အိမ်ခြံ မြေဈေးကွက်သည် မူးယစ်ဆေး၊ ဘိန်းဖြူ၊ ကျောက်မျက်၊ သစ်နှင့် အဂတိလိုက်စားမှု စသည့် တရားမ၀င်ရောင်းရငွေ

အိမ်ခြံ မြေဈေးကွက်သည် မူးယစ်ဆေး၊ ဘိန်းဖြူ၊ ကျောက်မျက်၊ သစ်နှင့် အဂတိလိုက်စားမှု စသည့် တရားမ၀င်ရောင်းရငွေ - Property News in Myanmar from iMyanmarHouse.com
22 Aug 2014 9:37 am တွင် တင်ခဲ့သည်
726 ကြိမ် ကြည့်ရှု့ပြီး
အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ မူးယစ်ဆေးဝါး၊ ကျောက်မျက်နှင့် သစ်စသည့်တို့ကို တရားမဝင်ရောင်းချရငွေများ ငွေဖြူအဖြစ် ပြောင်းလဲရန် အဓိကဝင်ရောက်မှုရှိနေပြီး အိမ်၊ ခြံ၊ မြေဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ရန်အတွက် လွှတ်တော်နှင့် အစိုးရတာဝန်ရှိသူများ စစ်ဆေးဖော်ထုတ်ရန်လိုကြောင်း သိရသည်။

၂ဝ၁၂တွင် အစိုးရက လယ်ယာမြေကို ပေါင်နှံရောင်းချခွင့်အပါအဝင် အခြားစီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် ရန်ကုန်၊ မန္တလေးစသည့်မြို့ကြီးများရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းများသည် ၂ဝ၁၃ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းမြို့ကြီးများ ဈေးနှုန်းသို့ ရောက်ရှိသွားခဲ့သည်။ လယ်မြေ၊ ယာမြေနှင့် ယခင်အစိုးရလက်ထက်က ချပေးခဲ့သည့် ပါမစ်မြေများမှာ တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကစားစရာနေရာတစ်ခု ဖြစ်လာနေကြောင်း ဈေးကွက်အတွင်း မှ ထုတ်ဖော်ပြောဆိုမှုများ ရှိလာနေသည် ။

နိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်ဆိုင်သည့် စက်ရုံများ များပြားလာသည့်အတွက် ပြန်လည်မှတ်ပုံတင်ရန်ကိုပင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်ခဲ့ရသည်အထိ တရားမဝင်ငွေကြေးများ နည်းလမ်းစုံဖြင့်ဝင် ရောက်နေခဲ့ပြီး အိမ်၊ ခြံ၊ မြေကဏ္ဍတွင်လည်း ထိုကဲ့သို့ရလမ်းမပြနိုင်သည့် ငွေကြေးများဖြင့်မြှပ်နှံမှုများ ပြုလုပ်နေသည့် သတင်းမှာလည်း အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်း ယခင်ကတည်းက ထွက်ပေါ်ခဲ့ပြီး ဖြစ်သည်။

