သီလ၀ါအထူးစီးပွားရေး ဇုန်မှ ၀ယ်ယူထားသည့်ရှယ်ယာ များ ပြန်လည်ရောင်းချနိုင်သည့် ဈေးကွက်Over The Counter(OTC)ကို ရှယ်ယာလက်မှတ်များ ထုတ်ပေးပြီးတစ်လခွဲအတွင်း စ တင်အကောင်အထည်ဖော်မည် ဟု သီလ၀ါအထူးစီးပွားရေးဇုန်အ များပိုင် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန် အတွက် ၀ယ်ယူထားသည့်အစု ရှယ်ယာရှင်များအား ရှယ်ယာလက်မှတ်များ ထုတ်ပေးခြင်းကိုစီနီယာအလိုက် သြဂုတ် ၂၈ ရက် နောက်ဆုံးထား ထုတ်ပေးမည်ဟုဆိုသည်။
‘‘ရှယ်ယာတွေပြန်ရောင်းလို့ ရတဲ့ ဈေးကွက်ကိုအခုဝယ်ထား တဲ့ အစုရှယ်ယာရှင်တွေအတွက် ရှယ်ယာ Certificateတွေအကုန် ထုတ်ပေးပြီးသွားတဲ့ရက်ကစလို့ ၄၅ရက်အတွင်းမှာ ရှယ်ယာပြန် ရောင်းနိုင်တဲ့ OTCဈေးကွက်ကို အကောင်အထည်ဖော်ပေးသွား မှာပါ’’ဟု ဦးဝင်းအောင်ကပြော ကြားသည်။
ပုံမှန်စီနီယာအလိုက်ရှယ် ယာလက်မှတ်များထုတ်ပေးသည့် နောက်ဆုံးရက်အရ ဆိုပါက အောက်တိုဘာ လလယ်ခန့်တွင် OTCဈေးကွက်စတင်နိုင်မည်ဖြစ် သည်။ သို့သော် ထုတ်ရက်ကျော် သည့် ရှယ်ယာများအတွက် နောက်ထုတ်ပေးရမည့်ရက်များ ပါဝင်မည်ဆိုပါက အောက်တို ဘာလကုန်ပိုင်းတွင် ရှယ်ယာဈေး ကွက်စတင်လာနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။
အဆိုပါ စီးပွားရေးဇုန်အ တွက်အစုရှယ်ယာပေါင်း ၁၇,၉၀၀ ကျော်ထိရောင်းချထားပြီးဖြစ်ရာ လတ်တလောတွင် သီလ၀ါအထူး စီးပွားရေးဇုန်မှ အစုရှယ်ယာများ ထပ်မံရောင်းချရန်လည်းအစီအ စဉ်မရှိသေးကြောင်းသိရသည်။
စတော့အိတ်ချိန်းဈေးကွက် ပေါ်ထွက်လာပါကလည်း ယင်း ဈေးကွက်တွင် သီလ၀ါကုမ္ပဏီမှ ရှယ်ယာများကိုစတော့ဈေးကွက် တွင်ဝင်ရောက်၍ ရှယ်ယာများလွှဲ ပြောင်းနိုင်ရန်လည်း ပြုလုပ်ပေး သွားမည်ဖြစ်သည်။
အဆိုပါရှယ်ယာများကို စ တော့ဈေးကွက် မစတင်မီ OTCဈေးကွက်၌ ထိုက်သင့်သော ဈေးနှုန်းများဖြင့်လွှဲပြောင်းရောင်း ချနိုင်ရန် ကောင်တာထားရှိ ကာ လုပ်ဆောင်ပေးမည်ဟု ကတိပြုကြောင်း သီလ၀ါစီမံကိန်းဥပဒေပြုခြင်း အစည်းအဝေးတွင် ရှယ်ယာရှင်များကိုပြောကြားခဲ့သည်။
Credit: 7 Day Daily