ဒါဖတ်ပြီးမှ တန်ဖိုးနည်းတိုက်ခန်းဝယ်ပါ

ဒါဖတ်ပြီးမှ တန်ဖိုးနည်းတိုက်ခန်းဝယ်ပါ - Property News in Myanmar from iMyanmarHouse.com
1 Oct 2014 11:50 am တွင် တင်ခဲ့သည်
5281 ကြိမ် ကြည့်ရှု့ပြီး
သည်တိုက်ခန်းများအတွက် နွေအခါ ပြတ်တစ်ခါလာတစ်လှည့် ကြုံနေရသည့် အစိုးရ၏ လျှပ်စစ်မီးနှင့် ရေပေးဝေမှုကို အားမကိုးဘဲ ကိုယ်ပိုင်နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်နှင့် ရေပေးဝေမှုစနစ်။

တန်ဖိုးကတော့ ကျပ် ၁၀၈ သိန်း။ လာမည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထက် နောက်မကျဘဲ နေထိုင်နိုင်မည်။ ငွေပေးချေရမည့်ပုံစံက တစ်လလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် နှစ် ၃၀ ကြာ ပေးသွင်းရမည်။

အထက်ပါအကြောင်းအရာများကတော့ ယခုရက်ပိုင်းတွင် လူအများစိတ်ဝင်စားနေသည့် တစ်လလျှင် ကျပ်သုံးသောင်းသွင်းရမည့် တိုက်ခန်းများအကြောင်းကို စတင်မိတ်ဆက်ခဲ့သည့် Infrastructure of Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ဦးသန်းဦးက သူ၏တိုက်ခန်းများအကြောင်းကို 7Day နှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီလိုတိုက်ခန်းမျိုး တစ်နိုင်ငံလုံးတွင် ၂ သန်း တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း သူ၏စိတ်ကူးအိပ်မက်ကို ဦးသန်းဦးက ပြောပြန်သည်။ သို့သော် စိတ်ကူးထဲမှ သူ၏အိပ်မက်မြို့တော်ကို အကောင်အထည်ဖော်ရန်မှာ မြေတစ်လက်မမျှပင် သူ့ထံတွင် အပိုင်မရှိသေး။ ‘‘စဆောက်ဖို့အတွက် မြေနေရာမရသေးဘူး’’ဟု ဦးသန်းဦးက ပြောသည်။

ကမ္ဘာ့စီးပွားရေး၏ ဗဟိုအချက်အချာဟု တင်စားသည့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မက်ဟက်တန်မှ မြေဈေးထက် ပိုမိုဈေးကြီးကြောင်း သတင်းကြီးနေသည့် ရန်ကုန်မြေဈေးကို မကပ်နိုင်သည့် သာမန်ပြည်သူများနှင့် ဘ၀တွင် တစ်ကြိမ်တော့ ကိုယ်ပိုင်အိမ်ဖြင့် နေလိုသူများအတွက် Infrastructure of Myanmar ၏ ကြေညာချက်က မျှော်လင့်ချက်ဖြစ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် Infrastructure of Myanmar ၏ စိတ်ကူးထဲမှ အိပ်မက်မြို့တော်သည် ဖြစ်နိုင်ခြေမရှိဘဲ လူအများအား မျှော်လင့်ချက်အမှားပေးသည့် စီမံကိန်း (သို့မဟုတ်) လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းမှုများလားဆိုသည့် မေးခွန်းများလည်း ထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက Infrastructure of Myanmar က အပတ်စဉ်ထုတ်ဂျာနယ်များမှတစ်ဆင့် တစ်လလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် နှစ် ၃၀ကြာ ငွေပေးသွင်းသည့်စနစ်ဖြင့် ရောင်းချမည့် တိုက်ခန်းများအတွက် အဆိုပြုလွှာကောက်ခံခဲ့သည့် ဂယက်သည် သာမန်ပြည်သူများအကြား လှုပ်ခတ်ခဲ့သည်။ Infrastructure of Myanmar က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အပတ်စဉ်ထုတ် ဂျာနယ်နှစ်ဒါဇင်နီးပါးတွင် သူတို့၏ အိမ်ရာစီမံကိန်းအတွက် အဆိုပြုလွှာများကို ထည့်သွင်းကြေညာခဲ့သည်။ တိုက်ခန်းဝယ်ယူသူများက ယင်းအဆိုပြုလွှာများကို စာတိုက်မှတစ်ဆင့် ပေးပို့ရမည်ဖြစ်သည်။

