လက်ရှိ အိမ်ရာစီမံကိန်းများ လိုအပ်ချက်မပြည့်မီ၍ ပြန်လည်သုံးသပ်ရန် လိုအပ်

လက်ရှိ အိမ်ရာစီမံကိန်းများ လိုအပ်ချက်မပြည့်မီ၍ ပြန်လည်သုံးသပ်ရန် လိုအပ် - Property News in Myanmar from iMyanmarHouse.com
22 Aug 2014 9:37 am တွင် တင်ခဲ့သည်
1176 ကြိမ် ကြည့်ရှု့ပြီး
စီးပွားရေးမြို့တော် ဖြစ်သည့်ရန်ကုန်မြို့တွင် နှစ်စဉ် အိမ်ရာလိုအပ်ချက်ရှိနေသည့်အတွက် နိုင်ငံတော် အစိုးရက တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ ဆောက်လုပ်ပေးသောနည်းလမ်းအသုံးပြုကာ ဖြေရှင်းပေး နေသော်လည်း လုံလောက်မှု မရှိသဖြင့် ယင်းအိမ်ရာစီမံကိန်းများ၏တည်ဆောက်မှု၊ မြေနေရာရှာဖွေမှုနှင့် ဈေးနှုန်းများကိုပါ ပြန်လည်ပြင်ဆင်သုံးသပ်ရန် လိုအပ်သည်ဟုလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

”အခု သူတို့ တန်ဖိုးမျှတအိမ်ရာတွေ ဆောက်နေတယ် ဆိုတာကလည်း လက်ရှိ ရန်ကုန်အိမ်ရာ လိုအပ် ချက်ကို ဆင့်ပါးစပ် နှမ်းပက်သလိုဖြစ်နေတယ်။ မြို့ပြင်တွေမှာလည်းနေရာတွေအများကြီး ရှိနေတဲ့အပြင် အင်တိုက်အားတိုက် လုပ်ဖို့လည်းလိုတယ်။ ပြီးတော့ အခု ရောင်းနေတဲ့ဈေးနှုန်းတွေရဲ့ ထက်ဝက်လောက် အထိ ထပ်လျှော့ရောင်းနိုင်ဖို့ လိုတယ်”ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်လူဦးရေ ခုနစ်သန်းနီးပါးခန့် နေထိုင်လျက်ရှိပြီး ထိုသို့ လူနေထူထပ်များ ပြားလာသော်လည်း ဈေးကွက်မှလိုအပ်သည့် အိမ်ခြံမြေ၊ တိုက်ခန်းများကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသဖြင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာသည့်အပြင် ငှားရမ်းခနှုန်းထားများပါ လိုက်ပါ မြင့်တက်နေသည့်အတွက် အခြေခံ လူတန်းစားများနှင့် ဝင်ငွေနည်း ဝန်ထမ်းများမှာနေမှုအတွက် ဒုက္ခခံစားနေရသည့်အပြင် နေစရာရှားပါး သူများအနေဖြင့် ကျုးကျော်နေထိုင်သူများအဖြစ်အသွင်ပြောင်းတိုးပွားလာလျက်ရှိသည်။

”မြို့ပြင်မှာ မြေတွေအများကြီးရှိတယ်။ အဲဒီနေရာတွေမှာ တန်ဖိုးမျှတ အိမ်ရာတွေ များများဆောက် လိုက်မယ်၊ အိမ်ရာသစ်တွေဖော်ထုတ်လိုက်မယ်ဆိုရင် အိမ်ခြံမြေဈေးတွေလည်း အထိုက်အလျောက် လျော့ သွားမှာဖြစ်တယ်။ သွားရေးလာရေးကတော့ အဆင်ပြေအောင်လုပ်ထားပေးဖို့ လိုတယ်”ဟု ဂျပန်-မြန်မာ လူမှုစီးပွားဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဒေါက်တာမြင့်ဆန်းက ပြောသည်။

တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများကို ရန်ကုန်မြို့တော်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော် မတီနှင့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတို့က ကုမ္ပဏီများနှင့် ပူးပေါင်း၍ သီးခြားအစီအစဉ်များဖြင့် တည်ဆောက်နေလျက်ရှိပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရောင်းနေကြောင်း သိရသည်။

”တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွေ အများကြီးဆောက်ဖို့ တင်ပြထားပါတယ်။ မြေနေရာသာ ပေး၊ ကျွန်တော်တို့က ဆောက်ပြီး တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ ရောင်းဖို့ အစီအစဉ်ဆွဲနေပါတယ်” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအများပိုင်လီမိတက်မှ ဒုတိယဥက္ကဋ္ဌဦးသက်ဇော်က ပြောသည်။

တန်ဖိုးမျှတ အိမ်ရာ စီမံကိန်းများအတွက် မြေကို အစိုးရပိုင်မြေများပေါ်တွင် ကုမ္ပဏီများကဆောက်လုပ် သည့်စနစ်ဖြစ်သော်လည်း တိုက်ခန်းတန်ဖိုးမှာ အနည်းဆုံး သိန်း ၁၂ဝ မှသိန်း ၄ဝဝ ကျော်အထိ အရစ်ကျ ပေးချေရသဖြင့် အများပြည်သူ လက်လှမ်းမီနိုင်သည့် ဈေးနှုန်းတစ်ခုသတ်မှတ်ရောင်းချရန် လိုအပ်လျက် ရှိနေသည်။

”နောက်ထပ် လေး၊ ငါးနေရာလောက်ကိုလည်း မြေနေရာရှာနေပါတယ်။ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တွေကိုလည်း ဆက်ပြီးဆောက်ဖို့ ရှိပါတယ်။ ရောင်းတဲ့အခန်းတန်ဖိုးတွေလျှော့ချနိုင်ဖို့လည်း နည်းပညာ ရှာ ဖွေနေပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ရောင်းချပေးနေပါတယ်”ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမင်းထိန်က ပြောသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service