ရန်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ အလားအလာကောင်းမွန်မည် ။

ရန်ကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ အလားအလာကောင်းမွန်မည် ။ - Property News in Myanmar from iMyanmarHouse.com
28 Sep 2014 4:26 pm တွင် တင်ခဲ့သည်
2155 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်သို့အနယ်နယ်အရပ်ရပ်မှ ပြောင်းရွှေ့အခြေစိုက် နေထိုင်သူများ တဖြည်းဖြည်းများပြား လာခြင်း၊ ခန့်မှန်းချက်များအရ တစ်နှစ်လျှင် တိုက်ခန်းလိုအပ်ချက် တစ်သိန်းဝန်းကျင်ခန့်ရှိနေသော်လည်း ဆောက်လုပ်နိုင်သည့် ပမာဏမှာ တစ်နှစ်လျှင်အခန်းပေါင်း ၁ဝ,ဝဝဝ ကျော်သာရှိခြင်းစသည်တို့ကြောင်­ ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများ ဈေးကွက် ပိုမိုကောင်းမွန်လာနိုင်ကြောင်းပြည်တွင်း ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများနှင့် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီများထံမှ သိရသည်။

”YCDCကလွန်ခဲ့တဲ့ခြောက်နှစ်ကလုပ်ထားတဲ့ဆာဗေးအရတောင် တစ်နှစ်ကို တိုက်ခန်းပေါင်း ၉ဝ,ဝဝဝ လောက် လိုတယ်လို့ သိရပြီး အဲဒီအချိန်တုန်းက ဆောက်နိုင်တာက တစ်နှစ်မှ အခန်း ၉,ဝဝဝ လောက်ပဲ ရှိခဲ့တယ်။

အခုနောက်ပိုင်းဆို တစ်နှစ်ကို အခန်းပေါင်းတစ်သိန်းအထက် လိုအပ်ချက်ရှိတယ်။ ဒီနှစ်မှာ စည်ပင်က စံချိန်တင်ခွင့်ပြုလိုက်တယ်ဆိုပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်က ထုတ်ပြန်ချက်အရ အခန်းပေါင်း ၁၃,ဝဝဝ လောက်ပဲ ရှိတော့ဈေးကွက်လိုအပ်ချက်က ကြီးမားနေဆဲပဲ။ ဆောက်လုပ်ရေး ဈေးကွက်ကကောင်း နေဦးမှာဖြစ်ပါတယ်”ဟု စိုင်းခွန်နောင် အိမ်ခြံမြေနှင့် ဥပဒေ အကျိုးဆောင်လုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ စိုင်းခွန်နောင် ခေါ် ဦးကြည်လင်က ပြောသည်။

တိုက်ခန်းအိမ်ရာလိုအပ်ချက်များပြားနေခြင်း၊ အိမ်ခြံမြေ အရောင်းအဝယ်ကို စီးပွားရေးတစ်ခု အသွင် ဆောင်ကာ လုပ်ကိုင်လာခြင်းတို့ကြောင့်အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာနေသည့်အပြင်ငှားရမ်းခနှုန်းထားများပါ မြင့်တက်လာနေသည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများကဲ့သို့အိမ်ခြံမြေ ဈေးက စားသူများကို နည်းလမ်းရှာထိန်းသိမ်းသင့်သလို တစ်ဖက်တွင်လည်း တိုက်ခန်းလိုအပ်ချက်များအားပိုမို ဖြည့်ဆည်းပေးနိုင်ရန်နည်းလမ်းများ ရှာဖွေပြီး ကြိုးစား လုပ်ဆောင်ပေးသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။

”တကယ်နေမယ့်သူတွေလက်ထဲ ရောက်ရင် ဈေးက ကြီးနေပြီ။ အိမ်ခြံမြေဈေးကို ထိန်းတဲ့နည်းစနစ် တွေက အများကြီးရှိပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူပါဘူး။ အခုလို အုံနဲ့ကျင်းနဲ့ဝင်လိုက်ထွက်လိုက်လုပ်တာကို လည်း သူတို့အစိုးရက ခွင့်မပြုဘူး။ အမြဲတမ်း တအေခ့ လုပ်နေတယ်” ဟု၎င်းက ဆက်လက်ပြောသည်။

အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ကျေးလက်နေလူဦးရေ ပိုမိုများပြားသော်လည်း ရန်ကုန်တိုင်းဒေသကြီးမှာမူ အခြားတိုင်းဒေသကြီးများနှင့် မတူဘဲ ကျေးလက်နေပြည်သူ ၂၈ ရာခိုင်နှုန်းသာ ရှိပြီး မြို့ပြနေ ပြည်သူ ၇၂ ရာခိုင်နှုန်းအထိ ရှိနေကာ ၂ဝ၁၄ ခုနှစ်၌ရန်ကုန်မြို့တော်တွင် နေထိုင်သူဦးရေမှာ ၅ ဒသမ ၂၅ သန်းအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ထုတ်ပြန်ချက်များအရသိရသည်။

ရန်ကုန်မြို့တော်သို့ အလုပ်လုပ်ကိုင်နိုင်ရန် လာရောက်အခြေချနေထိုင်သူများ တဖြည်းဖြည်းတိုးပွား လာသည့်ခြင်းကြောင့် ရန်ကုန်မြို့တော်တွင် လူဦးရေသိပ်သည်းမှု တစ်စတစ်စ ပိုမိုများပြားလာခဲ့သည်။

”အခု ငွေရှင်တော်တော်များများက ဆောက်လုပ်ရေးလုပ်ငန်းဘက်ကို ပြောင်းပြီး လုပ်နေတယ်။ ကျွန်တော့ခန့်မှန်းချက်အရကတော့ ၂ဝ၁၅ ခုနှစ်အထိ ဆောက်လုပ်ရေးဈေးကွက်က ကောင်းနေဦးမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ဈေးကွက် လိုအပ်ချက်အတိုင်းနောက်က လိုက်ဖြည့်နိုင်ဖို့ဆိုတာ ခက်တယ်” ဟု ဆန်းသစ် ဆောက်လုပ်ရေးလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါက်တာ ကျော်စွာမင်းက ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ၏ အလားအလာနှင့် ဈေးကွက်အနေအထား ကောင်းမွန်မှုတို့နှင့် ပတ်သက်၍ ပြောသည်။

Credit : thetradetimesmedia

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service