Infrastructure of Myanmar က ယင်းအဆိုပြုလွှာများကို အောက်တိုဘာလကုန်အထိ လက်ခံမည်ဖြစ်ပြီး နိုဝင်ဘာလတွင် စိစစ်မှုများပြုလုပ်မည်ဟု ဦးသန်းဦးကပြောသည်။ အဆိုပြုလွှာများ စိစစ်လက်ခံပြီး ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင် ငွေပေးသွင်းမှုများ စတင်ပြုလုပ်ရမည်ဟုဆိုသည်။

‘‘အဆိုပြုလွှာတင်တဲ့သူတွေ ဦးစားပေးမယ်။ ကျန်မှ တခြားလူတွေလုပ်မယ်’’ဟု ဦးသန်းဦးကပြောသည်။ Infrastructure of Myanmar ဘက်မှ အခိုင်အမာပြောဆိုနေသော်လည်း ၎င်းတို့၏စီမံကိန်းများက မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်နေခဲ့သည်။

ပထမဆုံးတစ်ချက်မှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပင် ဖြစ်သည်။ တစ်ခန်းလျှင် ၁၀၈ သိန်းတန် တိုက်ခန်းပေါင်းနှစ်သန်း၏ စုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၂၁ ဘီလီယံဝန်းကျင်ရှိသည့်ပမာဏ ဖြစ်သည်။ ထိုပမာဏသည် ၂၀၁၂- ၂၀၁၃ တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၁၀ ဆမျှ ရှိသည်။

မြန်မာ့အိမ်ရာသမိုင်းတွင် ထိုမျှကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုမှာ မည်သည့်အချိန်ကမျှမရှိခဲ့ပေ။ ‘‘ဒီစီမံကိန်းက ဘယ်လိုမှကို မဖြစ်နိုင်တာ၊ တန်ဖိုးအရလည်း မဖြစ်နိုင်ဘူး။ ဘဏ်အတိုးနဲ့တွက်ကြည့်ရင်တောင် မကိုက်ဘူး။ ဒါက စိတ်ကူးယဉ်ပြီးလုပ်နေတာလို့ မြင်တယ်။ မြေအလကားပေးပြီး ဆောက်ခိုင်းရင်တောင် ဒီကိစ္စကမဖြစ်နိုင်ဘူး’’ဟု တော်ဝင်မိသားစုဆောက်လုပ်ရေးကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။

ပို၍ သံသယဖြစ်စရာကောင်းသည့် အချက်အလက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားသင့်သည့်အချက်မှာ အစိုးရနှင့်နီးစပ်သည့် စီး ပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရနှင့် တပ်မတော်ကျောထောက်နောက်ခံပေးထားသည့် စီးပွားရေးလုပ်ငန်းကြီးများကသာ အကြီးစားစီမံကိန်းများ လုပ်ခွင့်ရသော မြန်မာပြည်တွင် ဧရာမအိမ်ရာစီမံကိန်းလုပ်မည့် Infrastructure of Myanmar ၏နောက်တွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မှမရှိဟု ဆိုသည်။

‘‘ကျွန်တော်တို့နောက်ကွယ်မှာ ပြည်သူပဲရှိတယ်။ ပြည်သူ့ပိုက်ဆံနဲ့ ဆောက်မယ့်ကိစ္စ။ ပြည်သူပဲရှိတယ်။ ဘယ်သူမှမရှိဘူး’’ဟု ဦးသန်းဦးကပြောသည်။

