ပြင်ဦးလွင်မြို့ အိမ်ခြံ မြေဈေးကွက်တွင် ကျပ်သိန်းတစ် ထောင်အောက် မြေကွက်များနှင့် မြို့ပတ်လည်ရှိ လယ်ယာမြေများ အဓိကအရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်းများ မြင့်တက်နေကြောင်း သတင်းရရှိသည်။
သင်္ကြန်ကာလနောက်ပိုင်းမှ စတင်ကာ ပြင်ဦးလွင်မြို့တွင် အိမ် ခြံမြေအရောင်းအဝယ်ဈေးကွက် ပြန်ကောင်းလာခြင်းဖြစ်ပြီး လက် ရှိတွင် ကျပ်သိန်းတစ်ထောင် အောက် မြေကွက်များ အဓိက အရောင်းအဝယ်ဖြစ်နေသည်။ မြို့ပတ်လည်ရှိ လယ်ယာမြေများ ပါ အရောင်းအဝယ်သွက်နေသည် ဟု ပြင်ဦးလွင် မြို့ခံအိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
‘‘အခွန်ဆောင်ရမယ့် ပမာဏ နည်းတဲ့ သိန်းငါးရာအောက်မြေ ကွက်တွေ အဓိကအရောင်းအဝယ် ဖြစ်နေတယ်။ သင်္ကြန်ပြီးကတည်း က တောက်လျှောက်အရောင်း ဝယ်ဖြစ်နေတာ အခုပြင်ဦးလွင်မြေ ဈေးက တက်ရိပ်ပြနေတယ်’’ဟု ပြင်ဦးလွင်မြို့ခံ အိမ်ခြံမြေအကျိုး ဆောင် ဦးဒိုပုန်းက ပြောသည်။
ငွေကြေးခဝါချမှုတိုက်ဖျက် ရေးလုပ်ဆောင်မည်ဟူသော သတင်းများထွက်ပေါ်လာပြီး နောက် တရုတ်လုပ်ငန်းရှင်များနှင့် ရန်ကုန်နှင့် မန္တလေးမှ လုပ်ငန်း ရှင်များ ပြင်ဦးလွင်အိမ်ခြံမြေဈေး ကွက်တွင် မြေကွက်လာရောက် ဝယ်ယူမှု များပြားနေသည်ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။ ထို့ကြောင့် မြေကွက် ဈေးနှုန်းများမြင့်တက်နေပြီး ပေ လေးဆယ်ခြောက်ဆယ် ဂရန်မြေ တစ်ကွက်လျှင် အနိမ့်ဆုံးဈေးကျပ် သိန်းလေးရာခန့်အထိ ဈေးပေါက် နေသည်ဟု ဆိုသည်။
‘‘အရောင်းအဝယ်က တော် တော်ဖြစ်တယ်။ မြို့တွင်းပိုင်းက ဂရန်မြေကွက်တွေတင်မကဘူး။ မြို့ပြင်ရွာတွေက လယ်ယာမြေ တွေပါ အရောင်းအဝယ်ဖြစ်နေ တယ်။ ရွာမြေလယ်ယာမြေတွေ အကွက်ရိုက်ရောင်းနေတာတွေကို တခြားမြို့က လုပ်ငန်းရှင်တွေက လူကိုယ်တိုင်လာမကြည့်ဘဲ ငွေလွဲ ပေးပြီးဝယ်နေကြတာတွေလည်း ရှိတယ်’’ဟု အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်နေသည့် ပြင်ဦးလွင်မြို့ခံအမျိုးသမီးတစ်ဦး က ပြောသည်။
ပြင်ဦးလွင်မြို့သစ်ပိုင်းရှိ မြေ ကွက်များဈေးနှုန်းမြင့်တက်နေ သလို ပြင်ဦးလွင်မြို့ပတ်လည်ရှိ ရေချမ်းအိုး၊ ရေငယ်၊ ပင်လိမ်၊ ကီးကိုင်၊ ရေတလျောက်ကုန်း၊ မိုင်းလုံး၊ ကြက်တက်နှင့် ပြင်စာ ကျေးရွာများအနီးရှိ လယ်ယာမြေ များပါ အရောင်းအဝယ်သွက်နေ သည်ဟု မြို့ခံအိမ်ခြံမြေ အကျိုး ဆောင်များကပြောသည်။
‘‘ဘိုးဘွားပိုင်မြေဆိုပြီး လယ် ယာမြေတွေကို ခြံစည်းရိုးခတ်၊ အကွက်ရိုက်ရောင်းကြတယ်။ ပိုင် ဆိုင်မှုကတော့ မခိုင်မာဘူး။ ဒါပေ မဲ့ မြို့ထဲကမြေကွက်ဈေးနဲ့ယဉ် တော့ အများကြီးသက်သာတယ် ဆိုပြီး ဝယ်ကြတာ။ ရွာမြေတွေက ပေတစ်ရာပတ်လည်မှ သိန်းငါး ဆယ်အောက်ပဲဈေးရှိတယ်’’ဟု ဦးဒိုပုန်းက ပြောသည်။
လက်ရှိတွင် အသစ်ဖောက် လုပ်နေသော ပြင်ဦးလွင်မြို့ရှောင် လမ်းရှိ လယ်ယာမြေများမှာ တစ် ဧကကျပ်သိန်းတစ်ထောင်ခန့် အထိ ဈေးမြင့်တက်နေသည်။
Credit: 7 Day Daily