ကျပ်သိန်း (၁၀၀၀)အထက် အိမ်ခြံမြေ ၀ယ်ယူသူများကို ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့သို့ သတင်းပေးပို့ရမည်

ကျပ်သိန်း (၁၀၀၀)အထက် အိမ်ခြံမြေ ၀ယ်ယူသူများကို ငွေကြေးဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့သို့ သတင်းပေးပို့ရမည် - Property News in Myanmar from iMyanmarHouse.com
24 Aug 2014 1:22 pm တွင် တင်ခဲ့သည်
2870 ကြိမ် ကြည့်ရှု့ပြီး
ငွေမဲမှ ငွေဖြူကို ပြောင်းလဲကာ ငွေကြေး ခ၀ါချထားမှုများ ပပျောက်နိုင်ရန် အတွက် သိန်း (၁၀၀၀) ကျော် အထက် အိမ်ခြံမြေ ၀ယ်ယူသူများကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့သို့ သတင်းပေးပို့ရန် ညွှန်ကြားထားကြောင်း ယင်းတပ်ဖွဲ့မှ သတင်းရရှိသည်။

သိန်းတစ်ထောင်က တော်ရုံတန်ရုံ မြေလည်း ဖြစ်တယ်။ သို့သော် သတင်းပို့ရမယ်။ သူတို့ကို ကျွန်တော်တို့က ဘာမှမလုပ်ဘူး။ ဥပမာ-ဒီတစ်ပတ် အတွင်း မြေကွက် ငါးကွက်ကို တစ်ပြိုင်တည်း ရောင်းလိုက်တယ်။ ဒီလိုဆို ရင်နည်းနည်း သံသယဖြစ်တယ်။ ရောင်းပြီး ဒီငွေကို ဘယ်မှာသွားပြီး ရင်းနှီး မြှုပ်နှံမှာလဲ။ သူ့ဘာသာ ရင်းနှီးမြှုပ်နှံရင် ဘာမှ မဖြစ်ပါဘူး ဟု အဆိုပါ တပ်ဖွဲ့မှ ဒုတိယ တပ်ဖွဲ့မှူးကြီး ကျော်ဝင်းသိန်းက ပြောသည်။ နိုင်ငံတကာတွင် လိုင်စင်ရ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များဖြင့် ဖွဲ့စည်းထားသော အသင်း အဖွဲ့များက သတင်းပို့ရန် တာဝန်ရှိပြီး မြန်မာနိုင်ငံတွင်လည်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ အသင်းအဖွဲ့များမှ သတင်းပို့ပေးရမည် ဖြစ်သည်။ အိမ်ခြံမြေ အရောင်းအ၀ယ်ပြု လုပ်ပါက (၃၀) ရာခိုင်နှုန်းကို အခွန်ဆောင်ပါက တရားဝင်ကြောင်း အိမ်ခြံမြေ ၀န်ဆောင်မှု အသင်းမှ သိရသည်။

စစ်ဆေးခံရရင် အခွန်ဘက်က (၃၀) ရာခိုင်နှုန်းဆောင်ပြီး ရင်မှန်တယ်။ ကျွန်တော်တို့က အထူး ဥပဒေဖြစ်လို့ ကျန်တဲ့ ဥပဒေကို ကျော် လွန်တယ်။ ဒီငွေသိန်းတစ်သောင်းက ဘယ်က နေရသလဲဆိုတဲ့ အကြောင်းအကျိုး ဖော်ပြရမယ့် တာဝန်က စစ်ဆေးခံရသူမှာ ရှိတယ် ဟု ရဲမှူးကြီး ကျော်ဝင်းသိန်းက ဆိုသည်။

