ရန်ကုန်ဘူတာကြီးနယ်မြေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် စီးပွားရေးအဆောက်အအုံ
များဆောက်လုပ်နိုင်ရန်အတွက် ဘူတာကြီးရှိ အချို့ဌာနများကို ရွာသာကြီးဘူတာနှင့် အခြား နေရာများသို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှတာဝန်ရှိသူက ပြောသည်။
"စီမံကိန်းအတွက်မြေနေရာမှာ တကယ် အံဝင်ခွင်ကျဖြစ်စေမယ့် စီးပွားရေးအဆောက် အအုံတွေ
ကိုပဲ ဆောက်လုပ်သွားမှာပါ။ ရွာသာကြီးဘူတာ အဆင့်မြှင့်တင်ရာမှာ လို အပ်တဲ့ ပြန်လည်နေရာ
ချထားမှုတွေကိုလည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်" ဟု ရထားပို့ ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့
မီးရထား၊ အောက်မြန်မာပြည်မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
ရွှေ့ပြောင်းရမည့် ဌာနများမှာ ရန်ကုန်တွဲ ပြင်ရုံ၊ RBE စက်ခေါင်းရုံ၊ မော်တော်ယာဉ်ဌာန (ရန်ကုန်)၊
ချမ်းမြေ့ဈေး၊ ကြိုတင်လက်မှတ် အရောင်းဌာနတို့ဖြစ်ပြီး စီးပွားရေးနှင့် အခြား အဆောက်အအုံများ
ဖြစ်သော ရိုးမဘဏ်၊ အခန်းပေး/အခန်းယူနှင့်ြှုဃ ဆိုင်ခန်းများ၊ ဒိုင်းနမစ် လေးထပ်အဆောက်
အအုံ၊ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၊ သိမ်ဖြူရထားဓမ္မာရုံ၊ ဟိန္ဒူဘုရားရှိခိုးကျောင်း
နှစ်ကျောင်းတို့လည်း ပါဝင်သည်။
"အခန်းပေး အခန်းယူကိစ္စအတွက် အခန်း ပိုင်ရှင်တွေနဲ့ ပထမအကြိမ်တွေ့ဆုံဆွေးနွေး ပြီးဖြစ်ပါ
တယ်။ လက်ရှိတော့ အခန်းပိုင်ရှင် တွေ မနစ်နာအောင် ကာလပေါက်ဈေးနဲ့ ညှိပြီးပေးဖို့ ဆောင်
ရွက်နေပါတယ်။ စက်တင် ဘာလကုန်လောက် အပြီးသတ်နိုင်ဖို့ရည်ရွယ် ထားပါတယ်" ဟု
ဦးထွန်းအောင်သင်းက ပြောသည်။
RBE စက်ရုံနှင့် DCအလုပ်ရုံကို ရွာသာကြီး တွင်လည်းကောင်း၊ ရန်ကုန်တွဲပြင်ရုံကို မလွှ ကုန်း
ဘူတာတွင်လည်းကောင်း၊ ကြိုတင် လက်မှတ်အရောင်းဌာနကို ဘူတာရုံသစ်တွင် လည်းကောင်း၊
ဝန်ထမ်းအိမ်ရာ (သိမ်ဖြူ) ကို ကံဘဲ့ဘူတာယာ့ဒ်ဝင်း တွင်လည်းကောင်း ပြန်လည်နေရာချထားပေး
မည်ဖြစ်ကာ အဆိုပါ အဆောက်အအုံများနေရာတွင် စီးပွားရေး ဆိုင်ရာ အဆောက်အအုံများတည်
ဆောက် သွားမည် ဖြစ်သည်။
ရိုးမဘဏ်သည် နိုဝင်ဘာလကုန်တွင် ငှားရမ်းသက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ ဒိုင်းနမစ် လေးထပ်
အဆောက်အအုံမှာ လွန်ခဲ့ သည့် ၂၀၁၃ ခုနှစ်ကတည်းက သက်တမ်း ကုန်ဆုံးပြီးဖြစ်သောကြောင့်
စက်တင်ဘာ လကုန်တွင် ဌာနပိုင်အဖြစ် သိမ်းယူနိုင်ရန် စီစဉ်နေပြီဖြစ်သည်။ အမက(၅) သိမ်ဖြူ
ရထား စာသင်ကျောင်းကို ကံဘဲ့ရထားနယ်မြေရှိ အမကနှင့် ပူးပေါင်း၍ ယာယီဖွင့်လှစ်ရန် သတ်
မှတ်ထားပြီး ၀န်ထမ်းများကိုးကွယ် သည့် ဟိန္ဒူဘုရားကျောင်းနှစ်ကျောင်းကိုမူ ၀န်ထမ်းများ
ပြောင်းရွှေ့နေရာချထားမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
စီမံကိန်း အကောင်အထည်ဖော်ဆောင် ရွက်မှုအဖြစ် လက်ရှိတွင် ရင်းနှီးမြှုပ်နှံလိုသူ များကို တင်ဒါ
ခေါ်ယူနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။ စီမံကိန်းနယ်မြေမှာ ဆူးလေဘုရား လမ်း အရှေ့ဘက်ခြမ်း၊
ဗိုလ်ချုပ်အောင်ဆန်း လမ်းနှင့် ဗိုလ်မင်းရောင်လမ်းကြား မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိပြီး
၆၃ ဧကခန့် ကျယ်ဝန်းသောကြောင့် ဖြစ်နိုင်သမျှ အမြင့်ပေ အထိ အထပ်မြင့်များ တည်ဆောက်
သွား မည် ဖြစ်သည်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့်ဆက်စပ်ကာ ရွာသာကြီး ဘူတာနယ်မြေ
စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် ရွာသာကြီးဘူတာနယ်မြေ စီမံကိန်းနယ်မြေ ၃၈၉ ဧက
ထဲမှ ဧက ၁၀၀ တွင် ပထမအဆင့်အနေဖြင့် Dry Port ကုန်းတွင်း ဆိပ် ဆောင်ရွက်မည်ဖြစ်သဖြင့်
စီမံကိန်း ဧရိယာအတွင်း ကျူးကျော်နေထိုင်လျက်ရှိသူ များကို ဖယ်ရှားရှင်းလင်းရန်နှင့် ကျူးကျော်
မှု များ ထပ်မံတိုးပွားမလာစေရန် အတွက်လည်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းက ပြော သည်။
လက်ရှိရန်ကုန်ဘူတာကြီးမှာ ၁ ဒသမ ၂၆ ဧက ကျယ်ဝန်းပြီး စုစုပေါင်း ရထားလမ်း ၃၁ လမ်းရှိကာ
နေ့စဉ် ရထားအစင်းရေ ၂၁၅ စင်း ၀င်ထွက်ပြေးဆွဲလျက်ရှိသည်။
Credit: Myanmar Times