အိမ်ရာစီမံကိန်း ရွှေတိဂုံစေတီတော်ရင်ပြင်အမြင့် ထက်မကျော်ဟုဆို

အိမ်ရာစီမံကိန်း ရွှေတိဂုံစေတီတော်ရင်ပြင်အမြင့် ထက်မကျော်ဟုဆို - Property News in Myanmar from iMyanmarHouse.com
28 Sep 2014 3:13 pm တွင် တင်ခဲ့သည်
1451 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံစီးတီးဝမ်း (Dagon City 1) စီမံကိန်းကို ၁၀ ထပ် မှ ၁၂ ထပ်အထိအထပ်မြင့်တည်ဆောက်သွားမည် ဖြစ်သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC)မှ သတ်မှတ်အမြင့်ပေထက် ကျော်လွန်တည် ဆောက်မည် မဟုတ်ဟု အဆိုပါကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ Mr. Eliott Suen က မီဒီယာများကို ပြောသည်။

တာမွေမြို့နယ်၊ပုသိမ်ညွန့်ရပ်ကွက်၊စိတ္တသုခလမ်းအတွင်းနေထိုင်သူ ဦးသိန်းဇံက “ရွှေတိဂုံစေတီက မြန်မာတွေရဲ့ အလေးအမြတ်အထားရဆုံး ဘုရားဖြစ်လို့ အဆောက်အအုံတွေကြောင့် ကွယ်သွားတာ မျိုးကိုတော့ မဖြစ်စေချင်ဘူး” ဟု ယင်း၏အမြင်အား မဇ္ဈိမကိုပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အထပ်မြင့်အဆောက်အအုံခွင့်ပြုချက်တွင်မူ ရွှေတိဂုံ စေတီတော်၏ ကန့်သတ်ဧရိယာအတွင်း တည်ဆောက်မည့် စီးပွားရေးဆိုင်ရာအဆောက်အအုံများသည် ရွှေတိဂုံစေတီကြမ်းပြင်(ရင်ပြင်) ဖြစ်သော ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉၀ အထက် ကျော်လွန်တည်ဆောက်ခွင့်မပြုဟု ထုတ်ပြန်ထားသည်။

ထို့အတူ ရွှေတိဂုံစေတီတော်၏ ကန့်သတ်ဧရိယာအတွင်း မပါဝင်သည့် အထပ်မြင့်များကိုလည်း ရွှေတိဂုံ စေတီတော်၏ ငှက်ပျောဖူးအောက်ခါးစည်း(ပင်လယ်ရေမျက်နှာပြင်အထက် အ မြင့်ပေ ၄၁၇ )ပေအထက် မကျော်လွန်ရန် ထုတ်ပြန်ထားသည်။

ရွှေတိဂုံစေတီ၏အောက်ခြေ ရင်ပြင်မှ ငှက်ပျောဖူးအောက် ခါးစည်းအထိ ဉာဏ်တော်အမြင့် ၄၁၇ ပေရှိ ကာ စိန်ဖူးတော်အထိ အမြင့်ပေသည် ၅၁၆ ပေ ရှိခြင်းဖြစ်သည်။

ရွှေတိဂုံစေတီ၏ကန့်သတ်ဧရိယာကိုမူ စေတီ၏မြောက်ဘက်တွင် ရှင်စောပုလမ်းနှင့် ဓမ္မစေတီလမ်း၊ အရှေ့ဘက်တွင် အလံပြဘုရားလမ်း၊ တိရစ္ဆာန် ဥယျာဉ်လမ်း၊ ကန်လမ်း၊ စက်ရုံလမ်း၊နတ်မောက်လမ်း၊ကမ္ဘာအေးဘုရားလမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း၊ မြို့ပတ်ရထားလမ်း၊ ရွှေတိဂုံ ဘုရားလမ်းဆုံမှ ယောမင်းကြီးဦးဘိုး လှိုင်လမ်းနှင့် အနောက်ဘက်တွင် ဗဟိုလမ်းအတွင်းရှိ ဧရိယာများကို သတ်မှတ်ထားခြင်း ဖြစ်သည်။

စီမံကိန်းကို လေးနှစ်မှ ခြောက်နှစ်အတွင်းအပြီးသတ်တည်ဆောက်ရန်လျာထားသည်ဟုစက်တင်ဘာ၂၃ရက်တွင်ပြုလုပ်သော မီဒီယာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

Dagon City 1 စီမံကန်းကိုမူ အထပ်အမြင့် ၁၂ ထပ်တည်ဆောက်မည် ဆိုပါ ကွန်ဒိုတိုက်ခန်းအထပ် တစ်ထပ်၏ အမြင့်ပေခန့်မှန်း ၁၂ ပေနှုန်းဖြင့် တွက်ချက်လျှင် အမြင့်ပေ ၁၄၄ ပေရှိ မည်ဖြစ်ပြီး အမိုးနေရာများ ပါဝင်မည်ဆိုပါက အမြင့်ပေ ၁၅၀ ဝန်းကျင်ခန့် ရှိနိုင်မည်ဟု ခန့်မှန်းတွက်ချက်နိုင်သည်။

စီမံကိန်းကို ဆောင်ရွက်မည့် Marga Land- mark ကုမ္ပဏီကို ပြည်တွင်းလုပ်ငန်းရှင်ပိုင် ကုမ္ပဏီဖြစ်သော သုခရတနာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဟောင်ကောင်နှင့် UK ရင်းနှီးမြှုပ်နှံသူများ ပါဝင်သော စင်ကာပူ အခြေစိုက် ကုမ္ပဏီဖြစ်သည့်Margaတို့ကပူးပေါင်းတည်ထောင်ထားခြင်း ဖြစ်သည်။

Credit : shweproperty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service