နှစ်ပေါင်းတစ်ရာနီးပါးရှိ ရန် ကုန်မြို့ ကုက္ကိုင်းရှိ ချင်းချောင်းနန်းတော်အဆောက်အအုံအား ရှေးဟောင်းအ ဆောက်အအုံအဖြစ် ထိန်းသိမ်းစောင့် ရှောက်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ သိ ရသည်။
''ချင်းချောင်းနန်းတော်ကို ရှေး ဟောင်းအဆောက်အအုံအဖြစ် သတ် သတ်မှတ်ပြီးရင် အကျိုးအများကြီး ရှိနိုင်ပါတယ်''ဟု ယဉ် ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေ သန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦး ကျော်ညွန့်က ပြောသည်။
အဆိုပါအဆောက်အအုံသည်ဗိသုကာလက်ရာများ ကောင်းမွန်သော်လည်း မြန်မာမှုလက်ရာအဆောက်အအုံမဟုတ်ကြောင်း၊ သို့သော်လည်း နိုင်ငံ တကာမှ ဧည့်သည်များ အထူးစိတ်ဝင် စားလျက်ရှိကြောင်း သိရသည်။
''ဆရာမတို့ဒီကျောင်းကြီးကဘယ် လောက်ကြာပြီလဲဆိုတာ နှစ်အတိအ ကျမသိဘူး။ အဆောက်အအုံမှာ ရေး ထိုးထားတာလဲမရှိဘူး။ဒါပေမဲ့Website တွေမှာတွေ့ရတာတော့ ၁၉၁၅မှ စတင် တယ်လို့သိရတယ်။ ရှေးဟောင်းသက် တမ်းဆိုတာ စဆောက်တဲ့နှစ်ကို တွက် တာလား၊ ပြီးတဲ့နှစ်ကိုတွက်တာလားမသိဘူး''ဟုယဉ်ကျေးမှုဝန်ကြီးဌာနအ နုပညာဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းအေးက ပြော သည်။
ယင်းချင်းချောင်းနန်းတော်သည် တရုတ်သူဌေးပိုင် အဆောက်အအုံဖြစ် ပြီး ၁၉၁၅ခုနှစ်တွင် တရုတ်သူဌေး Lim Chin Tsong က စတင်တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ၁၉၁၉ ခုနှစ်တွင် ပြီးစီးခဲ့ ကြောင်း Anglo Burmese Libary Website တွင်ဖော်ပြချက်အရ သိရသည်။
''ဒီအဆောက်အအုံကြီးကိုတရုတ်ချင်းချောင်းသူဌေးပိုင်တယ်လို့ပြော တယ်။ မဆလခေတ်မှာ ပါတီဌာနချုပ် ဖြစ်ခဲ့ပြီး နဝတခေတ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပေးခဲ့တယ်။ အဆောက် အအုံကြီးထဲမှာ မြေအောက်ခန်းရှိ တယ်လို့ ကြားဖူးတယ်။ အဲဒီမှာ ဒေါ် လာအတုတွေထုတ်လုပ်ခဲ့တယ်။ စပိုင် အမျိုးသမီးက တရုတ်သူဌေးနဲ့ညားပြီး ကလေးနှစ်ယောက်ရမှ ဒီအမှုပေါ် တယ်လို့ ကြားဖူးတယ်။ အဆောက်အ အုံသက်တမ်းကတော့ နှစ်ရာကျော်ပြီ ထင်တာပဲ''ဟုအနုပညာဦးစီးဌာန၊ဦးစီးမှူး(ငြိမ်း)ဦးကံဆိုင်ထွန်းက ပြော သည်။
ချင်းချောင်းအဆောက်အအုံမှာပျက်စီးယိုယွင်းမှုများရှိ၍ ပြုပြင်ခြင်းများ ဆောင်ရွက်ထားသဖြင့် မူလရှေးလက် ရာများအပြင် ခေတ်သစ်လက်ရာတချို့ လည်းရှိကြောင်း သိရသည်။
''ကျွန်တော်တို့ငယ်ငယ် ချင်းချောင်း နန်းတော်ထဲရောက်တုန်းက နံရံမှာ ကြွေ ပြားတွေကပ်ပြီး တရုတ်ပန်းချီတွေရေး ထားတယ်။ အဲဒါတွေကို အခုဆေးပြန် သုတ်ပြီး ပန်းချီကားအသစ်တွေ ပြန်ရေး ထားတာပါ။ နာဂစ်တုန်းက မိုးယို တော့လဲ တက်ပြင်ရတယ်။ အရင်က အဲဒီအဆောက်အအုံက ကန့်သတ်နေ ရာဆိုတော့ ဘယ်သူမှသွားလို့မရဘူး''ဟုချင်းချောင်းခြံအတွင်းနေထိုင်သူအမျိုးသားကြီးတစ်ဦးက ပြောသည်။
ချင်းချောင်းနန်းတော်သည်ဗိသုကာလက်ရာတန်ဖိုးအရ မြင့်မားသော အဆောက်အအုံဖြစ်ပြီး ယနေ့အချိန် တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှအနုပညာအခြေခံအထက်တန်းကျောင်းအဖြစ် ဖွင့်လှစ်ထားပြီး နိုင်ငံခြားသားများ စိတ် ဝင်စား၍ မကြာခဏလာရောက်ကြည့်ရှု လျက်ရှိကြောင်းနှင့် နန်းတော်ကြီးသည် လေးထပ်ရှိကာ အခန်းပေါင်းများစွာ ရှိကြောင်း သိရသည်။
Credit :TheYangonTimes