“မြန်မာနိုင်ငံမှာ သယံဇာတထုတ်ရောင်းတဲ့ စီးပွားရေးက အဓိကဖြစ်တယ်။ စိုက်ပျိုးရေးထွက်ကုန်ရောင်းတဲ့ ဈေးကွက်နဲ့သဘာဝသယံဇာတရောင်းစားတဲ့ ဈေးကွက်ဖြစ်နေတယ်။ သူများနိုင်ငံလို စက်မှုထွက်ကုန်တွေရောင်း ဝင်ငွေရှာတဲ့နိုင်ငံလည်း မဟုတ်ဘူး။အဓိကကတော့ စိုက်ပျိုးရေးထွက်ကုန်တွေ ရောင်းတယ်။ နိုင်ငံမှာရှိတဲ့ ကျွဲနွားတွေလည်း ကုန်တော့မယ်။ ဆိတ်တွေကအစ ရောင်းတယ်။ အစိုးရကရောင်းတာ မဟုတ်ဘူး။ပြည်သူက ရောင်းတာ။ ပြောရမယ်ဆို မှောင်ခိုလမ်းက ရောင်းနေကြတာ။ သဘာဝသယံ ဇာတ ဂက်စ်ကနေစပြီး ကျောက်မျက်အစ သစ်အဆုံး ကြိမ်အဆုံးပေါ့။ အဲ့ဒီလိုအခြေအနေမျိုးမှာ ဘဏ်မှာ အပ်ဖို့ဆိုတာက မြန်မာနိုင်ငံရဲ့ အတိုးနှုန်းက အတော်များပါတယ်။ ဒါပေမဲ့ များတယ်လို့ပြောပေမယ့် စီးပွားရေးအရက ဘဏ်မှာအပ်ထား အတိုးနှုန်း ထိုင်စားလို့ကောင်းတဲ့ အတိုးနှုန်းမှ မဟုတ်တာ။ပြီးခဲ့တဲ့ကာလတွေတုန်းက ရွှေတို့၊ ကားတို့ ဒေါ်လာတို့။ ကားဈေးကွက်က ပျက်နေတယ်။ အကျဘက်မှာရှိနေတယ်။ ဒေါ်လာဈေးက ငြိမ်နေတယ်။ ပြောရမယ်ဆိုရင် ရွှေကလည်း စီးပွားရေးလုပ်ရကောင်းလောက်အောင် မဟုတ်တော့ဘူး။ သေချာတာက အိမ်၊ ခြံ၊ မြေပဲ။ အိမ်၊ ခြံ၊ မြေကို ငွေပိုရှိသမျှ တိုးဝင်နေကြတာ။ အကြောင်းအမျိုးမျိုးနဲ့ရတဲ့ ငွေမည်းတွေက မူယစ်ဆေးဝါးကအစ ကျောက်စိမ်းကအစ အဲဒီလိုငွေမည်းတွေရှိနေတဲ့ လူတွေဘာစီးပွားရေးလုပ်မလဲဆို သေချာတာနဲ့ လက်ရှိအချိန်မှာ ပေါ်ပင်ဖြစ်နေတာ ဘယ်တော့မှ အခုချိန်မှာ မရှုံးဘူးပေါ့။ အဲဒီ လိုအခြေအနေမျိုးမှာ ဝင်ပြီးတော့ ရင်းနှီး မြှုပ်နှံလိုက်တဲ့အခါကျတော့ အိမ်၊ ခြံ၊ မြေ ဈေးတွေဟာ သာမန်ပြည်သူတွေနဲ့ တဖြည်းဖြည်း လက်လှမ်းဝေးသွားတာပေါ့”ဟု မဏ္ဍိုင် အိမ်၊ ခြံ၊ မြေလုပ်ငန်းမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောကြားသည်။

ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် ဘိန်းဖြူ ဒုတိယမြောက် စိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်ကဆို WHO ရဲ့ ခန့်မှန်းထားတာ တန်ချိန် ၇၈ဝ ရှိတယ်။ ပထမနှစ် က ၆ဝဝ။ မြန်မာပြည်ကထွက်တာ။ပြည်တွင်းကိုသာ စီးဝင်လာမယ်ဆိုရင် ဒီငွေတွေဟာ ဘယ်လောကထဲ ဝင်မလဲ။ စဉ်းစားလို့ရတာပဲ။ အဲဒီတော့ အိမ်၊ ခြံ၊ မြေမှာ ငွေဖြူဖြစ်ဖို့ ခဝါချလို့ မရဘူးမဟုတ်ဘူး။ ဘာလို့ မရရမှာလဲ” ဟု ဦးသန်းဦးက ပြောကြားသည်။

