ရန်ကုန်မြို့ရှိ ကန်ထရိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင် အသေးစားများ၏ ထက်ဝက်ခန့်မှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းမှုကို စနစ်တကျ ဆောင်ရွက် ထားခြင်း မရှိသောကြောင့် ပြည်ပ နိုင်ငံမှ ပညာရှင်များ လာရောက် သင်တန် ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ကန်ထရိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို လူနေ ရပ်ကွက်များတွင် အများဆုံး ဆောက်လုပ် နေကြပြီး၊ ဘေးအန္တရာယ် ကင်းရှင်းရေး ကို စနစ်တကျ ဆောင်ရွက်ခြင်း မရှိ၍ လုပ်ငန်းခွင်တွင် မကြာခဏ ထိခိုက်မှုများ ဖြစ်ပေါ် နေသောကြောင့် ပြည်ပ ပညာရှင်များကို ခေါ်ယူ သင်တန်း ပို့ချရခြင်း ဖြစ်သည်။
““လုပ်ငန်းခွင် အကြီးတွေ မှာလည်း လိုအပ်တာတွေ ရှိနေသေးတယ်။ ဒီနှစ်ထဲမှာပဲ safely နဲ့ ပတ်သက်ပြီး သင်တန်းတွေ ပို့ချနိုင်ဖို့ စီစဉ်နေတယ်။ အဲဒီ သင်တန်းက အလုပ်သမား တွေရော ဆိုက်တာဝန်ခံ တွေကိုပါ သင်ကြား ပေးသွားမှာ ဖြစ်တယ်”” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးသာအေး က ပြောသည်။
လုပ်ငန်းခွင် ဘေး အန္တရာယ် ကင်းရှင်းရေး အတွက် စင်ကာပူ၊ ထိုင်း စသည့် နိုင်ငံတို့မှ ပညာရှင်များကို ခေါ်ယူထားပြီး၊ သင်တန်း ဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
လက်ရှိ safely နှင့် ပတ်သက်၍ တရားဝင် သင်တန်းများ မရှိသေးသော်လည်း နီးစပ်ရာ ကုမ္ပဏီများမှ မိမိ အလုပ်သမား များအား သင်တန်းပေး နေကြသော် လည်း သင်တန်း မတက် ရောက်နိုင် သေးသည့် အလုပ်သမား နှင့် ဆိုက်တာဝန်ခံများမှာ အများ အပြား ရှိနေသေးကြောင်း သိရသည်။
““ Safely နဲ့ ပတ်သက်ပြီး ဆောင်ရွက် ထားတာ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဆောက်အအုံ ဆောက်ဖို့ တစ်ဆင့်ပြန်ပြီး ငှားကြတဲ့ အတွက် လုပ်ငန်းခွင်မှာ လိုအပ်ချက်တွေ ရှိနေတာ ဖြစ်နိုင်တယ်”” ဟု AA Generation ဆောက်လုပ်ရေး ကုမ္ပဏီ မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
လက်ရှိ အသေးစား ဆောက်လုပ်ရေး လုပ်ငန်းခွင် များတွင် ကန်ထရိုက် ကိုယ်တိုင် ဆောက်လုပ်ခြင်း မရှိဘဲ တစ်ဆင့် ပုတ်ပြတ်ဖြင့် ထပ်မံ ငှားယူကာ ဆောက်လုပ် နေမှုများကြောင့် လုပ်ငန်းခွင် များတွင် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးအား စနစ်တကျ ဆောင်ရွက်မှု အားနည်း နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ Safely အား စနစ် တကျစီစဉ် ဆောက်ရွက်မှု မရှိ၍ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ မှ သြဂုတ် လကုန်ထိ လုပ်ငန်းခွင် များတွင် မတော်တဆ ထိခိုက်မှု များကြောင့် ယာယီ မသန်စွမ်း ဖြစ်သူ (၂၈၆) ဦး၊ တစ်သက်လုံး မသန်စွမ်း ဖြစ်သူ (၅၂) ဦး နှင့် သေဆုံးသူ ကိုးဦး ထိရှိခဲ့ကြောင်း အလုပ်သမား ၀န်ကြီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင် တရားဝင် ဆောက်လုပ်ရေး ကုမ္ပဏီ (၃၀၀၀) ကျော်ရှိ ပြီး၊ ယင်းထဲမှ ကုမ္ပဏီပေါင်း (၁၆၀၀) ခန့်မှာ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်းနှင့် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင် နေသော်လည်း ကျန်ကုမ္ပဏီ (၁၄၀၀) ကျော် မိမိ အစီအစဉ်ဖြင့် လုပ်ကိုင်နေသော ကုမ္ပဏီများ ဖြစ်သည်။
Credit: Messenger