Infrastructure of Myanmar ၏ အဆိုပြုသည့် တိုက်ခန်းပေါင်းနှစ်သန်းကို ၀ယ်ယူရန် အဆိုပြုသူနှစ်သန်းလုံးက တစ်လလျှင် ကျပ်သုံးသောင်းဖြင့် စီမံကိန်းပြီးစီးမည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာအထိ ပေးသွင်းခဲ့သည်ဆိုပါက Infrastructure of Myanmar ရရှိမည့် ငွေကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံခန့် ရရှိမည်ဖြစ်သည်။ ထိုပမာဏသည် စီမံကိန်းတစ်ခုလုံး၏ ၆ ဒသမ ၆ ရာခိုင်နှုန်းမျှသာ ဖြစ်သည်။

ကျန်ရှိသည့် ကန်ဒေါ်လာဘီလီယံ ၂၀ နီးပါးကို အရစ်ကျပေးသွင်းမည့် ၂၈ နှစ်လုံးလုံး Infrastructure of Myanmar က ရင်းနှီးမြှုပ်နှံထားရမည် ဖြစ်သည်။

နိုင်ငံရေးအရ တည်ငြိမ်မှုနည်းပါးပြီး စီးပွားရေးမူဝါဒများ မကြာခဏပြောင်းလဲနေသော မြန်မာနိုင်ငံတွင် ကိုကာကိုလာကဲ့သို့ ကမ္ဘာကျော်အချိုရည်ကုမ္ပဏီတစ်ခုပင်လျှင် ငါးနှစ်အတွင်း ဒေါ်လာသန်း ၂၀၀ မျှသာ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ထားချိန်တွင် နှစ် ၃၀ ကြာမှ အပြည့်အ၀ပြန်ရမည့် ဒေါ်လာ ၂၁ ဘီလီယံတန် စီမံကိန်းတစ်ခုကို မည်သူ့အကူအညီမှမပါဘဲ Infrastructure of Myanmar လုပ်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ကောင်းလှသည်။

‘‘ပြည်သူ့ဆီကပိုက်ဆံနဲ့ တည်ဆောက်မယ်ဆိုတာက တိုက်ရိုက်ကြီး ငါးကြင်းဆီနဲ့ ငါးကြင်းကြော်သလို ဖြစ်နေတယ်။ ဒီအပေါ်မှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံမလဲ၊ တိကျတဲ့ရင်းနှီးမြှုပ်နှံမှု ရှိကိုရှိရမယ်။ လူတွေကို အိပ်မက်ပေးပြီး ဦးနှောက်စားသလို ဖြစ်နေတယ်’’ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် ညွှန်ကြားရေးမှူးဟောင်း ဦးမြင့်ဆွေက စီမံကိန်းနှင့်ပတ်သက်ပြီး မှတ်ချက်ပြုသည်။

Infrastructure of Myanmar ပြောသည့်အတိုင်း ၂ နှစ်အတွင်း တိုက်ခန်းနှစ်သန်းကျော် တည်ဆောက်မည်ဟုဆိုပါက အချိုးချလိုက်လျှင် တစ်ရက် တိုက်ခန်းပေါင်း ၂၇၄၀ ခန်း ပြီးစီးရမည်ဖြစ်သည်။ ထိုနှုန်းအတိုင်း အမှန်တကယ်ပြီးခဲ့ပါက မြန်မာ့ဆောက်လုပ်ရေးလောကတွင် အမြန်နှုန်းစံချိန်တင်မည့် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ပြည်တွင်းကန်ထရိုက်များ၏ အဆိုအရ အမြန်ဆုံးဆောက်လုပ်နိုင်သည့် ပမာဏမှာ တစ်လလျှင် နှစ်ခန်းနှုန်းသာဖြစ်ပြီး ၁၂ ခန်းပါ ခြောက်ထပ်တိုက်တစ်လုံး ဆောက်လုပ်ပါက အနည်းဆုံး ခြောက်လကြာမြင့်မည်ဟု ဆိုသည်။