အစိုးရသစ်လက်ထက် ၂ဝ၁၂ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံရန် ဝင်ရောက်လာသောငွေမှာ တစ်နှစ်လျှင် ဒေါ်လာ လေးဘီလျံပင် မပြည့်ခဲ့ကြောင်းလည်း သိရသည်။ ယခင် အစိုးရလက်ထက်နှင့်နိုင်ယှဉ်ပါက ပြည်တွင်းရော ပြည်ပရင်းနှီးမြှပ်နှံမှု တက်လာသည်ဆိုသော်လည်း နှစ်ဆဝန်းကျင်သာ တက်လာခြင်းဖြစ်ပြီး မြေဈေးမှာ အဆမတန်မြင့်တက်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း မြင့်တက်နေဆဲဖြစ်သည်။

“ပြဌာန်းထားတာတော့ ရှိတယ်။ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေဆိုတာရှိတယ်။အဲဒီဥပဒေအရဆိုရင် အဂတိလိုက်စားတဲ့နည်းတွေ၊ မသမှုနဲ့ ရလာတဲ့နည်းတွေ၊ အာဏာအလွဲသုံးစားမှုနဲ့ ရလာတဲ့ နည်းတွေနဲ့ ငွေကြေးတွေဖြစ်ပေါ်လာတာတွေ၊ အဲဒီဥပဒေတွေနဲ့ ငြိစွန်းတဲ့ ဒီငွေကြေးလမ်းကြောင်းတွေကနဲ့ ရရှိလာတဲ့ငွေတွေအားလုံးမှာ ကျွန်တော်တို့က အရေးယူနိုင်တာရှိပါတယ်။ အဂတိလိုက်စားတဲ့ငွေတွေ အာဏာအလွဲသုံးစားလုပ်ရာကရလာတဲ့ လာဘ်စားမှုငွေကြေးတွေ ဒါတွေကို ကြေညာမယ်။ အရေးယူမယ်ဆိုရင် ရနိုင်ပါတယ်”ဟု Purple Equity Law Firm မှ ရှေ့နေ ဦးဖိုးဖြူက ပြောကြားသည်။

ဆက်လက်၍ ၎င်းက“အခုဟာက အဲဒါတွေအားလုံးကို ခဝါချဖို့အတွက် အခုတော့ နောက်ဆုံး ခြံ၊ မြေဈေးကွက်တွေထဲမှာ ဒါတွေလိုက်မြှုပ်နှံနေတာမျိုးကို ကျွန်တော်တို့ တွေ့နေရတယ်။ ဒီဥပဒေအရ အရေးယူခံရမယ်ဆိုရင် ပစ္စည်းတွေ၊ ငွေကြေးတွေ သိမ်းဆည်းခံရနိုင်တယ်။ နောက်ပြစ်ဒဏ်အနေနဲ့ ၁ဝ နှစ်အထိ ထောင်ဒဏ်ချလို့ရတဲ့ ပြစ်ဒဏ်မျိုးတွေကို ကျွန်တော်တို့ရှိတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ တွင် ဥပဒေအရ အားနည်းချက်များရှိနေပြီး စီးပွားရေးတံခါဖွင့်စ မြန်မာနိုင်ငံတွင် ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိသည့် ငွေများ ဝင်ရောက်လာရန် လွယ်ကြောင်း သိရသည်။

