ဟိတ်ဟန်ကြီးခြင်း တန်ဖိုးရှိခြင်းတို့ရဲ့ ပြယုဂ်ဖြစ်တဲ့ '၀ဇီရာ'

ဟိတ်ဟန်ကြီးခြင်း တန်ဖိုးရှိခြင်းတို့ရဲ့ ပြယုဂ်ဖြစ်တဲ့ '၀ဇီရာ' - Property News in Myanmar from iMyanmarHouse.com
6 Sep 2014 2:41 pm တွင် တင်ခဲ့သည်
1142 ကြိမ် ကြည့်ရှု့ပြီး
ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၏ လမ်းတစ်ဖက်ခြမ်း၊ ပလက်ဖောင်းပေါ်မှ ကြည့်မည်ဆိုလျှင်
လမ်းဘေးဈေးသည်များ၊ လက်ဖက်ရည်ဆိုင်၊ ကြော်ငြာဆိုင်းဘုတ်နှင့် ရုပ်ရှင် ကြော်ငြာဆိုင်း
ဘုတ်များ ထိုးထိုးထောင်ထောင်နှင့် ဖုံးကွယ်နေသည့်ကြားမှပင် ထင်ထင်ရှားရှားပေါ်လွင်နေသည့်
အ၀ါ ရောင် အဆောက်အအုံတစ်ခုကို မြင်နိုင်မည်ဖြစ်သည်။

ထိုအဆောက်အအုံ အပေါ်ဘက်နားမှ ယိုယွင်းသော်လည်း ထင်ရှားသည့်ဆိုင်းဘုတ် မှာ '၀ဇီရာ'
ဟု ရေးသားထားသည်။ အဆိုပါ အဆောက်အအုံသည် ယခင်က ရုပ်ရှင်ရုံများ စုဝေးရာ ရုပ်ရှင်ရုံ
တန်း (Cinema Row) ခေတ်ဖြစ်သည့် ၁၉၅၀ ပြည့်နှစ်မှ ယနေ့အချိန်အထိ သက်တမ်းအရှည်ဆုံး
ရုပ်ရှင်ရုံဖြစ်ပြီး ယနေ့ထက်တိုင် သက်ဝင်ရှင်သန်လျက်ရှိပြီး နောက်ပိုင်း ခေတ်တွင်လည်း အနုပညာ
လက်ရာမြောက် ရုပ်ရှင်ရုံအဖြစ် နောက်ဆုံးကျန်ရှိသည့် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ
တစ်ခုဟုပြောလျှင်လည်း မှားမည်မထင်ပါ။

ယခု ဆူးလေရှန်ဂရီလာ ယခင် ကုန်သည် ကြီးများဟိုတယ်နေရာတွင် ယခင်က 'Globe' (ခေါ်)
'ဂုဏ်ရုံ'၊ 'Palladium' ဟု အမည်တွင်ခဲ့ဖူးသည့် 'ပပ၀င်း' ရုပ်ရှင်ရုံ စသည်တို့ ရှိခဲ့ဖူးပြီး
ထိုဟိုတယ်နှင့် မျက်နှာ ခြင်းဆိုင်နေရာရှိ ဆာကူရာတာဝါနေရာ တွင် အိန္ဒိယလူမျိုးပိုင် 'Ritz'
ခေါ် 'ရဲရင့်' ရုပ်ရှင်ရုံလည်း ရှိခဲ့ဖူးသည်။

ထို့နောက် လက်တင်ဘာသာစကားဖြင့် 'ဟိတ်ဟန်ကြီး ခြင်း' ဟု အဓိပ္ပာယ်ရသည့်
'The Excelsior' ခေါ် '၀ဇီရာ' ရုံ၊ သွင်၊ မြို့မနှင့် ဆုထူးပန် အစရှိသဖြင့် ရုပ်ရှင်ရုံများ အစီအရီ
ရှိခဲ့ကြသော အဆိုပါနေရာသည် တစ်ခေတ်တစ်ခါဆီက ရုပ်ရှင်ရုံတန်းအဖြစ် အလွန်ကျော်ကြား
ခဲ့သည့်နေရာလည်း ဖြစ်သည်။

