အဆောက်အအုံ စံနှုန်းသတ်မှတ်ချက် ပြဋ္ဌာန်းတော့မည် စံသတ်မှတ်ချက်အတိုင်း မဖြစ်မနေဆောက်လုပ်ရမည်

အဆောက်အအုံ စံနှုန်းသတ်မှတ်ချက် ပြဋ္ဌာန်းတော့မည် စံသတ်မှတ်ချက်အတိုင်း မဖြစ်မနေဆောက်လုပ်ရမည် - Property News in Myanmar from iMyanmarHouse.com
12 Sep 2014 5:07 pm တွင် တင်ခဲ့သည်
959 ကြိမ် ကြည့်ရှု့ပြီး
အဆောက်အအုံစံနှုန်းသတ်မှတ်ချက် (Building Code) ကို ၂၀၁၄ နှစ်ကုန်တွင် အတည်ပြု ထုတ်ပြန်မည် ဖြစ်ပြီး ထိုသတ်မှတ်ချက်အတိုင်း အဆောက်အအုံများမဖြစ်မနေ ဆောက်လုပ်ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း မှ ဒု-ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

ရန်ကုန်မြို့ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် စက်တင်ဘာ ၁၁ ရက်ကပြုလုပ်သော Myanmar Build & Décor ၂၀၁၄ စာနယ်ဇင်းရှင်းလင်းပွဲတွင် မီဒီယာများကမေးမြန်းရာ အထက်ပါအတိုင်းထည့်သွင်းဖြေ ကြားသွားခြင်းဖြစ်သည်။

“UN ကနေလည်း ထောက်ခံထားပေးပါတယ်။ အခုကအကြမ်းပြီးပြီ ။ ဒါကို ပညာရှင်တွေနဲ့ လုပ်ငန်းရှင် တွေဆီဖြန့်ဝေပေးထားတယ်” ဟု ၎င်းကဆိုသည်။ အာဆီယံ စီးပွားရေးအဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံမှုများ မ၀င်ရောက်မီ မြန်မာနိုင်ငံ၏အဆောက်အအုံများ ကမ္ဘာ့အဆင့်မီစံသတ်မှတ်ချက်များနှင့် အညီတည်ဆောက်နိုင်ရန် သတ်မှတ်ခြင်း ဖြစ်သည်။ ပုဇွန်တောင်မြို့နယ်ရှိ ကန်ထရိုက်တိုက်ခန်းတွင်နေထိုင်သူ မအိဖြူက “လက်ရှိအဆောက်အအုံတွေက ကန် ထရိုက်တွေနဲ့ အစိုးရပိုင်းတာဝန်ရှိသူတွေပေါင်းပြီး ဆောက်လာတာတွေကြောင့် အရည်အ သွေးမမီတော့ ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံမှ သတ်မှတ်ပြဋ္ဌာန်းမည့် Building Code တွင် အဆောက်အအုံများ ဆောက်လုပ်ရာတွင် ပါဝင်သည့် ကျောက်၊ သဲ၊ ဘိလပ်မြေနှင့် သံချောင်းတို့ အပါအ၀င် ဆောက်လုပ်ရေးသုံးပစ္စည်းများကို သတ်မှတ်အ ချိုးအစားများအတိုင်း ထည့်သွင်းဆောက်လုပ်ရမည်ဖြစ်သည်။ “တစ်စုတစ်စည်းနဲ့ တစ်တိုင်းပြည်လုံး လိုက်နာရမယ့်သတ်မှတ်ချက်ဖြစ်ပါတယ်” ဟု ဦးအောင်မြင့်က ပြောသည်။

ရန်ကုန်မြို့တွင် အဆောက်အအုံများတည်ဆောက်မည့် ကန်ထရိုက်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံတွင် ကန်ထရိုက်လိုင်စင်လျှောက်ထားရန်လိုအပ်ပြီး သုံးထပ်ကျော်သော အထပ်မြင့် အဆောက်အအုံများအတွက် အာမခံစပေါ်ငွေကျပ်သိန်း ၅၀၀ ကို စည်ပင်ထံသို့ ပေးအပ်ရမည်ဖြစ်ကြောင်း၊ သုံးထပ်တိုက်ကန်ထရိုက်လိုင်စင်အတွက် ငွေကျပ် သိန်း ၂၀၀ စပေါ်ငွေ ပေးအပ်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက ထုတ်ပြန်သည်။

မကြာမီပြဋ္ဌာန်းမည့် Building Code တွင် အဆောက်အအုံ၏ လုံခြုံရေးနှင့် အရည်အသွေးပိုင်းဆိုင်ရာများကို ဦးစားပေးရေးဆွဲထားသောကြောင့် အရည်အသွေးသတ်မှတ်ချက်မပြည့်မီသော အဆောက်အအုံများ ကိုစစ်ဆေးဖော်ထုတ်ပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားသော တရားမ၀င် အဆောက်အအုံ ၂,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဌာနမှူး ဦသန်းဌေးကဇူလိုင် ၇ ရက်က ပြောသည်။

ရန်ကုန်မြို့တွင် ခွင့်ပြုချက်မဲ့အဆောက်အအုံများကို သင်္ဃန်းကျွန်းတွင်၆၄၂လုံး၊ လှိုင်တွင် ၃၇၄ လုံး၊ မရမ်း ကုန်းတွင်၂၉၉ လုံး၊ အင်းစိန်တွင် ၁၁၃ လုံး၊ တောင်ဥက္ကလာတွင် ၇၁ လုံး၊ မြောက်ဥက္ကလာပ တွင် ၆၆ လုံး၊ သာကေတတွင် ၆၃ လုံး၊ စမ်းချောင်းတွင် ၄၄ လုံး၊ ဗဟန်းတွင် ၃၄လုံး၊ ဒေါပုံတွင် ၅၉ လုံး၊ ဒဂုံသစ် (မြောက်ပိုင်း) တွင် ၃၈ လုံး၊ ကြည့်မြင်တိုင်တွင် ၂၅ လုံး၊ ရန်ကင်းတွင်၂၃ လုံးအပါအ၀င် ရန်ကုန်မြို့စည် ပင်နယ်နိမိတ်အတွင်း ခွင့်ပြုချက်မဲ့အဆောက်အအုံ ၂၀၂၁ လုံးရှိကြောင်း အင်ဂျင်နီယာဌာန (အဆောက် အအုံ)မှ သိရသည်။

Credit :Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service