“ကျွန်တော်အမြင်ပြောတာ ဒီဥစ္စာက လောလောဆယ်တော့ ထိန်းဖို့မလွယ်ဘူး။ အခွန်စနစ်နဲ့ ထိန်းမှရတော့မယ်။ ပိုင်ဆိုင်မှုပေါ်မှာပဲ ကောက်တဲ့စနစ်နဲ့ကောက်မှပဲ မြေဈေးက ကျသွားမယ့်သဘောရှိတယ်။ အခွန်စနစ်ရှိတယ်ဆိုပေမယ့် ဟကွက်လေးတွေ ရှိတယ်။
ဟကွက်လေးတွေဆိုတာ specia; powe မကိုင်ထားပြီးတော့ နေလို့ရတဲ့ဟာ။နောက်ပြီးတော့ ပါမစ်ဆိုတာ အခွန်ဆောင်စရာမလိုဘူးဆိုတဲ့ မြို့သစ်တွေမှာဖြစ်တဲ့ ပါမစ်အရောင်းအဝယ်တွေဟာ အခွန်ဆောင်စရာ မလိုဘူး။ အဲဒါတွေလည်း ပါတယ်။ဟာကွက်တွေပေါ့” ဟုလည်း မလိခူး အိမ်၊ ခြံ၊ မြေ လုပ်ငန်းမှ ဦးထွန်းအောင်ကျော်က ဆိုသည်။

လောလောဆယ် မြေဈေးကစားရန် ကောင်းနေသည့် ပါမစ်မြေအများစုကို မြန်မာနိုင်ငံသား အမည်ခံထားပြီး နိုင်ငံခြားသားများက ဝယ်ယူမှုများရှိနေကြောင်း သတင်များထွက်ပေါ်နေသည်။

“တချို့ပါမစ်တွေကတော့ များသောအားဖြင့်ကတော့ တရုတ်ဆီ ရောက်နေကြပါပြီ။ တရုတ်ပြည်က တရုတ်တွေ လာဝယ်သွားကြပြီ။ အဲဒါလွန်ခဲ့တဲ့ သုံးလနဲ့ ငါးလ၊ ခြောက်လက တရုတ်တွေ တော်တော်ဆင်းဝယ်တယ်။ ပြည်တွင်းမှာရှိတဲ့ တရုတ်တွေ နဲ့ပတ်သက်ပြီး ဝယ်ကတာပေါ့။ သူတို့ ကိုယ်တိုင် ငွေထုတ်ပေးတာ။ အဲဒီနေရာတွေက ကုန်းတွင်းဆိပ်ကမ်းဆောက်မယ်ဆိုတဲ့နေရာတွေ။ သူတို့က သတင်းမကြားခင်ကတည်းက ဆင်းဝယ်ကြတာလေ။ အခုဟာက လုပ်ငန်းဘယ်မှာလုပ်မယ်ဆို စီးပွားရေးသမားက လိုက်ရင်းနှီးမြှုပ်နှံလိုက်တာပဲ။ ကုန်းတွင်း ကွန်တိန်နာ ဆောက်မယ်။ စက်တင်ဘာမှာ စဆောက်မယ်။ ၂ဝ၁၅ ခုနှစ် မေမှာ အပြီးလုပ်ငန်းအပ်မယ် ဘာညာ သတင်းစာက ဖော်ပြတယ်။ အဲဒီလိုပြောလိုက်တော့ စီးပွားရေးသမားတွေက ကောက်ဝယ်လိုက်ကြတာ။အဲဒီမှာ ထိုးတက်သွားတာ။ အဲဒီတုန်းကဆို မနက် ၁၅ သိန်း၊ ည ၁၅ သိန်းလောက်မြတ်ကြတယ်။ မနက် ၁၅ သိန်း ညနေဆို ၁၅ သိန်း လောက် တက်သွားတယ်။ အဲဒီတုန်းက (ကျပ်သိန်း) ၁ဝဝ၊ ၁၁ဝ၊ ၁၂၅၊ ၁၆ဝ အဲ့ဒီလောက်ရှိတဲ့ဟာက ဝယ်ပြီးတဲ့သူက ၁၆ဝ နဲ့ဝယ် နောက် ၁၇၅ နဲ့ မနက်ပိုင်း ၁၇၅ ဆို ညနေပိုင်းကျ ၁၉ဝ၊ ၂ဝဝ အဲဒီလိုတွေအော်လိုက်ကြတာ။ နှစ်ပတ်၊ သုံးပတ်လောက်ဖြစ်သွားတယ်”ဟု ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၃၃ ရပ်ကွက်ရှိ ဇာမဏီ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်စွာက ဆိုသည်။

