ဒဂုံမြို့သစ်နှင့် သန်လျင်တွင် ပွဲစားများက တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စာချုပ်တုများ ဖန်တီးနေခြင်းေ

ဒဂုံမြို့သစ်နှင့် သန်လျင်တွင် ပွဲစားများက တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စာချုပ်တုများ ဖန်တီးနေခြင်းေ - Property News in Myanmar from iMyanmarHouse.com
16 Aug 2014 11:14 am တွင် တင်ခဲ့သည်
1516 ကြိမ် ကြည့်ရှု့ပြီး
ဒဂုံမြို့သစ် မြို့များဖြစ်သည့် မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် သံလျင်မြို့များတွင် ပွဲစားများက အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူများ၊ စည်ပင်တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး သေဆုံးသူများ အမည်ကိုသုံးကာ မိမိကို ရောင်းချခဲ့သယောင် စာချုပ်တုများပြုလုပ်ပြီး ပြန်လည်ရောင်းချခြင်းကြောင့် အငြင်းပွားမှုများ ဆက်တိုက်ပေါ်ပေါက်ပြီး အမှုအခင်း ရင်ဆိုင်နေရကာ အမှန်တကယ် ၀ယ်ယူထားသူများ နစ်နာနေကြောင်း သိရသည်။

“ကျွန်တော်တို့ မှတ်ပုံတင်ခွင့် မရခြင်းရဲ့ အကျိုးဆက်အနေနဲ့ လူတွေက အမှန်တကယ် ပိုင်ရေးဆိုင်ခွင့် မရဘဲနဲ့ မသမာသူတွေက လက်တစ်လုံးခြားလုပ်နိုင်တဲ့ အခြေအနေတွေ ယနေ့လက်ရှိ ပေါ်ပေါက်နေတာလေး ရှိပါတယ်။ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှာ၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ ဒဂုံမြို့ လေးမြို့နယ်မှာရော သန်လျင်မှာရော ရပ်ကွက်ထဲမှာရှိတဲ့ ပွဲစားတစ်ပိုင်း လူလည်တွေက ဘာတွေလုပ်နေသလဲဆိုတော့ အိုးအိမ်ရုံးနဲ့ပေါင်းပြီးတော့ လူတွေရဲ့ သေစာရင်းတွေ ရအောင်ယူပါတယ်။ အိုးအိမ်ကရတဲ့ သေသွားတဲ့သူတွေရဲ့စာရင်း ရရှိပြီး သေသူကတစ်ဆင့် ရောင်းလိုက်တယ်ဆိုပြီးတော့ ပါမစ်မြေတွေ၊ ဂရန်မြေတွေ ဒီမြေတွေကို အရောင်းအ၀ယ် လုပ်ထားတယ်ဆိုတဲ့ စာချုပ်တွေကို လက်ထဲမှာ ကိုင်ထားပါတယ်။ ပြီးတဲ့အခါကျတော့ ရပ်ကွက်အုပ်ချုပ်ရေးတွေ မြို့နယ်ထွေအုပ်တွေရယ် စည်ပင်တွေရယ်ပေါင်းပြီးတဲ့ အခါကျတော့ ဘယ်သူပိုင်ဆိုင်တဲ့မြေ ဘယ်သူပိုင်ဆိုင်တဲ့မြေ ဖြစ်ပါတယ်ဆိုပြီးတော့ ဆိုင်းဘုတ်တွေ စိုက်ထူပါတယ်။ တကယ်ပိုင်ဆိုင်တဲ့သူတွေ အိုးအိမ်ကပေးထားတဲ့ စလစ်တွေ ပါမစ်တွေ ဒါတွေနဲ့ ပတ်သက်ပြီးတော့

ဒီလိုနည်းနဲ့ ဒေသအာဏာပိုင်တွေနဲ့ မရှိသော သေတဲ့သူဆီက ၀ယ်ထားသောဆိုတဲ့ စာချုပ်တွေနဲ့ မသမာတဲ့သူတွေက သိန်းကိုထောင်နဲ့ချီပြီးတော့ ရပ်ကွက်တွေထဲမှာ ချမ်းသာနေတာမျိုးတွေကို . . . . .

