Yoma Strategic ကုမ္ပဏီက ရန်ကုန်မြို့ရှိ စီမံကိန်းများ ထပ်မံတိုးချဲ့ရန် စင်ကာပူဒေါ်လာ ၁၆၃ သန်း တန်ဖိုးရှိ ရှယ်ယာများ ထုတ်ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ကုမ္ပဏီက သတင်းထုတ်ပြန်သည်။
Yoma Strategic ကုမ္ပဏီ၏ ရှယ်ယာများကို ပိုင်ဆိုင်ထားသူ များသာ ၀ယ်ယူနိုင်သည့် Right Share များကို ရောင်းချပေးမည်ဖြစ်ပြီး တစ်စုကို ပြင်ပဈေးကွက်ပေါက်ဈေးမှာ စင်ကာပူ ဒေါ်လာ ၀ ဒသမ ၇၁ ရှိကာ ထပ်မံရောင်းချမည့် အဆိုပါ ရှယ်ယာများကို တစ်စုလျှင် စင်ကာပူဒေါ်လာ ၀ ဒသမ ၃၈ ဖြင့် ဈေးလျှော့ရောင်းရန် စီစဉ်ထားသည်။
အဆိုပါ ရှယ်ယာများကို တစ်ဦးလျှင် သုံးစုအထိ ၀ယ်ယူနိုင်ပြီး ရှယ်ယာများမှာ အမှန်တကယ်ရောင်းချချိန်တွင် ဈေးကွက်ပေါက်ဈေးမှာ စင်ကာပူ ဒေါ်လာ ၀ ဒသမ ၆၃ ရှိနိုင်ကြောင်းလည်း ကုမ္ပဏီက ခန့်မှန်းထားသည်။
ရှယ်ယာများ ရောင်းချခြင်းမှ ရရှိလာမည့် စင်ကာပူဒေါ်လာ ၁၆၃ သန်းခန့်ကို ရထားပို့ဆောင် ရေးဝန်ကြီးရုံးချုပ်နေရာ၌ တည်ဆောက်နေသည့် Land Mark စီမံကိန်းတွင် စင်ကာပူဒေါ်လာ ၅၄ သန်းခန့်၊ ပန်းလှိုင်ဂေါက်ကွင်းနှင့် Country Club စီမံကိန်းတွင် ၉၅ သန်းကျော်ခန့်၊ New Holl-and လယ်ထွန်စက်နှင့် လယ်ယာသုံး စက်ကိရိယာများ ရောင်းချခြင်းလုပ်ငန်းတွင် ၁၄ သန်းကျော်ခန့် ထပ်မံရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။
Right Share ရောင်းချခြင်း နှင့် ရှယ်ယာရှင်များ၏ သဘောတူ ညီမှု ရရှိရန် ထူးခြားသည့် အထွေ ထွေ အစည်းအဝေးပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး ဆက် လက်လုပ်ဆောင်မည့် လုပ်ငန်း စဉ်များကိုလည်း ရှယ်ယာရှင်များ အား အသိပေးကြေညာသွားမည် ဖြစ်သည်ဟု ဆိုသည်။
Credit: 7 Day Daily