အိမ်ငှားခမြင့်ခြင်းကို ကော်မတီဖွဲ့၍ထိန်းချုပ်ပေးရန်အဆို မှတ်တမ်းအဖြစ်အဆုံးသတ်

အိမ်ငှားခမြင့်ခြင်းကို ကော်မတီဖွဲ့၍ထိန်းချုပ်ပေးရန်အဆို မှတ်တမ်းအဖြစ်အဆုံးသတ် - Property News in Myanmar from iMyanmarHouse.com
28 Aug 2014 5:16 pm တွင် တင်ခဲ့သည်
1104 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်းအိမ်ငှားခ မြင့်တက်လာမှုကြောင့်အိမ်ရာမဲ့ မိသားစုများ အခက်အခဲ ကြုံနေရသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အိမ်ခန်းငှားရမ်းမှုအဆင်ပြေ ချောမွေ့စေရေးအဖွဲ့များ ဖွဲ့ပြီး စီစဉ်ပေးရန် အဆိုမှာ မှတ်တမ်းအဖြစ်သာ အဆုံးသတ်သွားခဲ့သည်။

”ပြည်ထဲရေးဝန်ကြီးဌာနကနေအိမ်နှင့် မြေ ငှားရမ်းခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းဖို့ လုပ်နေပါတယ်။ အခုတင်ပြလာတဲ့ အဆိုကို လွှတ်တော်မှာ မှတ်တမ်းအဖြစ် ထားဖို့တင်ပြပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

ရန်ကုန်မြို့တော်၌ အိမ်ငှားရမ်းခ မြင့်တက်လာခြင်းကြောင့်ငှားရမ်းခ မတတ်နိုင်သည့် ပြည်သူများ အနေဖြင့် ရပ်ကွက်များအတွင်းရှိမြေနေရာလွတ်များပေါ်တွင် အဆင်ပြေသလို ကျူးကျော်တဲများထိုးပြီး နေထိုင် လာရသည့် အခြေအနေများဖြစ်ပေါ်လာသဖြင့် အစိုးရက ဝင်ငွေနည်း မိသားစုများအတွက် မြို့နယ်အလိုက် အိမ်ခန်းငှားရမ်းခနှုန်းထားများကို ကြီးကြပ်နိုင်ရန် ကော်မတီဖွဲ့လုပ်ကိုင်သင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက သြဂုတ်လ ၂၅ ရက်၌ ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမအကြိမ် နဝမပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့တွင် တင်ပြခဲ့သည်။

”အခန်းငှားခတွေက လေးလွှာ၊ ငါးလွှာကို တစ်သိန်းခွဲလောက်အထိတောင်းနေပြီ။ အိမ်ငှားခမပေးနိုင်တဲ့ သူတွေကလည်း ရပ်ကွက်ထဲမှာအဆင်ပြေသလို တဲထိုးနေလာကြပါတယ်။ ဖြစ်နိုင်ရင် တန်ဖိုးနည်းအိမ်ရာ တွေဆောက်ပြီး ဈေးချိုချိုနဲ့ ငှားပေးမယ်ဆိုရင်လည်း အဆင်ပြေတယ်။ အခုငှားခတွေမြင့်လာလို့ တဲပေါ်ကနေ တိုက်ပေါ်မရောက်ဘဲ တဲပေါ်ကနေမြေကြီးပေါ် ရောက်သွားသလို ခံစားနေရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန်းစန်းမြင့်က ပြောသည်။

အိမ်ငှားခများ မြင့်တက်လာခြင်းအတွက် အတိဒုက္ခရောက်နေသောပြည်သူများက လွှတ်တော်ကိုယ်စား လှယ်များထံ စာဖြင့်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း တင်ပြတောင်းဆိုလာနေသဖြင့် အစိုးရအဖွဲ့ အနေဖြင့် ထိရောက်သောအစီအစဉ်များဖြင့် ငှားရမ်းခနှုန်းထားများကို ကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီး ထိန်းချုပ်ပေးပါရန် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

”မြေဈေးတွေ ခေါင်ခိုက်နေတဲ့အပြင် ငှားခတွေကလည်း ဈေးမြင့်နေတယ်။ သာမန်ပြည်သူမပြောနဲ့ အလယ်အလတ်အဆင့် ပြည်သူတွေတောင် အိမ်ပိုင်ရာပိုင်ဖြစ်ဖို့ဆိုတာမျှော်တိုင်းဝေးတဲ့ အိပ်မက်တစ်ခု ဖြစ် နေပါပြီ။ ဒါကြောင့် အစိုးရကနေအရေးကြီးကိစ္စရပ်လို သဘောထားပြီးတော့ လုပ်ပေးဖို့ လိုပါတယ်”ဟု ဒေါက်တာညိုညိုသင်းက တင်ပြခဲ့သည်။

၎င်းကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ ၂၅ ရက်တွင် ကျင်းပခဲ့သည့်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယနေ့အစီအစဉ်၌ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်ကျော်က တင်သွင်းခဲ့သော အဆိုကိုသြဂုတ်လ ၂၇ ရက် လွှတ်တော်အစီအစဉ် ဒုတိယပိုင်းတွင် လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးနှင့် အစိုးရအဖွဲ့ဘက်မှ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့ ဆွေးနွေးခဲ့ကြပြီးအစိုးရ ဘက်က အိမ်ရှင်၊ အိမ်ငှား ငှားရမ်းခြင်း ဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေသည့်အတွက် ယခုအဆို­အား မှတ်တမ်းအဖြစ်သာ ရေးသွင်းထားသင့်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက တင်ပြခဲ့ပြီး အဆိုတင်သွင်းသူ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်ကလည်း လက်ခံခဲ့သည့်အတွက် ယင်းအဆိုမှာ မှတ်တမ်းအဖြစ် အဆုံးသတ်ခဲ့ရသည်။

”အောက်ခြေမှာ အိမ်ငှားရမ်းခတွေ မြင့်လာလို့ ပြည်သူတွေ ဒုက္ခရောက်နေတာတွေ့ရပါတယ်။ ဒီဥပဒေ သစ်ကို ပြည်ထောင်စုလွှတ်တော်မှာလုပ်နေတယ်ဆိုတာလည်း သိရှိပါတယ်။ ဥပဒေသစ်တစ်ခုမပြဋ္ဌာန်းခင်မှာ တည်ဆဲဥပဒေတွေကနေလုပ်လို့ရနိုင်မလားဆိုပြီး ဒီအဆိုကို တင်သွင်းခဲ့တာပါ။ ဝန်ကြီးကလည်းသေသေချာချာ ရှင်းပြခဲ့တဲ့အတွက် ဒီအဆိုကိုမှတ်တမ်းအဖြစ်ထားဖို့ လက်ခံပါတယ်” ဟု အဆိုရှင် ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းကျော်ကပြောသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service