ရှေ့နေဦးဖိုးဖြူက “မည်သူမျှ နိုင်ငံခြားသားနှင့်ဖြစ်စေ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီနှင့်ဖြစ်စေ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို ရောင်းတာ၊ ဝယ်တာ၊ ပေးကမ်းတာ၊ ပေါင်နှံတာ၊ လက်ခံ၊ လဲလှယ်တာ၊ အခြားနည်းလမ်း ဖြင့် လွဲတာမလုပ်ရဘူးလို့ ဆိုထားပါတယ်။ အကယ်လို့များလုပ်ခဲ့မယ်ဆိုရင် ပြစ်ဒဏ် သုံးနှစ်ကနေ၊ အများဆုံး ထောင်ဒဏ် ငါးနှစ် အထိချမှတ်ခံရမယ်ဆိုတာမျိုး ပြဌာန်းထားတာတော့ ရှိပါတယ်။ ကျွန်တော်အတွေ့အကြုံရတော့ အရေးယူတာလည်း တစ်ခါမှမတွေ့ဘူး သေးဘူး။ ဒါတွေက ဘယ်သူတွေနဲ့ အဓိက သက်ဆိုင်လည်းဆိုတော့ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့ဆိုတဲ့ SB ကလည်း ကိုင်တွယ်ခြင်းမရှိပါဘူး။ အင်းစိန်က CID အဖွဲ့ကလည်း ဒါကို ကိုင်တွယ်ခြင်းမရှိပါဘူး။ ဒီငွေကြေးဆိုင်ရာကိစ္စတွေ ငွေကြေးအလွဲသုံးစား ကိစ္စတွေ ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းအလွဲ သုံးစားတဲ့ကိစ္စတွေက “စ”သုံးလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီအထူးစုံစမ်းရေးအဖွဲ့က လူတွေက ဒါတွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်တာမျိုးတွေ ရှိပါတယ်။ သို့သော်ငြားလည်းပဲ ယနေ့အချိန်ထိ ဒီတရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးများ ထိန်းချုပ်ရေးဥပဒေအရရော ပစ္စည်းလွှဲပြောင်းခြင်း ကန့်သတ်ဥပဒေအရရော အရေးယူတာမျိုး မတွေ့ရသေးဘူး။ အခုလို အိမ်၊ ခြံ၊ မြေမြင့်နေတဲ့ဈေးနှုန်းတွေ အများကြီးကြသွားနိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ ဒီ အိမ်၊ ခြံ၊ မြေ မှာ ဖြစ်ပျက်နေတာက နှစ်မျိုးရှိတယ်။ အိမ်ရာ လိုအပ်နေတဲ့ မိသားစုတွေ မြို့ပြနေမိသားစုတွေရဲ့ အင်အားစုကြီးက ကြီးမားနေတယ်။ တကယ်တမ်းမှာ ဈေးကစားသူတွေကြောင့် ဝယ်ယူနိုင်စွမ်းမရှိဘူး ဖြစ်နေတယ်။ ခြံတွေ ဝယ်မယ်၊ အိမ်တွေဆောက်မယ်။ပျော်ပျော်ရွှင်ရွှင်နေထိုင်မယ်ဆိုတာတဲ့သူတွေဆီ မရောက်နိုင်ဘူး ဈေးကစားသူတွေရဲ့ လက်ထဲမှာပဲ အိမ်၊ ခြံ၊ မြေတွေရဲ့ဈေးတွေက တက်နေတယ်။ တရားမဝင်တဲ့ငွေကြေးတွေကို ငွေမည်းငွေဖြူ လုပ်နေဖို့အတွက် ရင်းနှီးမြှုပ်နှံနေတာတွေ့ ရှိရပါတယ်”ဟု ပြောကြားသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service