လေးထပ် အမြင့်မှစ၍ အဆောက်အအုံ အားလုံး ငလျင်ဒဏ် ခံနိုင်သည့် စနစ် ထည့်သွင်းရမည်

လေးထပ် အမြင့်မှစ၍ အဆောက်အအုံ အားလုံး ငလျင်ဒဏ် ခံနိုင်သည့် စနစ် ထည့်သွင်းရမည် - Property News in Myanmar from iMyanmarHouse.com
21 Aug 2014 10:32 am တွင် တင်ခဲ့သည်
1299 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် လေးထပ် နှင့် အထက် အထပ်မြင့်များ ဆောက်လုပ်ပါက ငလျင်ဒဏ် ခံနိုင်သည့်စနစ် ထည့်သွင်း တည်ဆောက် ရတော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။

ယခင် ရန်ကုန်တွင် ရှစ်ထပ် နှင့် အထက် ဆောက်လုပ်သည့် အထပ်မြင့် မှ စ၍ ငလျင်ဒဏ် ခံနိုင်သည့် စနစ် ထည့်သွင်း တည်ဆောက်ရန် ညွှန်ကြား ထားသော် လည်း ယခုအခါ လေးထပ် အမြင့်မှစ၍ ငလျင်ဒဏ် ခံနိုင်သည့် စနစ်ထည့်သွင်း တည်ဆောက်ရတော့ မည် ဖြစ်သည်။

““ဒီလို သတ်မှတ် ပေးရတာ က နေထိုင်သူတွေ အန္တရာယ် ကင်းရှင်းစေဖို့ အတွက်ပါ။ မကြာမီ တရားဝင် ထုတ်ပြန် ပေးသွားမယ်”” ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ယခု လဆန်းပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ် ကြောင့် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြ (၅) လမ်းတွင် ခြောက်ထပ် အမြင့်ရှိ ကန်ထရိုက် တိုက်နှစ်လုံး မှာ လေး လက်မခန့် တိမ်းစောင်းမှုများ ဖြစ်ပေါ် ခဲ့၍ နောင်ဆောက်မည့် အထပ်မြင့်များ တွင် ငလျင်ဒဏ် ခံနိုင်သည့် စနစ် ထည့်သွင်း တည်ဆောက်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်များမှာ ငလျင်ဒဏ် ခံနိုင်သည့် စနစ် ထည့်သွင်းထားခြင်း မရှိသောကြောင့် ငလျင် လှုပ်ရာတွင် တိမ်းစောင်း သွားခြင်း ဖြစ်သည့်အပြင် အောက်ခံမြေ ဖောင်ဒေးရှင်း ခိုင်ခံ့မှု မရှိခြင်း တို့ကြောင့်လည်း ဖြစ်ကြောင်း သိရသည်။

““ငလျင်ဒဏ် ခံနိုင်မယ့် စနစ်က အမှန်တကယ် လိုအပ်တယ်။ နိုင်ငံတကာ မှာလည်း ဒီစနစ်ကို မဖြစ်မနေ အသုံးပြု နေတာ ဖြစ်တဲ့အတွက် ဒီနိုင်ငံမှာလည်း လိုအပ်တယ် ”” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်း မှ ဒုတိယ ဥက္ကဋ္ဌ ဦးသာအေး က ဆိုသည်။

ထို့ကြောင့် လေးထပ် နှင့် အထက် ဆောက်လုပ်သော အထပ်မြင့်များတွင် ငလျင်ဒဏ် ခံနိုင်သည့် စနစ် ထည့်သွင်း ရတော့မည် ဖြစ်ပြီး၊ ထည့်သွင်း တည်ဆောက်ခြင်း မရှိပါက ယင်း အဆောင် အား ဆောက်လုပ် ခွင့်ပြုမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရသည်။

ထို့ပြင် အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာ ကျစ်လစ်စေရန် နှင့် အောက်ခံ ဖောင်ဒေးရှင်း ခိုင်ခံ့စေရန် အတွက်လည်း ဆောက်လုပ်သည့် လုပ်ငန်းရှင်များအား တိုက်တွန်း သွားမည် ဖြစ်ကြောင်း သိရသည်။

Credit: Messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service