ပြည်မြို့၊ ထမကောက်အုပ် စု၊ သောကြမာကွက်သစ်ရှိ အိမ် ခြံမြေများ အ၀ယ်လိုက်လာပြီး အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒေသခံများမှ သိရသည်။
‘‘ဒီလထဲမှာ အိမ်ခြံမြေ အ ရောင်းအ၀ယ်အတွက် သက်သေ လက်မှတ်ထိုးပေးရတာ အခါနှစ် ဆယ်ထက် မနည်းဘူး။ မြို့ထဲ က လူတွေက ဆင်းဝယ်ကြတာ။ ကတ္တရာလမ်း ဟိုဘက်ခြမ်းမှာ ဟိုတယ်ဇုန်လုပ်မလိုလို ဘာလို လို အသံတွေလည်း ထွက်နေတယ်’’ ဟု သောကြမာ ကွက်သစ်မှ ရပ်ကွက်လူကြီးတစ်ဦးက ပြော သည်။
သောကြမာ ကွက်သစ်သည် ပြည်-အောင်လံကားလမ်းမကြီး ဘေးတွင်ရှိပြီး ကွက်သစ်သွားရာ မြေနီလမ်းမကြီးပေါ်ရှိ ပေ ၄၀/ ၆၀မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း၅၀အထက် ပေါက်ဈေးရှိကြောင်း၊ အတွင်းပိုင်း လမ်းသွယ်များတွင် ပေ ၄၀/၆၀ မြေကွက်တစ်ကွက်လျှင် ဆယ်သိန်းကျော်ပေါက်ဈေးရှိကြောင်း သိရသည်။
သောကြမာကွက်သစ်အား ၁၉၈၉ ခုနှစ်မှစတင်ကာ အစိုးရက ပေ ၄၀/၆၀ မြေကွက်အကွက် ပေါင်း ၉၉၀ ချထားပေးခဲ့ပြီး ယခု လက်ရှိတွင် အိမ်ခြေ ၂၀၀ ခန့်ရှိ ပြီး မီတာ ၂၄ လုံးသုံးစွဲလျက်ရှိရာ ဆက်လက်သုံးစွဲနိုင်ရေး ရပ်ကွက် တာဝန်ရှိသူများက ကြိုးပမ်းလျက် ရှိသည်။
‘‘ဟိုတယ်တွေ လာဆောက် မယ်။ ဘာလုပ်မယ်ကြားနေပေ မယ့် တိတိကျကျ ဘယ်သူမှ မသိ ဘူး။ အိမ်ခြံမြေတွေကို လာဝယ် ပြီး အရောင်းအ၀ယ် ဖြစ်နေတာ တော့ အမှန်ပဲ။ မြို့ပေါ်ကလူတွေ လာဝယ်ကြတာ သူတို့ကတော့ အမြတ်ရရင် ပြန်ရောင်းဖို့လုပ် တာ။ လာနေကြမှာလည်း မဟုတ် ဘူး’’ဟု ဒေသခံတစ်ဦးက ပြော သည်။
သောကြမာ ရပ်ကွက်ရှိ အိမ် ခြံမြေများသည် ယခင်က မြေကွက်တစ်ကွက်လျှင် ကျပ်သုံးလေးသိန်းသာ ပေါက်ဈေးရှိခဲ့ပြီး ဇူလိုင်လမှစတင်ကာ မြေများ အ၀ယ်လိုက်လာကာ ဈေးကောင်းရရှိပြီး အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်းဒေသခံများထံမှ သိရသည်။
Credit: 7 Day Daily