ရန်ကုန်မြို့တော်သစ် စီမံကိန်းအတွက် ကုမ္ပဏီရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် လို

ရန်ကုန်မြို့တော်သစ် စီမံကိန်းအတွက် ကုမ္ပဏီရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန် လို - Property News in Myanmar from iMyanmarHouse.com
8 Sep 2014 2:53 pm တွင် တင်ခဲ့သည်
970 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်သစ် စီမံကိန်းအတွက် ယခင်က မြန်မာ့စေတနာအများပိုင်ကုမ္ပဏီလီမိတက် တစ်ခု တည်းကိုသာ ခွင့်ပြုခဲ့ခြင်း အတွက်အများပြည်သူများ အကြားတွင်အကြီးအကျယ် ဝေဖန်မှုများ မြင့်တက်လာ နေခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကတင်ဒါစနစ်ဖြင့် ပြန်လည် ရွေးချယ်ခေါ်ယူသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ရွေးချယ်ရာတွင် မှန်မှန်ကန်ကန်ဖြင့် ပွင့်လင်းမြင်သာမှုရှိရှိ ရွေးချယ်သွားရန် လိုအပ်သည်ဟုပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

”ရန်ကုန်မှာ ဒီစီမံကိန်းကြီးကလူဦးရေထူထပ်လာလို့ မလုပ်မဖြစ်လုပ်ရတာကို ကြိုဆိုပါတယ်။ ကျွန် တော်တို့ရဲ့နယ်မှာ လာလုပ်မယ်ဆိုရင်လည်း ပန်းကုံးစွပ်ပြီးတော့ကြိုဆိုမှာပါ။ ကုမ္ပဏီတစ်ခုတည်းကိုပဲ လုပ်ခွင့်ပေးလိုက်တာကတော့ဗဟိုဦးစီးစနစ် ဆန်သလို စာရင်းစစ်ကန့်ကွက်ချက်တွေလည်း ပေါ်လာနိုင်တယ်။ တင်ဒါခေါ်လုပ်မယ်ဆိုရင်လည်း ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ပဲလုပ်ဖို့လိုတယ်”ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကပြောသည်။

ပြည်ထောင်စု လွှတ်တော်ကဖွဲ့စည်းတာဝန်ပေးအပ်ထားသည့်စာရင်းစစ်အဖွဲ့များ၏ စာရင်းစစ် အစီ ရင်ခံစာများအရ အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမြင်သာမှုရှိရှိဖြင့်တည်ဆောက်ရေး လုပ်ငန်းများကို တင်ဒါစနစ်ဖြင့် ရွေးချယ်လုပ်ကိုင်ခွင့်ပြုနေသည်ဟု ဆိုသော်လည်း အချို့သော ဝန်ကြီးဌာနများ၏တည်ဆောက် ရေးလုပ်ငန်းများ၊ ဝယ်ယူရေး လုပ်ငန်းများတွင် တင်ဒါ အသုံးပြုကာ လုပ်ဆောင်မှုမရှိခြင်း၊ ဟန်ပြအဖြစ် သဘောသာ တင်ဒါအခေါ်ပြပြီး လက်သိပ်ထိုးကာ လုပ်ကိုင်ခွင့်များ ချထားပေးခြင်းတို့ကို တွေ့ရှိရသောကြောင့် စာရင်းစစ် ကန့်ကွက်ချက်များ ထွက်ပေါ်လာခဲ့ကြောင်းလွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။

”တချို့ ဝန်ကြီးဌာနတွေဆိုရင်တင်ဒါကို မခေါ်ဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါကြောင့် စာရင်းစစ် ကန့်ကွက်ချက်တွေ လွှတ်တော် အစီရင်ခံစာတွေထဲမှာ အများကြီး တွေ့နေရတယ်”ဟု ၎င်းက ပြောသည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) အုပ်ချုပ်ရေး၊ ပုဒ်မခွဲငယ် ၂၅၁ တွင် ဖော်ပြထား ချက်များအရ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက သတ်မှတ်ထားသည့်မူဝါဒ များနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ စီမံကိန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟူ၍ ပြဋ္ဌာန်းထားသည်။

”ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ အရ တိုင်းဒေသကြီးလွှတ်တော်ရဲ့ အတည်ပြုချက်က မဖြစ်မနေလို အပ်တယ်။ တင်ဒါပေးပြီး လုပ်မယ်ဆိုရင်တောင် ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်။ အခုလို အဲဒီလယ်တွေကို သွားဝယ်နေတဲ့အတွက် အမှန်တကယ် အလုပ်လုပ်မယ့်ကုမ္ပဏီတွေအတွက်လည်း အခက်အခဲဖြစ်နိုင်လို့ သေသေချာချာ လုပ်သင့်တယ်”ဟုပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွန်းက ပြောသည်။

ယခင်က ယင်းစီမံကိန်းအတွက်လုပ်ကိုင်ခွင့် ပြုထားခဲ့သည့် မြန်မာ့စေတနာအများပိုင်ကုမ္ပဏီလီမိတက် ဆိုသည်မှာ စီးပွားရေး အသိုင်းအဝိုင်းအကြားတွင် ထင်ရှားကျော်ကြားခြင်းမရှိသည့်အပြင် ယင်းကုမ္ပဏီမှာ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် မှတ်ပုံတင်ရရှိခဲ့ပြီး လိပ်စာမှာတိုက်အမှတ် ၂၊ ဦးရွှေပင်လမ်းနှင့် မြတ်အိမ်ရာလမ်းသွယ်၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ရွှေပြည်သာမြို့နယ်ဟုသာ ဖော်ပြထားပြီး ဘဏ္ဍာရေး အခြေ အနေနှင့် နောက်ခံအကြောင်းအရာအချက်အလက်များကိုလည်း စစ်ဆေးပြီးဖြစ်ကြောင်း မြို့တော်ဝန် ဦးလှမြင့် က လွှတ်တော်သို့ တင်ပြထားသည်။

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service