‘‘ခြောက်ထပ် ၁၂ ခန်းပါတဲ့ အခန်းတစ်ခန်းကို အနည်းဆုံး ခြောက်လလောက်ကြာမယ်။ တန်ဖိုးဆိုရင် သိန်းတစ်သောင်းခွဲ၊ နှစ်သောင်းလောက်ရှိမယ်။ ဒါက ပုံမှန်အနေအထားဆောက်လုပ်တဲ့ တန်ဖိုးနော်။ RC နဲ့ ဆောက်ရင် အထပ်တစ်ခုနဲ့ တစ်ခုကို သီအိုရီအရ ၂၁ ရက်ကြာပြီးမှ ခွာရမယ်’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဝေဖန်မှုများစွာရှိခဲ့သော်လည်း Infrastructure of Myanmar ကမူ သူတို့၏စီမံကိန်းမှာ မဖြစ်နိုင်စရာမရှိဟု ဆိုသည်။ နောက်ဆုံးပေါ် နည်းစနစ်များ၊ ခေတ်မီစီမံခန့်ခွဲမှုများဖြင့် သူတို့၏ အိပ်မက်ကို အကောင်အထည်ဖော်မည်ဟုဆိုသည်။ အဆိုပြုလွှာများကိုစိစစ်ပြီး လူအများလိုချင်သည့် နေရာများတွင် တိုက်ခန်းများကို အကောင်အထည်ဖော်မည်ဟုဆိုသည်။

‘‘ဖြစ်နိုင်၊ မဖြစ်နိုင် အိမ်ပြီးတဲ့အခါကြည့်’’ဟု Infrastructure of Myanmar မှ ဦးသန်းဦးက ပြောသည်။ တိုက်ခန်းအကျယ်အ၀န်းက ပေ ၂၀×ပေ၃၀ နှင့် အမြင့်က ပေ ၈ ပေမှ ၁၀ ပေကြားရှိသည့် တိုက်ခန်းများအတွက် ဒီဇိုင်းကို တစ်ထပ်မှ ၁၆ ထပ်အမြင့်ရှိ ဗိသုကာဒီဇိုင်းများဖြင့် ဆောက်လုပ်မည်ဟု ဦးသန်းဦးက ပြောသည်။

ထိုတိုက်ခန်းများအတွက် အစိုးရ၏ လျှပ်စစ်နှင့် ရေပေးဝေမှုစနစ်ကို အားမကိုးဘဲ ကိုယ်ပိုင်နေစွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးနှင့် ရေသန့်စနစ်ထားရှိမည်ဟုလည်း ဦးသန်းဦးက ပြောသည်။ တိုက်ခန်းများအား လျှပ်စစ်ဓာတ်အားနှင့် ရေသန့်ပေးဝေမှုမှ အဓိကငွေကြေးရယူရန်လည်း စီစဉ်ထားကြောင်း ၎င်းကပြောသည်။

Infrastructure of Myanmar ဘက်မှ ၎င်းတို့၏စီမံကိန်းကို စိတ်အားတက်ကြွစွာ ပြောဆိုနေသော်လည်း မြို့ပြစီမံကိန်းများနှင့် ပတ်သက်ပြီး အတွေ့အကြုံရင့် ကျွမ်းကျင်သူများကတော့ သံသယရှိနေကြသည်။ အစိုးရစီမံချက်ဖြင့် လုပ်ဆောင်သည့် အိမ်ရာတိုက်ခန်းစီမံကိန်းများသည်ပင် အဆင့်ဆင့်လုပ်ဆောင်ရပြီး အခက်အခဲမျိုးစုံရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ မြို့ပြစီမံကိန်းပညာရှင်များက ပြောသည်။

