ရန်ကုန်မြို့တော်သစ် စီမံကိန်း ကို ပြန်လည်သုံသပ်ရန် အချက်အလက်များ လိုအပ်လျက် ရှိခြင်းကြောင့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ အစည်းအဝေး အမှတ်စဉ် ၃၆ / ၂၀၁၄ ၊ အစည်းအဝေး အပိုဒ် ၇၀ အရ ယင်းစီမံကိန်း နှင့် ပတ်သက်
ပြီး တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းထားသည့် အဆိုအား ပြန်လည်ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြ
သည်ဟု စက်တင်ဘာလ ၂၆ ရက် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်မှ အဆို တင်သွင်းသည်။
“ ဒီစီမံကိန်း နဲ့ ပက်သက်ပြီး ထပ်မံသုံးသပ်ရန် လိုတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုင်းငံ့
ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ဒါကြောင့် စက်တင်ဘာ ၂၂ ရက်နေ့က တင်ပြခဲ့တဲ့ စီမံကိန်း အဆိုကို ပြန်လည်ရုပ်သိမ်း
ခွင့်ပြုဖို့ တင်ပြပါတယ် ” ဟု ၄င်းက တင်ပြသည်။
ယင်းစီမံကိန်း ကို လွှတ်တော်တွင် ဆွေးနွေး အတည်ပြုနိုင်ရန် အတွက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ လွှတ်တော်အစည်းအဝေး ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မြို့တော်ဝန် ဦးလှမြင့်မှ ယင်းစီမံကိန်းပါ အချက်အလက်များအား တင်ပြခဲ့ပြီး အဆုံးအဖြတ်ယူနိုင်ရန် အတွက် စက်တင်ဘာလ ၂၆ ရက်နေ့အစည်းအဝေး တွင် ရယူရန် လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက လွှတ်တော်သို့ ပန်ကြားသည်။
အဆိုပြန်လည်ရုပ်သိမ်းခြင်း နှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော် ၏ သဘောထားရယူရာတွင် ကန့်
ကွက်သူ မရှိခြင်းကြောင့် ယင်းစီမံကိန်းကို ရုပ်သိမ်းသည့် အဆိုအား ကန့်ကွက်သူ မရှိထောက်ခံ အတည်ပြု
ကာ ယင်းစီမံကိန်းမှာ ရပ်ဆိုင်းသွားပြီဖြစ်သည်။
“ ရန်ကုန်မြို့သစ် စီမံကိန်းရုပ်သိမ်းခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ သဘောတူညီကြပြီး ကန့်ကွက်သူလည်း မရှိတဲ့ အတွက် လွှတ်တော်က ယင်းစီမံကိန်းကို ရုပ်သိမ်းကြောင်း ကြေညာပါတယ် ” ဟု
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်း က ကြေညာသည်။
Credit : The Trade Times