အမှန်တကယ် တန်ဖိုးနည်းအိမ်ရာဖြစ်လာရေးအတွက် မြေယာအခက်အခဲရှိဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို

အမှန်တကယ် တန်ဖိုးနည်းအိမ်ရာဖြစ်လာရေးအတွက် မြေယာအခက်အခဲရှိဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များဆို - Property News in Myanmar from iMyanmarHouse.com
24 Aug 2014 1:11 pm တွင် တင်ခဲ့သည်
979 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ ကျူးကျော်များကို ဖြေရှင်းရေးအတွက် ဈေးနှုန်းသက်သာသည့် အိမ်ရာစီမံကိန်းများ ဖော်ဆောင်ရန် လိုအပ်သည်ဟု ဆိုသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင်မူ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန်မှာ မြေနေရာ အခက်အခဲကြီးမားနေခြင်းက ပြဿနာတစ်ရပ် ဖြစ်နေသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများက သြဂုတ် ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကျူးကျော်များကို ဖြေရှင်းရန် ဥပဒေအရ အရေးယူရုံဖြင့် မပြီးဘဲ သက်သာသော ဈေးနှုန်းများဖြင့် တန်ဖိုးနည်း အိမ်ရာဆောက်လုပ်မည့် ပြည်သူ့အိုးအိမ်စီမံကိန်း (Public Housing Project) များကို ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်ဟု နိုင်ငံတော် ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေးကျင်းပစဉ် ပြောကြားခဲ့သည်ကို သြဂုတ် ၂၁ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ဒဂုံစီးတီး အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိသည့် သုခရတနာဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ဦးသောင်းထိုက်မင်းက “အဓိကက မြေ အခက်အခဲပါ။ အခြေခံလူတန်းစားတွေ လက်ထဲနေထိုင်ဖို့ အိမ်ရာတွေ ထည့်မယ်ဆိုရင် မြေကို ဈေးတစ်ခုအထိ လျှော့ချသတ်မှတ်ပြီး ပေးဖို့လိုတယ်။ ၀န်ကြီးဌာန အသီးသီးမှာလည်း လစ်လပ်မြေတွေ အများကြီးရှိတဲ့အတွက် အကောင်အထည်ဖော်ချင်တဲ့ ဆန္ဒပဲလိုတာပါ ” ဟုပြောသည်။

နိုင်ငံတော် ဒု-သမ္မတစိုင်းမောက်ခမ်းကမူ ထိုသို့ဆောင်ရွက်ရာတွင် Public Housing Project များကို ရန်ကုန်နှင့် မန္တလေးမြို့များကိုသာ ဦးစားပေးဆောင်ရွက်နေခြင်းမပြုဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေစသည့် မြို့ကြီးများတွင်လည်း ဆောင်ရွက်ပေးသွားရန်လိုမည်ဟု ထပ်မံပြောထားသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေးမြို့များ၌ အကောင်အထည်ဖော်လျက်ရှိသည့် တန်ဖိုးမျှတအိမ်ရာများနှင့် တန်ဖိုးနည်းအိမ်ရာများ၏ ကနဦးရောင်းဈေးသည်ပင် ငွေကျပ်သိန်း ၁၅၀ နှင့် အထက် ဈေးများရှိနေပြီး တစ်ဆင့်ခံ ရောင်းဈေးများဆိုပါက ကျပ်သိန်း ၃၀၀ မှ အထက်ရှိနေသည်။ အဆိုပါ အခြေအနေများမှာ မြေဈေးအပါအ၀င် ဆောက်လုပ်ရေးကုန်ကျစရိတ်များကြောင့် အများလက်လှမ်းမီသည့် ဈေးသို့ မရောက်နိုင်ဘဲဖြစ်နေသည်ဟု ၎င်းတို့က ပြောသည်။

တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်လျက်ရှိသည့် တော်ဝင်မိသားစု ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးကိုကိုထွေးက “ဒါက ဈေးကွက်ဝယ်လိုအားအတိုင်း သွားတာဖြစ်တော့ ထိန်းလို့ မရဘူး။ ကျပ် သိန်း ၅၀ လောက်နဲ့နေဖို့ အဆင်ပြေတဲ့ ဒီဇိုင်းတွေလည်း ဆွဲထားတာရှိတယ်။ ဒါပေမဲ့ မြေက စကားပြောတယ်။ အစိုးရက တကယ် အခြေခံလူတန်းစားတွေကို အိမ်ရာ အတည်တကျနေစေချင်တယ်ဆိုရင်တော့ ဖြစ်လာမှာပဲ။ အစိုးရမပါဘဲနဲ့တော့ မရနိုင်ဘူး”ဟု မေလအတွင်းက ဆောင်ရွက်ခဲ့သည့် ကျောင်းပေးအပ်လှူဒါန်းပွဲတွင် မဇ်္ဈိမကို ပြောထားသည်။

Credit : mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service