ဟိုတယ်အသစ်ဆောက်လိုသူများ တိုင်းအစိုးရခွင့်ပြုချက်ရယူရန်မလိုတော့

ဟိုတယ်အသစ်ဆောက်လိုသူများ တိုင်းအစိုးရခွင့်ပြုချက်ရယူရန်မလိုတော့ - Property News in Myanmar from iMyanmarHouse.com
15 Sep 2014 10:46 am တွင် တင်ခဲ့သည်
1441 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး အတွင်း ဟိုတယ်အသစ်ဆောက် လုပ်လိုသူများအနေဖြင့် တိုင်းဒေ သကြီးအစိုးရခွင့်ပြုချက်ရယူရန် မလိုအပ်တော့ကြောင်း သတင်း ရရှိသည်။

ယခင်က ဟိုတယ်အသစ် တည်ဆောက်လိုသူများသည် ရဲစခန်း၊ ရပ်ကွက် စသည်တို့မှ ထောက်ခံချက် ရယူပြီးနောက် တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက်တောင်းခံကာ အဆင့်ဆင့်တင်ပြရသည့်စနစ်မှ ယခုအချိန်တွင် ပြည်ထောင်စုအဆင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့သာ တည်ဆောက်ခွင့် တိုက်ရိုက်လျှောက်ထားရတော့မည်ဟု တိုင်းဒေသကြီးဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမြင့်ကြူကပြောသည်။

‘‘လျှောက်တဲ့အခါမှာလည်း မလိုအပ်တဲ့ထောက်ခံချက်တွေ မလိုတော့ဘူး။ ဒီလသုံးရက်နေ့မှာ ပဲ ပြည်ထောင်စုအစိုးရက အ ကြောင်းကြားစာရောက်လာတာ ပါ’’ဟု ဒေါက်တာမြင့်ကြူကပြော သည်။ ဟိုတယ်ဆောက်လုပ်ရန် လျှောက်ထားရာတွင် မြေပိုင်ဆိုင် မှုမှန်ကန်ကြောင်း ထောက်ခံချက်၊အငှားမြေဖြစ်ပါကလည်း ငှား ရမ်းမြေဖြစ်ကြောင်း ထောက်ခံ ချက်၊ ဟိုတယ်ဆောက်လုပ်မည့် နေရာပတ်ဝန်းကျင်ရှိ အနည်းဆုံး ဆယ်အိမ်၏ ထောက်ခံချက်၊ ဟိုတယ်တည်နေရာမြေပုံ၊ အ ဆောက်အအုံအမျိုးအစား၊ ပါဝင် မည့်အခန်းအရေအတွက်၊ ကုန် ကျတန်ဖိုးနှင့် တည်ဆောက်မည့် ငွေအရင်းအနှီးအစရှိသည့် အ ချက်များဖြင့် တင်ပြလျှောက် ထားရမည်ဖြစ်ပြီး ဟိုတယ်တည် ဆောက်ခွင့်လိုင်စင် ရရှိပါက လည်း စည်ပင်သာယာခွင့်ပြုမိန့် ဆက်လက်တောင်းခံပြီး စတင် ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယခင်က ဟိုတယ်ဆောက် လုပ်ခွင့်ပြုမိန့်ရရန် အချိန် တစ်လစောင့်ခဲ့ရသော်လည်း ယခုအချိန်တွင်မူ တစ်ပတ်အတွင်း ဟိုတယ်တည်ဆောက်ခွင့် ကျလာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြားရေး မှူးဦးညီညီဆွေကပြောသည်။

ယခုနှစ် သြဂုတ်လအထိ မန္တလေးတိုင်းဒေသကြီးအတွင်း ဟိုတယ် ၂၇ လုံးရှိနေကြောင်း မန္တလေးတိုင်းဒေသကြီးဟိုတယ် နှင့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဦးစီး ဌာနမှ သတင်းရရှိသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service