တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့ ကြီးများတွင်အိမ်ရာများဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့ ကြီးများတွင်အိမ်ရာများဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
8 Sep 2014 2:47 pm တွင် တင်ခဲ့သည်
815 ကြိမ် ကြည့်ရှု့ပြီး
တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ရာများကို ရန်ကုန်တိုင်းဒေသကြီးတွင်သာမက တိုင်းဒေသကြီးနှင့်ပြည် နယ်များရှိ မြို့ကြီးများ၌ပါ ဆောက်လုပ်သွားမည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီး အစိုးရက စီစဉ်ပေးသော မြေနေရာ၌ ဌာနက အိမ်ရာစီမံကိန်းကို ဆောက်လုပ်ပေးလျက်ရှိသည်ဟု ၎င်းဌာနမှ တာဝန်ရှိသူ အရာရှိ တစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင်လည်း အိမ်ရာများဆောက်လုပ်ရန် မြေတိုင်းမှုများပြုလုပ်နေလျက်ရှိပြီး အိမ်ရာပြီးစီးပါက ရောင်းချမှုကို တိုင်းဒေသကြီးနှင့် ညှိနှိုင်းပြီး လိုအပ်နေသူများကို ရောင်းချသွားမည်ဖြစ်သည်။

”အခန်းပြီးလို့ ရောင်းချရင်အခန်းဈေးနှုန်းထဲမှာ မြေတန်ဖိုးကိုထည့်မတွက်ထားပါဘူး။ အခန်းဈေးနှုန်း ဈေးကြီးသွားမှာစိုးလို့ပါ။ အဲဒါကြောင့် မြေကိုလည်း တိုင်းဒေသကြီးအစိုးရက စီစဉ်ပေးတာဖြစ်တယ်”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှတာဝန်ရှိသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ ဆောင်ရွက်နေသည့်တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုရန်ကုန်နှင့် မန္တလေးတို့တွင်သာမက မြို့ကြီးများဖြစ်သည့် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေတို့၌ပါ ပြည်သူ အများစု လက်လှမ်းမီစေနိုင်မည့်ပြည်သူ့အိမ်ရာ စီမံကိန်းများကို မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟု သမ္မတ ဦးသိန်းစိန်ကစက်တင်ဘာလ ၁ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

”မြို့ပြနဲ့ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် မြေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲအသုံးပြုနိုင်ရမှာ ဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့များ၊ ကျူးကျော်ကိစ္စရပ်များနဲ့ ပတ်သက်လို့ ကျွန်တော့အနေနဲ့ ဥပဒေမဲ့ ကျူးကျော်မှုများကို အရေးယူဆောင်ရွက်လျက်ရှိသလို အမှန်တကယ် မြေယာမရှိတဲ့ တောင်သူများကို မြေယာခွဲဝေပေးရေးဟာလည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ကြီးမားတဲ့အထောက်အပံ့ဖြစ်တယ်လို့ ခံယူပြီးကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟုနိုင်ငံတော်သမ္မတက ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ဆောက်လုပ်နေသည့် တန်ဖိုးနည်း အိမ်ရာများအဖြစ် လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာကို ဆောက်လုပ်နေပြီး တစ်ခန်းလျှင် ကျပ် သိန်း ၁၂ဝ ဝန်းကျင်ဖြင့် ရောင်းချမည်ဖြစ်ကာဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ တန်ဖိုးမျှတအိမ်ရာ ဖြစ်သော ဧရာဝဏ်နှင့် ရတနာအိမ်ရာတို့ကို ဆက်လက်ဆောက်လုပ်လျက်ရှိသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service