လူထုလက်လှမ်းမီသည့် နှုန်းဖြင့် တန်ဖိုးနည်းအိမ်ရာများ မြို့ကြီး ၉ ခုတွင် ဖော်ဆောင်မည်ဟု သမ္မတပြော

လူထုလက်လှမ်းမီသည့် နှုန်းဖြင့် တန်ဖိုးနည်းအိမ်ရာများ မြို့ကြီး ၉ ခုတွင် ဖော်ဆောင်မည်ဟု သမ္မတပြော - Property News in Myanmar from iMyanmarHouse.com
2 Sep 2014 4:18 pm တွင် တင်ခဲ့သည်
1493 ကြိမ် ကြည့်ရှု့ပြီး
ပြည်သူလူထုလက်လှမ်းမှီနိုင်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများကို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်သာမက အခြားမြို့ကြီးများတွင်ပါ အကောင်အထည်ဖော်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။

နိုင်ငံ၏ လက်ရှိဆောင်ရွက်မှု အခြေအနေများကို နိုင်ငံတော် သမ္မတမှ လစဉ် ရေဒီယိုမှ မိန့်ခွန်းပြောကြားခဲ့ပြီး သြဂုတ်လအတွင်း အစိုးရ၏ ဆောင်ရွက်ချက်များကို ပြောကြားခဲ့သည့် စက်တင်ဘာ ၁ ရက် ရေဒီယို မိန့်ခွန်းတွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းပြုလုပ်ပေးရန် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိဆောင်ရွက်နေတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ရန်ကုန်နဲ့ မန္တလေးလို နေရာများမှာသာမကပဲ မြို့ကြီးများဖြစ်တဲ့ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနဲ့ စစ်တွေ လိုနေရာမျိုးမှာ ပြည်သူလူထု လက်လှမ်းမှီစေနိုင်မယ့် ပြည်သူ့အိမ်ရာစီမံကိန်းတွေကို မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် အညီ
အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးမြို့တော်ဖြစ်ပြီး လူဦးရေ ၇သန်းဝန်းကျင် နေထိုင်နေသည့် ရန်ကုန်မြို့တော် အပါအဝင် အခြားမြို့ကြီးများကို ခေတ်မှီဖွံ့ဖြိုး တိုးတက်စေရေးအတွက် စနစ်ကျသည့် မြို့ပြစီမံကိန်းလုပ်ငန်းများဖြင့် အလေးထားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်အစိုးရမှ မြို့ကြီး ၅ မြို့တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများတွင် မြေတန်ဖိုးကို ထည့်သွင်းတွက်ချက်ခြင်းမပြုဘဲ ဈေးနှုန်း သက်သာစွာ ရောင်းချပေးရန် နိုင်ငံတော် သမ္မတမှ ညွှန်ကြားထားသည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ဖြေကြားထားကြောင်း စက်တင်ဘာ ၁ရက်ထုတ် 7 day သတင်းစာတွင်ဖော်ပြထားသည်။

သို့သော် အစိုးရမှ တန်ဖိုးနည်းအိမ်ရာများကို လူထုလက်လှမ်းမီနိုင်သည့် ဈေးနှုန်းများဖြင့် ရောင်းချရန် အကောင်အထည်ဖော်နေသော်လည်း လက်လုပ်လက်စား အခြေခံလူတန်းစားများအနေဖြင့် သတ်မှတ် ဈေးနှုန်းကို ၀ယ်ယူနိုင်ရန် မလွယ်ကူသောကြောင့် ရောင်းချမည့်အစား ငှားရမ်းသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ အမတ် ဒေါက်တာညိုညိုသင်းက ဆိုသည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service