သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီး မြှုပ်နှံရန်စုံစမ်းဆွေးနွေးထားသော နိုင်ငံတကာ ကုမ္ပဏီ
၆၀ ရှိပြီဖြစ်ကာ လက်ရှိအချိန်တွင် ကုမ္ပဏီ ၁၅ ခုနှင့် သဘောတူ ထားပြီး လုပ်ငန်းရပ်များ စတင်
အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း အဆိုပါ အထူး စီးပွားရေးဇုန်ကို အကောင်အထည်ဖော်
နေသည့် မြန်မာ ဂျပန်သီလ၀ါ ဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီလီမိတက်(MJTD) ဒါရိုက် တာ မစ္စတာ
ဟီရိုနာကာ မာဆာတိုရှိက မြန်မာတိုင်း(မ်)ကို ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ရေးအတွက်မေးမြန်းစုံစမ်းမှု ပြုလုပ်ထားကြသော အထက်ပါကုမ္ပဏီ ၆၀
တွင် အထည်ချုပ်လုပ်ငန်း၊စားသောက်ကုန်လုပ်ငန်း၊ စတီး လုပ်ငန်း၊ ကုန်စည်သယ်ယူပို့ဆောင်ရး
လုပ် ငန်းနှင့် အလူမီနီယံလုပ်ငန်းများကိုလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းများပါဝင်ကြောင်း ၎င်း
ကပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန်တွင် မေလ အတွင်းမှစတင်ကာ စက်ရုံတည်ဆောက် ရေးလုပ်ငန်းများ
ကို ဆောင်ရွက်မည်ဟု ပြီးခဲ့ သည့်မတ်လ ၁၈ ရက်က ဆီဒိုးနားဟိုတယ် ၌ ကျင်းပသည့် သတင်း
စာရှင်းလင်းပွဲ တွင် MJTD ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ရန်နိုင်းတာကာဆာဟီ ပြောကြား
ထားခြင်းနှင့် စပ်လျဉ်း၍ မြန်မာတိုင်း(မ်) က မေးမြန်းရာတွင်" ကျွန်တော်တို့က ရင်းနှီး မြှုပ်နှံမယ့်
သူတွေကို မြေကိုပဲငှားရမ်းပေးတာဖြစ်ပါတယ်။စက်ရုံတည်ဆောက်တဲ့အပိုင်းကိုတော့ ရင်းနှီးမြှုပ်နှံ
သူတွေ ကိုယ်တိုင်ပဲ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်" ဟု မစ္စတာဟီရိုနာကာ မာဆာတိုရှိက
ပြန်လည် ဖြေကြားခဲ့သည်။
သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ အမျိုးသားစီမံကိန်းနျင့် စီးပွားရေး ဖွံ့ဖြိုးတိုး
တက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်ကလည်း ဧပြီလအတွင်းက ကုန်သည်။စက်မှု
အသင်း ချုပ်တွင်ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲတွင် သီလ၀ါစီးပွားရေးဇုန်အတွင်း စီးပွား
လုပ်ငန်းများလည်ပတ်မှုကို ၂၀၁၅ ခုနှစ် နျစ်ကုန်ပိုင်းအမီစတင်နိုင်ရန် မျှော်မှန်းထားကြောင်း
ပြောကြားခဲ့သည်။
ထိုသို့ မေလတွင်စက်ရုံတည်ဆောက်ရေး လုပ်ငန်းများကိုစတင်မည့် ကုမ္ပဏီ ၁၅ ခု နှင့်သဘော
တူပြီး လုပ်ငန်းများကို ဆောင် ရွက်နေပြီဟုဆိုသော်လည်း ဒေသခံများက သီလ၀ါအထူးစီးပွားရေး
ဇုန်တွင် မြေပြင်ခြင်း လုပ်ငန်းများကိုသာ ဆောင်ရွက်နေသေးပြီး စက်ရုံတည်ဆောက်မှုများစတင်ခြင်း
မရှိ သေးဟု ယူဆရကြောင်း ပြောသည်။
"အခုတော့ခြံစည်းရိုးခတ်တာတို့၊ ဠူနေဖို့ အဆောက်အအုံလေးတွေ ဆောက်တာလောက်ပဲ
တွေ့ရပါသေးတယ်။ စက်ရုံလို့ ယူဆရတဲ့ အဆောက်အအုံတွေ စဆောက် တာကိုတော့မတွေ့
