မန္တလေးမြို့ရှိ ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာများ ပြီးစီးနေပြီဖြစ်သော်လည်း ရောင်းချရန် ကြန့်ကြာေ

မန္တလေးမြို့ရှိ ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာများ ပြီးစီးနေပြီဖြစ်သော်လည်း ရောင်းချရန် ကြန့်ကြာေ - Property News in Myanmar from iMyanmarHouse.com
3 Sep 2014 11:06 am တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးမြို့ရှိ ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ ပြီးစီးနေပြီဖြစ်သော်လည်း ရောင်းချရန်ကြန့်ကြာမှုများရှိနေကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

ရောင်းမှားဝယ်မှားနှင့် ကျူးကျော်သူများကို ဘူဒိုဇာဖြင့် ထိုးဖျက်သိမ်းခဲ့သည့် ယင်းမြရည်နန္ဒာရပ်ကွက်အတွင်းရှိ မြေဧက ၅၀ ကျော်နေရာတွင် နစ်နာခဲ့သူများကို ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာ ပြန်ဆောက်ကာ ရောင်းချပေးမည်ဟုဆိုကာ ၂၀၁၃ ခုနှစ်လယ်အတွင်းက အကောင်အထည်ဖော်နေခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဧပြီလကုန်တွင် ရောင်းချနိုင်မည်ဟု ကြေညာခဲ့သော်လည်း လျှောက်လွှာများဖောင်းပွနေခြင်း၊ အမှန်တကယ် အိမ်ရာရှိသူများ၊ စီးပွားရေးသမားများ ၀င်ရောက်လျှောက်ထားမှုများကြောင့် လျှောက်လွှာများစိစစ်ရန် ခက်ခဲသဖြင့် အသစ်ပြန်လျှောက်ရမည်ဖြစ်ကြောင်း ဇူလိုင်လအတွင်းက စည်ပင်သာယာ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“လျှောက်လွှာအသစ်ကို ဘယ်လိုပုံစံနဲ့ ခေါ်မယ်ဆိုတာရော၊ ပေးသင့်ပေးထိုက်တဲ့သူ စာရင်းတွေရော ပြုစုတင်ပြလိုက်တော့ ဆောက်ပြီးသား အခန်းအရေအတွက်ထက်တောင် များနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကော်မတီအဖွဲ့က စနစ်တကျနဲ့ ဘယ်လိုပုံစံ၊ ဘယ်လိုရောင်းချသင့်တယ်၊ အရစ်ကျ၊ လက်ငင်း၊ ဘဏ်ချေးငွေ စတာတွေအားလုံးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးသွားပါပြီ။ အစိုးရအဖွဲ့ အတည်မပြုသေးလို့ လောလောဆယ် မရောင်းချနိုင်သေးဘူး ဖြစ်နေတာ” ဟု ကော်မတီဝင်တစ်ဦးက ရှင်းပြသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက်အတွင်းတွင် မြို့ပြစီမံကိန်းဆောင်ရွက်ရန် စည်ပင်သာယာမှ အကောင်အထည်ဖော်နေပြီး မမ ၁၅ နှင့် မမ ၂၆ အကွက်နှစ်ခုတွင် ကျပ်သိန်းတစ်ရာအောက် တန်ဖိုးနည်းအိမ်ရာကို တည်ဆောက်နေပြီး ၅၇ လုံး၊ အခန်းပေါင်း ၁၃၄၄ ခန်းပါဝင်မည်ဖြစ်သည်။ ကပ်လျက်အကွက်ဖြစ်သော မမ ၁၆ နှင့် မမ ၂၇ အကွက် နှစ်ကွက်ကို အိုးအိမ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူတည်ဆောက်နေကြောင်း သိရသည်။ ဆက်လက်ပြီး မမ ၂၈ နှင့် မမ ၂၉ အကွက်နှစ်ခုတွင် တန်ဖိုးနည်းအိမ်ရာကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

“တစ်နှစ်ကျော်ကြာပါပြီ။ ဒီကျပ်သိန်းတစ်ရာအောက်ဆိုတဲ့ အိမ်ခန်းကို မျှော်လင့်နေခဲ့တာ။ ဒါပေမဲ့ အဲဒီတန်ဖိုးနည်းက အစိုးရအရာရှိဝန်ထမ်းနဲ့ ရောင်းမှားဝယ်မှား ဦးစားပေးလို့ပိုမှ ပုဂ္ဂလိက၀န်ထမ်း။ ဒါကလည်း နောက်အသုတ်မှရမယ်လို့ သိရတယ်။ တန်ဖိုးနည်းအိမ်ရာ ဘေးပတ်ပတ်လည်က မြေကွက်တွေကတော့ ကျပ်သိန်းထောင်ဂဏန်းနား ကပ်ကုန်တာပါပဲ” ဟု မြရည်နန္ဒာရပ်ကွက်အတွင်း နေထိုင်သည့် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။

တန်ဖိုးနည်းအိမ်ရာပါဝင်သည့် မြရည်နန္ဒာနှင့် အောင်သာယာရပ်ကွက်အတွင်း၌ မြို့ပြစီမံကိန်းဆောင်ရွက်ရန် လျာထားသည့် မြေဧကမှာ စုစုပေါင်း ၁၁၇ ဒသမ ၂၄၉၇ ဧက ပါဝင်သည်။ ယင်းတို့အထဲမှ ပေ ၄၀×ပေ ၆၀ ၁၈၇ ကွက်နှင့် ပေ ၃၀×ပေ ၄၀ ၁၈၇ ကွက်စီ ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service