ရန်ကုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် အသေးများ၏ ထက်ဝက်ခန့်မှာ ဘေးအန္တရာယ်ကင်းရေးကို စနစ်တကျ ဆောင်ရွက်မှုမရှိ

ရန်ကုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် အသေးများ၏ ထက်ဝက်ခန့်မှာ ဘေးအန္တရာယ်ကင်းရေးကို စနစ်တကျ ဆောင်ရွက်မှုမရှိ - Property News in Myanmar from iMyanmarHouse.com
19 Sep 2014 10:52 am တွင် တင်ခဲ့သည်
692 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် အသေးများ၏ ထက်ဝက်ခန့်မှာ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအား စနစ်တကျ ဆောင်ရွက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ဆောက်လုပ်ရေး လုပ်ငန်းခွင် အသေးများမှာ လူနေ ရပ်ကွက်များတွင် အများဆုံး ဆောက်လုပ်နေကြပြီး ဘေးအန္တရာယ် ကင်းရှင်းရေးကို စနစ်တကျ ဆောင်ရွက်ခြင်း မရှိ၍ လုပ်ငန်းခွင်တွင် အန္တရာယ်များ မကြာခဏ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

လုပ်ငန်းခွင် အသေးလေး တင်မကပါဘူး။ လုပ်ငန်းခွင် အကြီးတွေ မှာလည်း Safety နဲ့ ပတ်သက်ရင် လိုအပ်ချက်တွေရှိတယ်။ ဒါပေမဲ့ အဲဒီထဲမှာ လုပ်ငန်း အသေးလေးတွေကတော့ အများကြီးပဲ ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးသာအေးက The Messenger Media သို့ ပြောသည်။ လက်ရှိ၌ ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် သင်တန်းများ ပို့ချရာတွင် မြေတိုင်း သင်တန်း၊ ဆေးသုတ် သင်တန်းများ ဖွင့်လှစ်ထား သော်လည်း Safety နှင့် ပတ်သက်သည့် သင်တန်းများမှာ မရှိသေး၍ှ Safety ကဏ္ဍတွင် အားနည်းချက်ရှိ နေကြောင်း သိရသည်။

မကြာမီ ပြည်ပနိုင်ငံမှ ပညာရှင်များကို ခေါ်ယူ၍ မြန်မာနိုင်ငံတွင် Safety နှင့် ပတ်သက်သည့် သင်တန်းများ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိပြီး ယင်းသန်တန်းများတွင် လုပ်ငန်းခွင် တာဝန်ခံများ အပြင် အလုပ်သမားများကိုပါ ပို့ချပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။Safety နဲ့ ပတ်သက် ပြီး ဆောင်ရွက်ထားတာ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ အဆောက်အအုံ ဆောက်ဖို့ တစ်ဆင့်ပြန်ပြီး ငှားကြတဲ့ အတွက် လိုအပ်ချက်တွေရှိနေတာ ဖြစ်နိုင်တယ် ဟု AA Geneaktion ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိ အသေးစား ဆောက်လုပ်ရေး လုပ်ငန်းခွင် များတွင် ကန်ထရိုက် ကိုယ်တိုင် မဆောက်ဘဲ ပုတ်ပြတ်ဖြင့် ထပ်မံငှားယူကာ ဆောက်လုပ်နေမှု များကြောင့် လုပ်ငန်းခွင်များတွင် Safetyအား စနစ်တကျ ဆောင်ရွက်မှု အားနည်းခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် တရားဝင် ဆောက်လုပ်ရေး ကုမ္ပဏီ (၃၀၀၀) ကျော်ရှိပြီး၊ ယင်းထဲမှ ကုမ္ပဏီ (၁၆၀၀) ခန့်မှာ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်းနှင့် ပူးပေါင်း ဆောင်ရွက်နေ သော်လည်း ကျန်ကုမ္ပဏီ (၄၀၀) ကျော်မှာ မိမိ အစီအစဉ်ဖြင့်သာ ဆောင်ရွက်နေကြကြောင်း မြန်မာ နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လကုန်အထိ လုပ်ငန်းခွင်များတွင် ထိခိုက်မှုကြောင့် ယာယီ မသန်စွမ်း ဖြစ်သူ (၂၈၆)ဦး၊ တစ်သက်လုံး မသန်စွမ်း ဖြစ်သူ ကိုးဦးထိရှိ နေကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။

Credit: Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service