ကွန်ဒိုနှင့် အိမ်ရာသစ်များကြောင့် ၂ နှစ်အတွင်း ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် ၂၀၀ ကျော် တိုးလာမည်

ကွန်ဒိုနှင့် အိမ်ရာသစ်များကြောင့် ၂ နှစ်အတွင်း ရန်ကုန်မြို့ လျှပ်စစ်သုံးစွဲမှုမဂ္ဂါဝပ် ၂၀၀ ကျော် တိုးလာမည် - Property News in Myanmar from iMyanmarHouse.com
2 Oct 2014 10:36 am တွင် တင်ခဲ့သည်
717 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံစီးတီးအပါအ၀င်ရန် ကုန်မြို့တွင် တည်ဆောက်မည့် ကွန်ဒိုနှင့်အိမ်ရာ အဆောက်အ အုံများကြောင့် လာမည့် ၂ နှစ်အ တွင်း ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် အား လိုအပ်ချက်သည် မဂ္ဂါဝပ်၂၀၀ ကျော် ထပ်တိုးလာမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် မဂ္ဂါဝပ် ၁၆၈၈ဖြန့်ဖြူးပေးနေ ပြီး ထက်ဝက်ခန့်(မဂ္ဂါဝပ် ၈၀၀) ကို ရန်ကုန်မြို့တွင် သုံးစွဲနေသည် ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာခဏထုတ်ပြန်သည်။ ယခင်သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား ၈၀၀ ခန့်အပြင် ၂ နှစ်အတွင်း မဂ္ဂါဝပ် ၂၀၀ ကျော် ထပ်မံလိုအပ်လာမည်ဖြစ်သည်။

‘‘ရန်ကုန်မြို့ရဲ့ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကိုတွက် ချက်တဲ့အခါ အခုတိုးနေတဲ့အ ဆောက်အအုံတွေရဲ့ လျှပ်စစ်လို အပ်ချက်ကို တွက်ချက်ရတယ်။ ဆောက်တဲ့သူတွေက လျှပ်စစ်ကို စုံစမ်းတာမရှိဘူး။ကိုယ့်ဘာသာပဲ ဆက်သွယ်မေးမြန်းရတယ်။ လျှပ် စစ်လိုအပ်ချက်တိုးလာရင် အ လွယ်လုပ်လို့မရဘူး။ ထရန်စဖော် မာတွေဆင်ရတယ်။ ထပ်ထည့်ရ တယ်။ အဆင့်တွေအများကြီးပဲ။ အဆောက်အအုံဆောက်က တည်းက လာတိုင်ပင်သင့်တယ်။ အခုဟာက သူတို့တည်ဆောက် တဲ့လုပ်ငန်းတွေအားလုံးစီစဉ်ပြီးမှ ပဲရောက်ရောက်လာတာ’’ဟုရန် ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အကြီးတန်းအရာရှိကြီးကထပ်မံပြောသည်။

ဟိုတယ်၊ ရှော့ပင်းမောနှင့်လူနေကွန်ဒိုများပါဝင်မည့် ဒဂုံစီးတီး စီမံကိန်းသည် ၄၅ မဂ္ဂါဝပ်၊ ရွှေတောင် ကုမ္ပဏီက တည်ဆောက်မည့် အဆောက်အအုံအတွက် ၁၅ မဂ္ဂါဝပ်၊ ရှန်ဂရီလာကတည်ဆောက်မည့် အဆောက်အအုံအတွက် ၂၅ မဂ္ဂါဝပ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ဗီယက်နမ်ဟိုတယ်အတွက် မဂ္ဂါဝပ် ၂၀ စုစုပေါင်းမဂ္ဂါဝပ် ၁၀၀ နီးပါးလိုအပ်မည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ကောက်ယူထားသည့် စစ်တမ်းအရ သိရသည်။

အဆိုပါစီမံကိန်းကြီးများက လိုအပ်မည့်ပမာဏဖြစ်ပြီး ရန် ကုန်မြို့အတွင်းတည်ဆောက်နေ သည့် လူနေတိုက်ခန်းများ၏ ပျမ်း မျှလိုအပ်ချက်နှင့် ခန့်မှန်းတွက် ချက်ပါက ရန်ကုန်မြို့၏လျှပ်စစ် ဓာတ်အား လိုအပ်ချက်သည် ၂နှစ်အတွင်းပမာဏများစွာလိုအပ် လာမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ အ ကြီးတန်း အရာရှိကြီး တစ်ဦးက ပြောသည်။

လာမည့် သုံးလေးနှစ် အ တွင်း ဆောက်လုပ်ပြီးစီးမည့် စီမံ ကိန်း အကြီးစားများ၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် နယ်မြို့ ၁၀ မြို့စာတွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှုန်းနှင့် ညီမျှကြောင်း၊ ကျောက်မဲမြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂ မဂ္ဂါဝပ်မျှရှိသည်ကို နှိုင်းယှဉ်၍ သုံးစွဲမှုနှုန်းမြင့်မားသည့် အဆောက်အအုံကြီးများဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

မြန်မာနိုင်ငံတွင် မြို့နယ် ပေါင်း ၃၉၆ မြို့နယ်နှင့် ကျေးရွာ ပေါင်း ခြောက်သောင်းရှိသည့်အနက် မြို့နယ် ၂၂၄ မြို့နယ်နှင့် ကျေးရွာ လေးသောင်းကျော်သာ လျှပ်စစ်မရရှိဘဲ ဖြစ်နေပြီးနိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်းမှာလျှပ် စစ်ဓာတ်အားမရရှိသေးကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service