‘‘အစိုးရက တရားဝင်ထုတ်ပြန်တဲ့ စီမံကိန်းတွေတောင် အပြောင်းအလဲများပြီး နောင့်နှေးမှုတွေရှိတယ်။ မြေရှိတယ်။ လုပ်ပိုင်ခွင့်ရှိတယ်။ ဘဏ္ဍာငွေအခက်အခဲ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလမ၀င်တဲ့ စီမံကိန်းတွေရှိတယ်။ ပြီးတော့ စီမံကိန်းတစ်ခုဆိုတာက အချိန်ယူပြီး လုပ်ဆောင်ရတာ၊ အကောင်အထည်ဖော်တဲ့ အဆင့်တွေ အများကြီးရှိတယ်’’ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ မြို့ပြစီမံကိန်းပညာရှင်နှင့် လက်ထောက်ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဒေါ်အေးအေးမြင့်က Infrastructure of Myanmar ၏ စီမံကိန်းအပေါ် ဝေဖန်သည်။

စိတ်ကူးထဲတွင် အရာရာချောမွေ့နေသည့် Infrastructure of Myanmar စီမံကိန်း၏ နောက်ထပ်အခက်အခဲတစ်ခုမှာ မည်သည့်နေရာတွင် စီမံကိန်းတည်ဆောက်မလဲဆိုသည့် အချက်ဖြစ်သည်။ Infrastructure of Myanmar က သူတို့စီမံကိန်းအတွက် မြေနေရာမရှိသေးဟုဆိုသည်။

‘‘ကျွန်တော်တို့ မြေနေရာရှိတာ၊ မရှိတာ အရေးမကြီးဘူး။ ခင်ဗျားတို့ဘက်က အရေးကြီးတာတစ်ခုက ခင်ဗျားတို့ ဒီအခန်းလိုချင်လား၊ မလိုချင်လား နံပါတ်တစ်အချက်က’’ဟု ဦးသန်းဦးက တုံ့ပြန်သည်။

လက်ရှိအချိန်တွင် အဆိုပြုလွှာတင်သူများဘက်က တောင်းဆိုသည့်မြေနေရာတွင် စီမံကိန်းကို အကောင်အထည်ဖော်မည်ဟုလည်း ဦးသန်းဦးကဆိုသည်။

‘‘လိုချင်တဲ့နေရာကို အဆိုပြုလွှာတင်၊ ဒီမြေရရှိရေးအတွက် ကြိုးစားရမှာ ကျွန်တော်တို့တာဝန်။ ဒါတွေ ကျွန်တော်တို့ ကြိုးစားမယ်။ ကျွန်တော်တို့ရအောင် လုပ်ပေးမယ်’’ဟု ၎င်းကပြောသည်။

ပညာရှင်များနှင့် အတွေ့အကြုံရှိသူများ ထောက်ပြဝေဖန်ခဲ့ကြသည့် အဆင့်အားလုံးကို Infrastructure of Myanmar အနေဖြင့် ကျော်ဖြတ်နိုင်ခဲ့ပါက အရေးကြီးဆုံး အခက်အခဲတစ်ခုကို ထပ်မံရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအချက်မှာ အစိုးရ၏ တရားဝင်ခွင့်ပြုချက် ပေး၊ မပေး ဆိုသည့်အချက် ဖြစ်သည်။

အခန်းပေါင်းနှစ်သန်းပါပြီး ကန်ဒေါ်လာ ၂၁ ဘီလီယံမျှ တန်ကြေးရှိသည့် စီမံကိန်းအတွက် အဆိုပြုလွှာများခေါ်ယူခြင်း၊ ငွေကြေးကောက်ခံရန် စီစဉ်ခြင်းနှင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာကုန်တွင် တိုက်ခန်းအပ်နှံမည်ဟု အမျိုးမျိုးပြောဆိုနေသော်လည်း ယင်းစီမံကိန်းအတွက် အစိုးရဘက်မှ ခွင့်ပြုချက်မရသေးဟု Infrastructure of Myanmar က ဆိုသည်။ အစိုးရသို့ ခွင့်ပြုချက်ပင် မတင်ရသေးဟု ဆိုသည်။