အမှန်တကယ် ကိုင်ထားတဲ့သူတွေ ပေါ်လည်းပေါ်လာတဲ့ အခါကျရော ဒီမှာကျွန်တော်ကို မိတ္တူနဲ့ ရောင်းသွားတာပါ။ ပါမစ်ရဲ့ မိတ္တူတွေ စလစ်ရဲ့မိတ္တူတွေနဲ့ ဟောဒီမှာ သေသွားသောသူက ရောင်းတယ်။ ဘယ်သူ ဘယ်သူက ရောင်းသွားတယ်ပေါ့။ အဲ့ဒီလူက ဘယ်သူဘယ်သူ စုံစမ်းလိုက်တဲ့ အခါကျတော့ အဲ့ဒီသေသွားတဲ့သူ။ သေသွားတဲ့သူက ရောင်းသွားတယ်ဆိုတော့ သက်သေထူစရာမရှိဘူး ဖြစ်နေတယ်။ ဒီမှာ ပိုင်ရေးဆိုင်ခွင့်အရ နှစ်ဖက်အငြင်းပွားတဲ့အခါမှာ တရားရုံးရောက်ရင်လည်း နှစ်ဖက်ကြားထဲမှာ ၀ယ်ထားသူက နောက်ဆုံးဝယ်တဲ့သူထက်ကို စောနေတဲ့အတွက်ကြောင့် နှစ်ဖက်အငြင်းပွားမှုတွေဟာလည်း အမှုရှည်ကြာမှာ စိုးတဲ့အတွက်ကြောင့် တကယ်ပိုင်ရေးဆိုင်ခွင့်ရှိတဲ့သူ မစို့မပို့လျော်ကြေးနဲ့ ဒါမှမဟုတ်လည်း တစ်ဝက်ကြေးနှုန်းတွေနဲ့ တစ်ဝက်နှုန်း ထွက်သွားကြရတယ်” ဟု Purple Equity Law Firm မှ ရှေ့နေဦးဖိုးဖြူက ပြောကြားသည်။

အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ၀ယ်ယူသူမှ ၀ယ်ယူသည့်တန်ဖိုး၏ ၃၈ ရာခိုင်နှုန်းကို အခွန်ဆောင်နိုင်မှသာ အမည်ပေါက် တရားဝင်ပိုင်ဆိုင်ခွင့်ရှိမည် ဖြစ်သောကြောင့် အများစုမှာ အရပ်စာချုပ်များဖြင့်သာ အရောင်းအ၀ယ် ပြုလုပ်လေ့ရှိကြသည်။

“ဒီလိုနည်းနဲ့ ဒေသအာဏာပိုင်တွေနဲ့ မရှိသော သေတဲ့သူဆီက ၀ယ်ထားသောဆိုတဲ့ စာချုပ်တွေနဲ့ မသမာတဲ့သူတွေက သိန်းကိုထောင်နဲ့ချီပြီးတော့ ရပ်ကွက်တွေထဲမှာ ချမ်းသာနေတာမျိုးတွေကို ကျွန်တော်တွေ့ရတယ်။ အဲ့ဒါဘာလဲဆိုရင် မှတ်ပုံမတင်သော စာချုပ်တွေကို ကျွန်တော်တို့တွေ အသိအမှတ်ပြုထားလို့ပဲ အာဏာပိုင်တွေ မှတ်ပုံမတင်တဲ့ စာချုပ်တွေကို အသိအမှတ်ပြုထားလို့ပဲ။ လွှတ်ထားလို့ပဲ” ဟု ဦးဖိုးဖြူက ပြောကြားသည်။

အခွန်နှုန်းထားတွေကြောင့်လည်း တရားဝင်မှတ်ပုံတင် စာချုပ်ချုပ်ဆိုနိုင်ကြခြင်းမရှိဘဲ ဖြစ်နေပြီး အစိုးရအနေဖြင့် မှတ်ပုံတင်ခြင်းကို အခွန်နှုန်းထား လျှော့ချထားပြီး မြေယာပိုင်ဆိုင်ခွန်၊ အိမ်ရာပိုင်ဆိုင်ခွန်များကိုသာ အခွန်ကောက်ခံသင့်ကြောင်း ဦးဖိုးဖြူ က ပြောကြားသည်။

Credit: Yangon news

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service