ထို့ပြင် ကျပ်သိန်းတစ်ထောင် အထက် ရင်းနှီးမြှုပ်နှံမှုများကို သတင်းပေးပို့ရမည်မှာ အိမ်ခြံမြေကဏ္ဍ တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံအနှံ့တွင် ရှိသော ဘဏ်များ၊ ဘဏ်ခွဲများမှလည်း ငွေကျပ်သိန်း တစ်ထောင် အထက် အသွင်းအထုတ်ပြု လုပ်ပါက ငွေကြေး ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး တပ်ဖွဲ့ ကို သတင်းပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ငွေကြေးခ၀ါချမှု တွေက အိမ်ခြံမြေအသင်းဝင် တွေကြောင့် စီးဝင်တယ်ဆိုတာ အသင်းသူ အသင်းသား (၃၀၀၀) လောက်ရှိတဲ့ နိုင်ငံတော် အပေါ်ထားရှိတဲ့ သစ္စာရှိမှုကို ကျွန်တော် တာဝန်ယူပါတယ်။ မဟုတ်တာလုပ်တဲ့ သူက သူ့ဟာနဲ့သူ လက်တို့ပြီး လျှို့ ၀ှက် ပွဲစားတွေနဲ့ အစီအမံ တွေနဲ့ ပြုလုပ်တာမျိုး ရှိပါတယ်လို့ ပြောချင်ပါတယ် ဟု အိမ်ခြံမြေ ၀န်ဆောင်မှု အသင်း ဥက္ကဋ္ဌ ဦးခင်မောင်းသန်း က ပြောသည်။ ၂၀၀၂ ခုနှစ်က ငွေကြေးခ၀ါ ချမှုတိုက်ဖျက်ရေး ဥပဒေ စတင်ပြဋ္ဌာန်းပြီးသည့် အချိန်မှ ယနေ့အထိ စုံစမ်း ဖော်ထုတ်ထားသော ငွေကြေး ခ၀ါချထားမှု (၇၃) မှုနှင့် ကျပ်သန်းပေါင်း (၂၀၀၀)ကျော်ကို ပြည်သူ့ ဘဏ္ဍာဖြင့် သိမ်းဆည်းမှုများပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံမှာ မြေယာ ၀ယ်ရောင်းခွင့် မဟုတ်ဘဲ ငွေကြေးစီးဝင်နေတာ ရာခိုင်နှုန်း (၅၀) အထက်မှာ ရှိတယ်။ တနည်းအားဖြင့် အိမ်နီးနားချင်း တိုင်းပြည်ဘက်က ဘဏ်တိုးသက်သာတဲ့ ငွေတွေအားလုံးကို ချေးပြီး ဒီဘက်ဘဏ်ထဲကို ထည့်ပြီးမှ မြန်မာပြည်မှာရတဲ့ ဘဏ်တိုးအမြတ်နဲ့ ငွေကစားတဲ့ သူက ငွေကြေးစိစစ်မှု ခ၀ါချတယ်လို့ ခေါ်ပါတယ် ဟု UMFCCI အတွင်းရေးမှူး ဦးအေးလွင်က ဆိုသည်။ သတင်းပေးမှု ပျက်ကွက်ခဲ့လျှင် သတိပေးခြင်း၊ လုပ်ငန်း ပိတ်သိမ်းခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းများပြု လုပ်နိုင်ကြောင်းနှင့် အရေးယူရာတွင် လူပုဂ်္ဂိုလ် သာမကဘဲ အဖွဲ့အစည်းကိုပါ အရေးယူနိုင်ကြောင်း ရဲမှူးကြီး ကျော်ဝင်းသိန်းက ပြောသည်။

အသစ်ပြဋ္ဌာန်း လိုက်သော ငွေကြေး ခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေအရ အဖွဲ့ဝင် (၁၅) ဦး ပါဝင်သော အဖွဲ့ကို ဖွဲ့စည်း ထားသည်။ မြန်မာနိုင်ငံ သည် ငွေကြေးခ၀ါ ချထားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသောနိုင်ငံ အဖြစ် (၂၀၀၀) ပြည့်နှစ်တွင် လည်းကောင်း၊ ဆုံးရှုံး မှုမြင့်မားခြင်း ပူးပေါင်းဆောင်ရွက်ခြင်း မရှိသော နိုင်ငံများအဖြစ် ၂၀၁၁ ခုနှစ်တွင် လည်းကောင်း၊ ကမ္ဘာ့ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ခြင်း အဖွဲ့ မှ သတ်မှတ်ခဲ့သည်။

Credit : Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service