၁၉၀၀ ပြည့်လွန်နှစ်များအတွင်း တည် ဆောက်ထားခဲ့သော ရုပ်ရှင်ရုံအများစုမှာ ပြည်သူပိုင်
အသိမ်းခံရပြီးနောက် ပုဂ္ဂလိက ထံ ပြန်လည်ရောင်းချခဲ့ပြန်သည်။ ရုံပေါင်းများစွာမှာ ရောင်းချပြီး
နောက် ဖျက်သိမ်းခံခဲ့ ရပြီး ဆုထူးပန်ရုံမှာလည်း မကြာသေးမီက ပင် အထပ်မြင့်တိုက် စီမံကိန်း
အတွက် စတေးခဲ့ရပြီးဖြစ်သည်။ နိုင်ငံတစ်ဝန်းတွင် ယခင်ကရုပ်ရှင်ရုံပေါင်း ၃၀၀ ကျော်ရှိခဲ့သော်
လည်း ယခုအခါတွင်မူ အနည်းစုသာကျန်ရှိတော့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး
အဖွဲ့ (YHT) ၏ သုတေသနတွင် ဖော်ပြနေသည်။

၂၀၁၃ တစ်နှစ်တည်းတွင်ပင် ရုပ်ရှင်ရုံတန်း၏ လက်ကျန်ခြောက်ရုံအနက် သုံးရုံကို အထပ်မြင့်
ဟိုတယ်နှင့် ရုံးခန်းအဆောက် အအုံ စီမံကိန်းများအတွက် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း အရှေ့တောင်
အာရုံရုပ်ရှင်ရုံ များထိန်းသိမ်းရေးစီမံကိန်းက ဖော်ပြခဲ့ သည်။

အဆိုပါ စီမံကိန်းရှိ အရှေ့တောင် အာရှနိုင်ငံများမှ ထိန်းသိမ်းရမည့် သမိုင်းဝင် ရုပ်ရှင်ရုံများတွင်
ဝဇီရာပါဝင်သည်။ ယင်းမှာ ရန်ကုန်မြို့တွင် သက်တမ်းအရင့်ဆုံးဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန
က ရောင်းချခြင်းမပြုဘဲ ထိန်းသိမ်းထား သည့် ရှားပါးရုပ်ရှင်ရုံလည်း ဖြစ်သည်။

အလင်းရောင်နှင့် လေ၀င်လေထွက်ကောင်း မွန်သည့် အမိုးခုံး ပြူတင်းပေါက်များ၊ ထုထည်ကြီးမား
သည့် တိုင်လုံးကြီးများ၊ တိုင်အထက် ထွင်းထုထားသည့် လက်ရာ မြောက် ပန်းကနုတ်များ၊
ကျယ်ပြန့်လှသည့် ၀ရန်တာ လျှောက်လမ်းများ၊ အနောက်တိုင်း ဆန်ဆန် စက်ဝိုင်းပုံပြတင်း
ပေါက်များနှင့် မျက်နှာကြက်မှ ကျွန်းကနုတ်ပန်းများ၊ ခိုင်ခန့် သည့်ကျွန်းတံခါးရွက်များနှင့် ကျည်း
ပေါင် မှ ကျွန်းကနုတ်များမှာ အတိတ်ဆီက The Excelsior ရုံ၏ ခမ်းနားမှုနှင့် ဟိတ်ဟန်ကြီးမှု
တို့ကို ဖော်ပြနေသည့် သက်သေများဖြစ်ပြီး မျက်မှောက်ခေတ် မည်သည့်ရုပ်ရှင်ရုံတွင် မရရှိနိုင်တော့သည့် လေ၀င်လေထွက် ကောင်းခြင်းနှင့် စောင့်ဆိုင်းရန်နေရာ ကျယ်ဝန်းခြင်း
တို့ကို ပေးစွမ်းနိုင်သည်။

ပြဇာတ်ရုံတွင် ဗိုလ်ကလေးတင့်အောင်၊ ဒဂုံတင်ဝင်းနှင့် ဂီတလုလင် မောင်ကိုကိုတို့ ကဲ့သို့
နာမည်ကျော်စာရေးဆရာ၊ ဒါရိုက် တာများ၏ ပြဇာတ်များ၊ မန္တလေးသိန်းဇော် ဇာတ်ပွဲများ
ကပြခဲ့ဖူးကြောင်း ၀ဇီရာရုံများ ကွပ်ကဲရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဌေးအောင်က
ပြောသည်။

