ရန်ကုန်မြို့သစ် စီမံကိန်းတွင် လက်ရှိစိုက်ပျိုးနေ သော လယ်ဧက သုံးသောင်းကျော်ပါဝင်နေ၍ အဆိုပါလယ်မြေများအစား တည်ဆောက်ပြီးသော ဒဂုံမြို့သစ်လေးမြို့နယ်တွင် အသုံးမပြုရသေးသော မြေဧကနှစ်သောင်းခန့်ကျန်နေသေးသည်ကို အသုံးပြုနိုင်သည်ဟု ရန်ကုန်မြို့တော် ၀န်ဟောင်း ဦးအောင်သိန်းလင်းက ပြောသည်။
‘‘ဧက သုံးသောင်းရှိတဲ့အ တွက် ၁ဧကကို တင်း ၅၀ ပဲထွက် စပါးတင်းပေါင်းမြောက်မြားစွာ အထွက်လျော့သွားမှာကိုတော့ ကျွန်တော်စိတ်ပူတယ်’’ဟု ပန်း လှိုင်မြစ်နှင့် တွံတေးတူးမြောင်း ကြားတွင်ပြုလုပ်မည့် ရပ်ဆိုင်း ထားသော မြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် ၀န်ဟောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း လင်းက ပြောသည်။ ပန်းလှိုင်မြစ် နှင့် တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာတွံတေးကား လမ်းကြား မြေနေရာများတွင် မြို့ သစ်တည်ဆောက်မည်ဖြစ်ပြီး ဆောက်လုပ်မည့် ကုမ္ပဏီကိုပါ ရွေးချယ်ထားပြီးဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က တိုင်းဒေသကြီးလွှတ်တော် တွင် တင်ပြခဲ့ရာ ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့သည်။
ယခင်အစိုးရလက်ထက် တွင် လယ်မြေများကို အခြားနည်း အသုံးပြုခြင်းကို ကျပ်တည်းစွာ တားမြစ်ခဲ့ပြီး ယခုမြို့သစ်မီမံကိန်းတွင် ပါဝင်မည့် လယ်မြေများကို အခြားနည်းအသုံးပြုခွင့်ပေးသည့် နည်းတူ အခြားဒေသများတွင် လည်း ပေးပါက ဆန်စပါးအထွက် လျော့သွားနိုင်သည်ဟု ဦးအောင် သိန်းလင်းက 7 Day Daily အား ပြောကြားသည်။
ထို့ပြင် ယခင်အစိုးရလက် ထက်က ဖော်ဆောင်ခဲ့သော ဒဂုံ မြို့သစ် လေးမြို့နယ်စီမံကိန်းတွင် လယ်ဧက ခြောက်သောင်းကျော် ကို သိမ်းယူခဲ့ပြီးနောက် ယင်းလယ်ယာမြေများကို အခြားနည်းအသုံး ချခွင့် ခွင့်ပြုမိန့်ကျထားပြီးဖြစ်ရာ ယခုလက်ရှိအချိန်တွင် မြို့သစ်စီ မံကိန်း၌ အသုံးမချရသေးသော မြေဧက နှစ်သောင်းခန့်ကျန်နေ သေးသည်ဟုလည်း ၎င်းက ပြောသည်။ ဖျက်သိမ်းလိုက်သည့် ရန် ကုန်မြို့သစ်စီမံကိန်းသည် ရန်ကုန်မြို့အနောက်ဘက် ဧကသုံးသောင်း ခန့် ကျယ်ဝန်းမည့် ဧရိယာတွင် ကျပ်ဘီလီယံ ခုနစ်ထောင်ကျော် နှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီ လီယံ (စုစုပေါင်း ဒေါ်လာ ၁၅ ဘီလီယံဝန်းကျင်)အကုန်အကျခံ ဆောက်လုပ်သွားမည့် စီမံကိန်း ဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ဆောက်မည်ဟု သြဂုတ်လ ၂၂ ရက်က ကြေညာခဲ့ပြီးနောက် ကန့်ကွက်မှုများရှိလာရာ အဆိုပါ စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီဟု စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ကြေ ညာခဲ့သည်။
Credit: 7 Day Daily