‘‘အစိုးရလက်ခံ၊ မခံဆိုတာတော့ အစိုးရအပေါ် အများကြီးမူတည်တယ်။ ကျွန်တော်တို့က ဒီစီမံကိန်းလုပ်နိုင်တဲ့ စွမ်းအားရှိတယ်။ လုပ်ဖို့ကြိုးစားဖို့က ကျွန်တော်တို့တာဝန်ပဲ။ အစိုးရက ခွင့်ပြုတာ၊ မပြုတာ သူ့တာဝန်။ ဒါ ကျွန်တော်တို့ မစဉ်းစားဘူး’’ဟု ဦးသန်းဦးကပြောသည်။

အစိုးရဘက်က စီမံကိန်းလုပ်ခွင့်မပြုပါက Infrastructure of Myanmar ၏ တစ်လသုံးသောင်းတန် တိုက်ခန်းစီမံကိန်းရပ်တန့်ရန်မှတစ်ပါး အခြားမရှိကြောင်း ဦးသန်းဦးက ပြောသည်။

‘‘လူထုအတွက် ငြင်းမယ်ဆိုရင်တော့ ဒီအစိုးရက ဘယ်လိုအစိုးရဖြစ်သွားမလဲ။ ကျွန်တော်တော့ မစဉ်းစားတတ်ဘူး’’ဟု ဦးသန်းဦးကပြောသည်။

တစ်လလျှင် ကျပ်ငွေသုံးသောင်းဆိုသည်မှာ ရန်ကုန်မြို့တွင် ၁၀ ပေပတ်လည်အဆောင်အခန်းတစ်ခန်း ငှားရမ်းစရိတ်မျှပင်မရှိ။ ထိုပမာဏဖြင့် နေအိမ်တိုက်ခန်းတစ်ခန်း ပိုင်ဆိုင်ခွင့်ရမည်ဆိုသဖြင့် လူအတော်များများ စိတ်ဝင်စားခဲ့ကြသည်။

ယခုအချိန်တွင် တန်ဘိုးနည်းတိုက်ခန်းမှာ သည်းခြေကြိုက်ဖြစ်နေသည့်အတွက် အာမခံချက်မရှိသော အရစ်ကျအိမ်ရာစီမံကိန်းများကို လွန်ခဲ့သော နှစ် ၂၀ ကျော်က ပြည်သူများထံ လိမ်သွားသော အကျိုးဆောင်လုပ်ငန်းများကို သတိရကာ သင်ခန်းစာယူရန်လိုကြောင်း ပညာရှင်များက အကြံပြုသည်။

မရေရာမသေချာမှုများပြီး ဖြစ်နိုင်ရန် ရာခိုင်နှုန်းလွန်စွာနည်းကြောင်း ပညာရှင်များက ထောက်ပြနေကြသော်လည်း အဆိုပြုလွှာလက်ခံသည့် ရန်ကုန်စာတိုက်ကြီး၏ စာတိုက်သေတ္တာအမှတ် (၈၇၃)တွင်တော့ အဆိုပြုလွှာများ တဖွဲဖွဲရောက်လာနေပြီး ပီနံအိတ်နှင့်ပင် ထည့်ထားရသည်။

Infrastructure of Myanmar ၏ စီမံကိန်းက လိမ်လည်မှုလားဆိုသည့် မေးခွန်းကိုတော့ ဦးသန်းဦးက - ‘‘ခင်ဗျား ကျွန်တော့်ကို မယုံဘူးဆို၊ မယုံရင် မလာနဲ့သွား။ မင်း ငါတိ

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service