆိုခြင်းကြောင့် ကြိုတင်ရောင်းချနေခြင်း ဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
‘‘တချို့က နိုင်ငံခြားသား တိုက်ရိုက်ဝယ်ခွင့်မရှိသေးတော့ အမည်ခံတွေဝယ်ထားကြပြီ’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ် ဦးကပြောသည်။
အထူးသဖြင့် ရန်ကုန်မြို့၏ကွန် ဒိုတိုက်ခန်းများကို တရုတ်၊ မကာ အို၊စင်ကာပူလုပ်ငန်းရှင်များအတွက်
မြန်မာလုပ်ငန်းရှင်အချို့က အမည်ခံ ၀ယ်ယူပေးနေခြင်း ဖြစ်သည်ဟု ဆိုသည်။
Credit: 7 Day Daily