ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပတို့၌ တန်ဖိုးနည်း၊ တန်ဖိုးလတ်န

ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပတို့၌ တန်ဖိုးနည်း၊ တန်ဖိုးလတ်န - Property News in Myanmar from iMyanmarHouse.com
29 Sep 2014 12:11 pm တွင် တင်ခဲ့သည်
1203 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် တန်ဖိုးနည်းနှင့် တန်ဖိုးလတ်အိမ်ရာများ ထပ်မံတည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အရှေ့ပိုင်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် တန်ဖိုးနည်းအိမ်ရာများ ထပ်မံဆောက်လုပ်ရန် မြေအခြေအနေ စိစစ်နေကြောင်း၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနကလည်း လှိုင်သာယာမြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၆၈၈ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၁၇၆၈ ခန်း၊ ရွှေပြည်သာမြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၂၆၀ ခန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် တန်ဖိုးနည်းအိမ်ရာ ၁၂၂၄ ခန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၄၈ ခန်း၊ မြောက်ဥက္ကလာမြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၃၁၂ ခန်း၊ တန်ဖိုးနည်းအိမ်ရာ ၄၄၈ ခန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တန်ဖိုးလတ်အိမ်ရာ ၂၂၀ ခန်းနှင့် တန်ဖိုးနည်းအိမ်ရာ ၁၉၀၉၁ ခန်းတို့ အကောင်အထည်ဖော်ရန် စီစဉ်နေဟု ရန်ကုန်မြို့တော်ဝန်က ဆိုသည်။

အဆိုပါအိမ်ရာများ မည်သည့်အချိန်တွင် ပြီးစီးမည် တန်ဖိုးမည်မျှ ရှိမည်ကိုမူ ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့ခြင်း မရှိပေ။

လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်လည်း ဒဂုံမြို့သစ် အရှေ့ပိုင်းတွင် အိမ်ခန်းပေါင်း ၁၂၆၈ ခန်း ပါဝင်သည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း လုပ်ဆောင်ရန် လျာထားကြောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အိမ်ခန်းပေါင်း ၂၉၇၆ ခန်းပါဝင်သည့် ဧရာဝဏ် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းကိုလည်း အကောင်အထည်ဖော်ရန်ရှိသည်ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်မြို့တွင် အခြေခံအိမ်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်ဟုဆိုကာ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီကိန်းများကို ဖော်ဆောင်ခဲ့ပြီး အဆိုပါစီမံကိန်းများမှာ အိမ်မဲ့ရာမဲ့ အခြေခံပြည်သူများပင် မဆိုထားနှင့် ၀င်ငွေအသင့်အတင့်ရှိ ပြည်သူများပင် မ၀ယ်နိုင်သည့် ကျပ်သိန်း ၂၀၀ ကျော်၊ ၃၀၀ ကျော် စသည့်နှုန်းထားများ ဖြစ်နေသည်။

ရှေ့တွင် အကောင်အထည်ဖော် ရောင်းချပြီးဖြစ်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင်တန်ဖိုးမျှတအိမ်ရာ စီမံကိန်း၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာများမှာလည်း အနည်းဆုံး ကျပ်သိန်း ၁၀၀ ကျော်၊ အများဆုံး ကျပ်သိန်း ၃၀၀ ကျော်ရှိခဲ့ရာ အခြေခံပြည်သူများ မ၀ယ်ယူနိုင်ကြောင်း သိရသည်။

သို့ဖြစ်ရာ ယခုထပ်မံဖော်ဆောင်မည့် စီမံကိန်းများမှာလည်း အိမ်ရာမဲ့ အခြေခံပြည်သူများ မတတ်နိုင်သည့် ဈေးနှုန်းများပင်ဆိုလျှင် အိမ်ရာလိုအပ်ချက် ဖြည့်ဆည်းပေးရန် ရည်ရွယ်ချက်မှာ ဒုံရင်းမှဒုံရင်းပင် ဖြစ်နေမည်ဟု သုံးသပ်နေကြသည်။

ထို့ကြောင့် အဆိုပါပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများအား အငှားချထားပေးရန်နှင့် တစ်လလျှင် သုံး၊ လေးသောင်း ပေးသွင်းရုံဖြင့် နှစ်ပေါင်းများစွာကြာလျှင် အိမ်ရာပိုင်ဆိုင်နိုင်မည့် အခွင့်အရေးများကို အစိုးရအဖွဲ့က ဖော်ဆောင်ပေးရန် လိုအပ်သည်ဟု သုံးသပ်ကြသည်။

Credit: EMG

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service