ရသေးပါဘူး" ဟု သီလ၀ါအထူးစီးပွားရေးဇုန်အနီး ဒေသခံ ဖြစ်သူ သီလ၀ါဒေသ လူမှုဘ၀ဖွံ့ဖြိုး
တိုးတက်ရေးအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးမြလှိုင်က ပြောသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်
တွင် လုပ်ငန်းဆောင်ရွက်ရန် မြေငှားရမ်းခ များနှင့်စပ်လျဉ်းပြီး မြန်မာတိုင်း(မ်) က မေးမြန်းရာတွင်
MJTD ဒါရိုက်တာ မစ္စတာ ဟီရိုနာကာ မာဆာတိုရှိက ပြန်လည် ဖြေကြားခဲ့ခြင်းမရှိပေ။
"ဒါက ကျွန်တော်တို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေကြားက သီးသန့်ကိစ္စပါ"ဟုသာ ၎င်းက ဖြေကြားသည်။
သို့ရာတွင် သီလ၀ါအထူးစီးပွားရေးဇုန် ၏ မြေငှားရမ်းခများနှင့်စပ်လျဉ်းကာ မြန်မာ သီလ၀ါဟိုးဒင်း
အများပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က အထူးဇုန်ရှိမြေငှားဈေး များသည် ပြင်ပစက်မှုဇုန်ရှိ မြေငှား
ဈေး များထက် သိသာစွာသက်သာမည်ဟု ၂၀၁၄ ခုနှစ်နှစ်ဦးပိုင်းကတည်းက ထုတ်ဖော် ပြောကြား
ခဲ့ပြီးဖြစ်သည်။
"ဈေးဘယ်လောက်ဆိုတာကို အတိ အကျ မပြောနိုင်သေးပေမယ့် ယေဘုယျပြောရရင် အပြင်
စက်မှုဇုန်မြေငှားဈေးတွေ အောက် အနည်းဆုံး ၃၀ ရာခိုင်နှုန်းတော့ သက်သာမှာပါ"ဟု ၎င်းက
ပြောသည်။ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်း ၏ ပြောကြားချက်အရ ရန်ကုန်တိုင်း ဒေသကြီး
အတွင်းရှိ စက်မှုဇုန်မြေငှားရမ်းခဈေးနှုန်းမှာ တစ်စတုရန်းပေလျှင် တစ်လစာ အတွက် ၂၂၅ ကျပ်မှ
ကျပ် ၃၀၀ အတွင်း ပေါက်ဈေးရှိသည်။ ရင်းနှီးမြှုပ်နှံသူများမှာ အထူးစီးပွား ရေးဇုန် ဥပဒေအရ
မြေငှားရမ်းမှုကို ကနဦး ငှားရမ်ကာ နှစ် ၅၀ နှစ် ထပ်တိုးကာလ ၁၀ နျစ်စီ နှစ်ကြိမ် စုစုပေါင်း နှစ် ၇၀
အထိ ငှားရမ်းခွင့်ပြုထားပြီး ထိုကဲ့သို့ ကာလရှည် ငှားရမ်းနိုင်သဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ
အတွက် အခွင့်သာနိုင်သော်လည်း ပြည်တွင်း လုပ်ငန်းရှင်များအတွက်မူ ကာလရှည်မြေငှားရမ်းခ
အတွက် ရင်းနှီး မြှုပ်နှံနိုင်ရန် လွယ်ကူမည်မဟုတ်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး
ကော်မတီဥက္ကဋ္ဌ စီးပွားရေးလုပ်ငန်းရှင် ဥိမြတ်သင်းအောင်က ပြောသည်။
"မြေငှားခ သက်သာမယ်ဆိုပေမယ့် သီ လ၀ါမှာက နှစ်ကာလအရှည်ကြီးအတွက် မြေငှားခ
ပေးထားရမှာဆိုတော့ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် ခက်လိမ့်မယ်။ ငါးနျစ်လောက်စီ ငှားလို့
ရရင်တော့ ဟုတ် တာပေါ့။ အပြင်စက်မှုဇုန်တွေရဲ့ မြေငှားခ က သီလ၀ါထက် ဈေးကြီးတယ်ဆိုပေ
မယ့် တစ်နှစ်စာချင်းပေးပြီး ငှားလို့ ရတယ်လေ" ဟု ၎င်းကပြောသည်။ သို့ရာတွင် လက်ရှိအချိန်၌
ပြည်တွင်း ကုမ္ပဏီအချို့သည်လည်း သီလ၀ါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ် ရေး
အတွက် စုံစမ်းမှုများပြုလုပ်လာကြ ကြောင်း မစ္စတာဟီရိုနာကာ မာဆာတိုရှီ က ပြောသည်။
Credit: Myanmar Times