အိမ်နှင့် မြေငှားရမ်းမှု ဥပဒေသစ် မကြာမီ ပြဋ္ဌာန်းမည်

အိမ်နှင့် မြေငှားရမ်းမှု ဥပဒေသစ် မကြာမီ ပြဋ္ဌာန်းမည် - Property News in Myanmar from iMyanmarHouse.com
29 Aug 2014 12:06 pm တွင် တင်ခဲ့သည်
1444 ကြိမ် ကြည့်ရှု့ပြီး
အိမ်ငှား ဈေးနှုန်းများကို ထိန်းချုပ်နိုင်မည့် အိမ်နှင့် မြေငှားရမ်းမှု ဥပဒေသစ်အား မကြာမီ ပြဋ္ဌာန်းတော့မည် ဖြစ်ကြောင်း ယမန်နေ့က ကျင်းပပြုလုပ် သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် န၀မအကြိမ် ပုံမှန် အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်း က ပြောသည်။ လက်ရှိတွင် အိမ်နှင့် မြေငှားရမ်းခြင်း ဆိုင်ရာ ဥပဒေအား ခေတ်စနစ်နှင့် ကိုက်ညီသည့် ဥပဒေ ဖြစ်ရန် သက်ဆိုင်ရာ ဥပဒေ ပညာရှင်များ၊ အိမ်ခြံမြေ ကျွမ်းကျင်သူ များနှင့် အစိုးရအဖွဲ့ စုပေါင်း၍ ရေးဆွဲထားပြီး၊ ဥပဒေချုပ်ရုံးသို့ တင်ပြထားကြောင်း သိရသည်။ အရင် ဥပဒေဟောင်းကို ပယ်ဖျက် လိုက်ပြီး ဥပဒေအသစ်ကို ပြဋ္ဌာန်းပေး တော့မယ်။ ဒီဥပဒေ ထွက်လာရင် အိမ်ငှား နေထိုင်သူတွေ အတွက် ကာကွယ်နိုင်မှာပါ ဟု ၎င်းက ပြောသည်။ အိမ်နှင့် မြေ ငှားရမ်းမှု ဆိုင်ရာ ဥပဒေတွင် နေရာ အကျယ်အ၀န်းနှင့် သင့်တင့်မျှတသည့် ဈေးနှုန်းတစ်ခု ဖြစ်လာရန် ရေးဆွဲထားပြီး၊ လိုက်နာမှု မရှိသည့် အိမ်ရှင်အား တရား ဆွဲဆိုနိုင်ရန် ထည့်သွင်း ထားကြောင်း သိရသည်။

အဆိုပါ ဥပဒေအား ပြည်ထဲရေးဝန်ကြီး ဌာနမှ တာဝန်ယူ ဆောင်ရွက်နေပြီး၊ ယခုနှစ်အတွင်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၆၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်သည့် ဥပဒေအား ခေတ်စနစ်နှင့် လျော်ညီမှု မရှိ၍ ၂၀၁၂ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။

အခုဆို အိမ်ငှားသမားတွေက အိမ်ရှင် တွေလုပ်သမျှခံနေရတယ်။ ခြောက်လပြည့်လို့ ပွဲစားက ဈေးပိုပေးတဲ့ သူလာရင် အိမ်ရှင်က အဲဒီလူကိုပဲ ငှားချင်တော့ လူဟောင်းကို ပြောင်းခိုင်းရော။ ဒါတွေက လုံးဝ မဖြစ်သင့်ဘူး။ ဒါကြောင့် ထိရောက်တဲ့ ဥပဒေဖြစ်ဖို့ လိုတယ် ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့် က ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့၌ အိမ်ခြံမြေ ဈေးနှုန်းများမှာ မြင့်မားနေမှုကြောင့် အိမ်ငှားရမ်း နေထိုင် သူများမှာ မြို့တွင်းပိုင်းတွင် နေထိုင်နိုင်ခြင်း မရှိတော့ဘဲ မြို့ပြင်သို့ ပြောင်းရွေ့ကာ နေထိုင်လာကြရကြောင်း အိမ်ငှားရမ်းနေထိုင် သူများထံမှ သိရသည်။

ဒီ ဥပဒေက တကယ် လိုအပ်တဲ့ ဥပဒေတစ်ခုပါ။ လောလောဆယ်တော့ ဥပဒေကို သေချာ မဖတ်ရသေးတဲ့ အတွက် ပြောလို့ မရသေးဘူး။ ဒါပေမဲ့ ဒီဥပဒေက ပြည်သူတွေအတွက် အကျိုးရှိမယ့် ဥပဒေ တစ်ခုဖြစ်မှာပါ ဟု ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏ်စိုး က ပြောသည်။

Credit: Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service