ဂရန်မြေ ( မြေဌားစာချုပ်ရမြေ ) (Lease Land )

ဂရန်မြေ ( မြေဌားစာချုပ်ရမြေ ) (Lease Land ) - Property Knowledge in Myanmar from iMyanmarHouse.com
6 Oct 2014 12:20 pm တွင် တင်ခဲ့သည်
2340 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ရန်ကုန်စည်ပင်သာယာရေးကော်မတီ ( ယခင် ရန်ကုန်စည်ပင်သာယာအဖွဲ. / မြို.ရွာနှင့် အိုးအိမ်ဖွံဖြိုးရေးဦးစီးဌာန ) သို. အပ်ထားသည့်မြေကွက်ကို စည်းကမ်းချက်များ သတ်မှတ်၍ နှစ်ကာလအပိုင်းအခြားဖြင့် အဌားချထားသည့် မြေမျိုးဖြစ်သည်။

၁၈၅၃ ခုနှစ် ဗြိတိသျှအစိုးရ လက်ထက်တွင် ရန်ကုန်မြို.ကိုအကွက်ရိုက်၍ မြေပိုင်အမျိုးအစားအနေဖြင့် ရောင်းချပေးသည့် ကာလ၌ မြေဝယ်နိုင်သူများက မြေပိုင်၊ မြေပိုင်ရှင်များဖြစ်လာကြ၍ မြေပိုင်အဖြစ်မဝယ်နိုင်သူများက မြေဌားစာချုပ်ဖြင့် ဂရန်မြေဌားခ ပေးဆောင်၍ နေထိုင်ကြရသည်။ အဆိုပါ မဝယ်နိုင်သူများကို ဂရန်ထုတ်ပေးခဲ့သည်။

ဂရန်မြေဆိုသည်မှာ မြေကို အပြီးအပိုင်ဝယ်ယူခြင်း မပြုစဉ်က လည်းကောင်း ၊ ဝယ်ယူခွင့် မရသည့်နောက်ပိုင်း၌လည်းကောင်း အစိုးရပိုင်မြေများမှ အကွက်ရိုက်၍ မြေဌားစာချုပ်ဖြင့် ဌားရမ်းနေထိုင်သောမြေအမျိုးအစားဖြစ်သည်။ မြေဌားစာချုပ်ပြုလုပ်၍ အသိအမှတ်ပြုထားသော မြေအမျိုးအစားပင် ဖြစ်သည်။ ထိုကဲ့သို. မြေဌားခ သစ်မှတ်ပြီး အဌားချထားသော မြေကို မြေဌားစာချုပ်ရမြေ ဟုခေါ်သည်။

အိမ်စောင့်အစိုးရလက်ထက် မြို.သစ်များ ပေါ်ပေါက်ခဲ့ရာတွင် မြေကွက်များကို ချထားပေးခဲ့ရ၍ လိုင်စင်မြေနှင့် ပါမစ်မြေ (ချထားမြေ) အဖြစ်သတ်မှတ်ခဲ့သည်။ တစ်နှစ်ပြည်.၍ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက မြေဌားစာချုပ် (ဂရန်) ထုတ်ပေးနိုင်သော်လည်း ရန်ကုန်တိုင်းလုံးခြုံရေးနှင့် အုပ်ချုပ်မှုကောက်မတီ၏ ညွှန်ကြားချက်အရ ဆိုင်းငံထားခဲ့သည်။

မြို.တွင်းရှိ အစိုးရမြေများ (အောက်-အထက်မြန်မာနိုင်ငံ) ပေါ်တွင်လူနေထိုင်ရန်သော်လည်းကောင်း ၊ ရောင်းဝယ်ဖောက်ကားရန်လည်းကောင်း၊ စက်ရုံအလုပ်ရုံ တည်ဆောက်ရန်သော်လည်းကောင်း လိုအပ်ပါက သက်ဆိုင်ရာ ခရိုင်ဝန်သည် လိုင်စင်၊ သို.မဟုတ် အဌားဂရန်ဖြင့် ချထားပေးနိုင်ခွင့်ရှိလေသည်။ တစ်ဦးချင်းချထားပေးရာ၌ မြေတန်ဖိုး၏ ၆ မှ ၁၂ ရာခိုင်နှူန်းထိ နှစ်စဉ်မြေဌားခအဖြစ် သတ်မှတ်ချထားပေးလေသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ. အစိုးရလက်ထက်တွှင် ရန်ကုန်တွင် မြို.သစ်များထပ်မံ ဖော်ထုတ်၍ ဝန်ထမ်းများအား အိုးအိမ်ဦးစီဌာနအနေဖြင့် အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်များ ထုတ်ပေးခဲ့သည်။ အိမ်ရာဆောက်လုပ် နေထိုင်ခွင့်ရရှိသူအနေဖြင့် အမြဲတမ်းနေထိုင်ခွင့်ရလိုပါက မြေဌားစာချုပ် လျှောက်ထားနိုင်ပေသည်။

