စည်ပင်သတ်မှတ်ချက်ဖြင့် တည်ဆောက်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အိမ်ရာခွဲတမ်းလျော့သွားနိုင်

စည်ပင်သတ်မှတ်ချက်ဖြင့် တည်ဆောက်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အိမ်ရာခွဲတမ်းလျော့သွားနိုင် - Property News in Myanmar from iMyanmarHouse.com
22 Aug 2014 9:16 am တွင် တင်ခဲ့သည်
793 ကြိမ် ကြည့်ရှု့ပြီး
စိတ္တရမဟီဝန်ထမ်း အိမ်ရာကို စည်ပင်သာယာ၏ ခွင့်ပြုချက်နှင့်အညီ ပြန်လည် ဒီဇိုင်းရေးဆွဲတည်ဆောက်ရမည် ဖြစ်၍ ဝန်ထမ်းများအတွက် မူလရည်မှန်းထားသည့် အခန်းအရေအတွက် မပြည့်မီနိုင်တော့ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ် မင်္ဂလာတံတားအနီး ကျုံးတောင်ဘက်ခြမ်း စိတ္တရမဟီ ရပ်ကွက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ ဖြိုးရေးဦးစီးဌာနပိုင် မြေငါးဧက ပေါ်တွင် ကိုးထပ်အမြင့်ရှိ ကွန်ဒို တိုက်ခန်းများ၊ ဝန်ထမ်းအိမ်ရာ တိုက်ခန်းများကို ၂၀၁၃ နှစ်ကုန် ပိုင်းမှစတင်တည်ဆောက်ခဲ့သော် လည်း ယင်းနှစ် ဇွန်လတွင် စည်ပင်မှသတ်မှတ်ထားသည့် ကျုံးဘေးအထပ်မြင့်ဆောက်လုပ်ရာ တွင် လိုက်နာရမည့်အချက်များနှင့် ငြိစွန်းနေသဖြင့် စည်ပင်ခွင့်ပြုချက်အတိုင်း အထပ်လျှော့ချ တည်ဆောက်သွားရမည်ဖြစ် သည်။

ကျုံးဘေးပတ်လည်တွင် အမြင့်ဆုံး ၄၆ ပေရှိသည့် အဆောက်အအုံများကိုသာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ခွင့် ပြုထားခြင်းဖြစ် သည်။ ‘‘ကိုးထပ်ကွန်ဒိုသုံးလုံးနဲ့ တိုက်ခန်းနှစ်လုံးက သွားငြိနေ တာ။ ဝန်ထမ်းတွေက မူလလျာ ထားတာထက်တော့ လျော့သွားရ မှာပေါ့။ ဒါပေမဲ့ ဒီထက်ပိုတိုးရ အောင်လုပ်ပေးနိုင်ဖို့လည်း ပြန် ဆွေးနွေးရဦးမှာ’’ဟု ဦးကျော် ကျော်လင်းက ထည့်သွင်းပြော ကြားသည်။

အိမ်ရာတည်ဆောက်ရန် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်မရ သေးသော်လည်း တည်ဆောက် ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း၊ စည်ပင် ခွင့်ပြုချက်ကျလာပြီးပါကလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့်ပြုချက် ထပ်မံရယူသွားမည် ဖြစ်ကြောင်း၊ အားလုံး၏ထောက်ခံချက်များရရှိပြီးမှသာ အိမ်ရာ ဒီဇိုင်းများကို အသေးစိတ်ပြန် လည်ရေးဆွဲရမည်ဖြစ်ပြီး အခန်း စုစုပေါင်းမည်မျှထွက်ရှိလာမည် ကိုလည်း ယင်းအချိန်မှသာ အတိ အကျသိရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စုစုပေါင်း အခန်းလေးရာ ကျော်ပါရှိမည့် ယင်းအဆင့်မြင့် တိုက်ခန်းအိမ်ရာစီမံကိန်းကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီငါးခုတို့ အကျိုးတူဖက်စပ်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး အစိုးရဝန်ထမ်းများအ တွက် အခန်းပေါင်း နှစ်ရာကျော် နှင့် ကုမ္ပဏီဘက်မှ အခန်းပေါင်း နှစ်ရာဟု အချိုးကျသတ်မှတ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာက စီမံ ကိန်းစတင်ခဲ့ခြင်းဖြစ်သည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service