သီလ၀ါအထူးစီးပွားရေး ဇုန်စီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်ပြီးပါက အ လုပ်အကိုင် အခွင့်အလမ်းနှစ် သိန်းကျော်ရရှိနိုင်မည်ဟု စီမံကိန်း ဒါရိုက်တာ ဦးသူရိန်အောင်က ပြောသည်။
၂၀၁၃ ခုနှစ်အောက်တိုဘာ ၃၁ ရက်တွင် ဇုန်ပထမအဆင့်ဖြစ်သော ဟက်တာလေးရာကိုလုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့သည်။
စီမံကိန်း ပထမအဆင့်အ တွက် လုပ်ငန်းများစတင်နေပြီဖြစ် ရာ မိုးကုန်ပါက ကွန်ကရစ်ခင်း ခြင်း၊ ရေသန့်စက်များ၊ ရေဆိုး သန့်စင်စက်ရုံများအတွက် ပိုင် ဖောင်ဒေးရှင်း လုပ်ငန်းများစတင်လုပ်ကိုင်နေကာ ၂၀၁၅မေလတွင် အပြီးလုပ်ဆောင်ပြီး ဇွန်တွင် လုပ်ငန်းများ စတင်လည်ပတ်တော့မည်ဟုဆိုသည်။
သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းပထမအဆင့် မြေဟက် တာ လေးရာဝန်းကျင်၌ မော် တော်ယာဉ်ထုတ်လုပ်ရေးနှင့်အ ဆင့်မြင့်နည်းပညာသုံးစက်ရုံများ၊ လုပ်အားအသုံးပြု လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံခွင့် ပြုမည်ဖြစ် ကြောင်းသိရသည်။
သီလ၀ါမှာအထူးစီးပွားရေး ဇုန်ဖြစ်သည့်အတွက် စီးပွားရေး နှင့် ပတ်သက်သော နေအိမ်အ ဆောက်အအုံများ၊ ဆေးခန်း၊ဆေး ရုံ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်း များလည်း ပါဝင်မည်ဟု သီလ၀ါ အထူးစီးပွားရေးဇုန် ကုမ္ပဏီလီမိ တက်ဥက္ကဋ္ဌဦးဝင်းအောင်ကပြော ကြားသည်။
မြေ၀ယ်ယူခြင်းနှင့်ငှားရမ်း ခြင်းလုပ်ငန်းများလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား များကို ခွင့်ပြုမည်ဖြစ်သော်လည်း လျှပ်စစ်မီး အလွန်အကျွံ သုံးစွဲ သည့်လုပ်ငန်းများ၊အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမှု နည်းသည့်လုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင်ကိုထိခိုက်စေသည့် လုပ်ငန်းများ မြေ၀ယ်ယူခြင်းနှင့် ငှားရမ်းခြင်း ပြုလုပ်မည်မဟုတ်ကြောင်း သတ်မှတ်ထားသည်ဟု ဦးဝင်းအောင်ကပြော ကြားသည်။
Credit: 7 Day Daily