မြေဌားစာချုပ်မြေကို အထူးကန်.သတ်ချက်များ မပါရှိပါက တစ်ဆင့်လွှဲပြောင်း ၊ပေးကမ်း ၊ ပေါင်နှံ ၊ ရောင်းချပိုင်ခွင့်၊ အမွေဆက်ခံခွင့် ရှိသည်။

မြို.မြေများကို ဂရန် ၊ လိုင်စင်ချထားပေးခြင်းတွင် လူနေထိုင်ရန်၊ စက်မှုလက်မှု လုပ်ငန်းများလုပ်ကိုင်ရန် ၊အများအတွက် အသုံးပြုနိုင်ရန်၊ သာသနာမြေအဖြစ် အသုံးပြုရန်နှင့် အကွက်ဂရန်ကို နိုင်ငံတော်အစိုးရမှအမိန်.ကြော်ငြာစာထုတ်ပြီး သတ်မှတ်ရသည်။ ဂရန်၏သဘောမှာ လူနေထိုင်ရန် ၊ စက်မှု လက်မှု လုပ်ငန်းလုပ်ကိုင်ရန် သက်တမ်းကို တစ်ကြိမ်လျှင် နှစ် ၃၀ နှူန်းဖြင့် နှစ် ၉၀ ထိ အဌားစာချုပ် ချုပ်ဆိုပေးနိုင်သည်။ အထူးကိစ္စ တစ်ရပ်အနေဖြင့် အစိုးရသည် ၎င်းဂရန်ကို ရာသက်ပန်ပေးခွင့် ရှိပါသည်။

မြေဌားဂရန်ရထားသူနှင့် ထိုသူမှ တစ်ဆင့် တရားသဖြင့် ဆက်ခံသောသူကို ဂရန်ကိုင်ဟု ခေါ်သည်။

နှစ်ရှည်ဂရန် ဆိုသည်မှာ နှစ် ၉၀ အထိ သက်တမ်းရှည်သော ဂရန်များကို ဆိုသည်။ အနှစ် ၉၀ ကို တစ်ချိန်တည်းမပေးဘဲ ပထမ အနှစ် ၃၀ ခွင့်ပြုပြီးနောက် ယင်းအနှစ် ၃၀ သက်တမ်း ကုန်ဆုံးတိုင်း အနှစ် ၉၀ တိုင်းအောင် သုံးကြိမ်သုံးခါထိ လဲလှယ်ခွင့်ရှိသည်။

နှစ်တိုဂရန် ဆိုသည်မှာ အတော်အသင့် ခိုင်ခံမှုရှိသော အဆောက်အအုံများအတွက် ၁၀ နှစ်ထိသာ ခွင့်ပြုသောဂရန်ကို ဆိုလိုသည်။ ယင်း ၁၀ နှစ် ကုန်းဆုံးတိုင်း လဲလှယ်ပိုင်ခွင့် မရှိဘဲ သက်တမ်းကုန်ဆုံးတိုင်း အသစ်တစ်ဖန်ပြန်လည်လျှောက်ထားရသော အမျိုးအစား ဖြစ်သည်။ ယင်းကို အဌားဂရန်ဟုခေါ်သည်။ အဌားဂရန်၊ သို.မဟုတ် အဌားမတ္တာဆိုသော စာချုပ်မှာ ၁၀ နှစ် သက်တန်းရှိပြီး နှစ်ကုန်ဆုံးလျှင် ဂရန်အသစ်လဲလှယ်ခွင့် မရှိဘဲ အသစ်ထပ်မံ လျှောက်ထားရခြင်း ဖြစ်သည်။

Credit: ဇော်မြင့်ဦး ( အိမ်ခြံမြေ လမ်းညွှန်)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service