မြန်မာ့ရုပ်ရှင်တွင် အောင်မြင်ကျော်ကြား လာသဖြင့် ပြဇာတ်မှ ရုပ်ရှင်ရုံအဖြစ်ပြောင်းလဲခဲ့ပြီး
၁၉၆၈ ခုနှစ်တွင် ပြည်သူ ပိုင်အသိမ်းခံခဲ့ရကာ ၁၉၈၅ ခုနှစ်တွင် ပြဇာတ်ရုံအဖြစ် တစ်ဖန်ပြန်လည်
အသုံးပြု ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ပြန်လည်ငှားရမ်းခဲ့ပြီး
ရုပ်ရှင်ရုံ အဖြစ် ပြန်လည်အသုံးပြုခဲ့သည်မှာ ယနေ့ ထက်တိုင်ပင်ဖြစ်သည်။

"အထဲမှာဆို တော်တော်လေးကို ပျက်စီး နေတာများနေပြီ။ ရုံမျက်နှာကြက်၊ ထိုင်ခုံ အနေအထား၊
ပိတ်ကား၊ နောက်ပြီး အသံပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအကုန်လုံး ပြောင်းလဲမှုတစ်ခု လုပ်ရမယ်။
လုပ်ဖို့အစီအစဉ်က လောလောဆယ်တော့ အကောင်အထည်မဖော်ဖြစ်သေးဘူး။ ဒီရုံတစ်ရုံလုံးကို
ပြင်ဖို့ ဆို သိန်းပေါင်းသောင်းနဲ့ချီပြီး ကုန်ကျမှာဖြစ်တဲ့အတွက် ရန်ပုံငွေအခက်အခဲလည်းရှိတယ်။
ဖလင်ရုံဖြစ်တဲ့အတွက်လည်း စည်းမျဉ်းအရ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းရ မှာပါ။ ဒစ်ဂျစ်တယ်
ရုပ်ရှင်ပြစက်ကလည်း တစ်လုံးကို သိန်းသုံးလေးထောင်လောက် ရှိ တယ်။ ရုပ်ရှင်လုပ်ငန်းကလည်း
လုပ်ဖို့ တွန်းအားပေးနေတယ်။ အနည်းဆုံးတော့ အကောင်အထည်ဖော်ဖြစ်ဖို့ ခြောက်လ လောက်
ကြာဦးမှာပါ" ဟု ဦးဌေးအောင်က ပြောသည်။

သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံဖြစ်သည့် ၀ဇီရာရုံအား အဆင့်မြှင့်တင်ရန်နှင့် ထိန်းသိမ်းရန်
အတွက် ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်း
အရုံးတို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ် ပြီး ရုံအတွင်းအပြင် အဆင်ပြုပြင်ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ
သို့ ပြောင်းလဲ ကာ ရုပ်ရှင်နှင့် ပြဇာတ်များအတွက် အလင်းနှင့် အသံပိုင်းဆိုင်ရာများ တိုး တက်အောင်
လုပ်ဆောင်သွားမည် ဖြစ်သည်။

ပိုမိုကောင်းမွန်သည်မှာ ဧည့်သည် များကြည့်ရှုနိုင်စေရန်အတွက် ပြတိုက် သဖွယ်ပြုလုပ်ကာ
တစ်ခေတ်ဆီက မြန်မာ့ရုပ်ရှင်လောက၏ သမိုင်းဝင် လက်ရာများကို ပြသထားရန် စီစဉ် ထားခြင်း
ဖြစ်သည်။

ပါဠိစကား '၀ဇိရ' မှဆင်းသက်လာ ပြီး တန်ဖိုးကြီးမားသည့် 'စိန်' ဟု အဓိပ္ပါယ်ရသော ၀ဇီရာသည်
သူ၏တန်ဖိုးမြင့်မားပြီး ဟိတ်ဟန်ကြီးသည့် ဗိသုကာလက်ရာများနှင့် ရုပ်ရှင်နှင့် ပြဇာတ်များမှ
အနုပညာလက်ရာများ ကို သမိုင်းတွင်ဆက်လက် လက်ဆင့် ကမ်းရန်အတွက် ထိန်းသိမ်းပြုပြင်မှု
များကို စောင့်ဆိုင်းနေပြီဖြစ်သည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service