မြို့သာစီမံကိန်းတွင် မြေယာလျော်ကြေးငွေအပြင် မြေကွက်များပါ ဂရန်ပေါက်ချပေးမည်

မြို့သာစီမံကိန်းတွင် မြေယာလျော်ကြေးငွေအပြင် မြေကွက်များပါ ဂရန်ပေါက်ချပေးမည် - Property News in Myanmar from iMyanmarHouse.com
12 Aug 2014 10:15 am တွင် တင်ခဲ့သည်
999 ကြိမ် ကြည့်ရှု့ပြီး
မန္တလေး တိုင်းဒေသကြီး မြင်းခြံခရိုင် မြို့သာ စက်မှုဥယျာဉ်စီမံကိန်း ဖော်ဆောင် ရာမှ မြေယာသိမ်းဆည်းခံခဲ့ရသော တောင်သူများအား လျော်ကြေးငွေ အပြင် ယင်းစီမံကိန်းဧရိယာဝင်းအ တွင်း၌ ပေ ၆ဝx၈ဝ မြေကွက်များကို ဂရန်အမည်ပေါက်ချထားပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန မှ သိရသည်။

''မြို့သာစီမံကိန်းမှာ တောင်သူ တွေကို မြေယာအတွက် လျော်ကြေး ပေးနေတာက ပြဿနာရှိလို့ ခေတ္တ ရပ်ထားရာကနေ သြဂုတ် ၁ရက်က စပြီး လျော်ကြေးတွေ ပြန်ပေးနေ တယ်။ လျော်ကြေးယူထားသူ အိမ် ထောင်စုတစ်စုကို ပေ ၆ဝ x၈ဝ မြေကွက်တစ်ကွက်စီ ပေးသွားမှာဖြစ် တယ်။ စာရင်းကောက်ယူတာကို သြဂုတ်လနောက်ဆုံးလုပ်သွားမယ်'' ဟု တိုင်းဒေသကြီးလျှပ်စစ်နှင့် စက် မှုလက်မှုဝန်ကြီးဦးကျော်မြင့်က ပြော သည်။

မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင်ပါဝင်သည့် ဧက တစ်သောင်း ကျော်မှပေးအပ်ခဲ့သည့် လျော်ကြေး ငွေကို လယ်မြေပိုင်သူ ရာခိုင်နှုန်း ၉ဝ ခန့်ရယူထားပြီးဖြစ်ကြောင်း၊ အစိုးရ ပိုင်မြေဖြစ်သည့် ပလပ်မြေနှင့် စား ကျက်များမြေပေါ်တွင် လုပ်ကိုင်နေ သည့် တောင်သူရာခိုင်နှုန်း ၈ဝတို့ကို လည်း ကရုဏာကြေး ငွေကျပ် ငါးသိန်း စီ ပေးအပ်ပြီးဖြစ်ကြောင်း၊ တောင်သူ ၁၃ဝ ကျော်မှာ မြို့သာစက်မှုဥယျာဉ် စီမံကိန်းတွင် အစုရှယ်ယာထည့် သွင်းထားကြောင်း သိရသည်။

''လျော်ကြေးပေးတဲ့ကိစ္စများနဲ့ ပတ်သက်လို့ ကျေးရွာနေအိမ်တွေမှာ အသိပေးစာတွေ ဖြန့်ဝေထားပါ တယ်။ လျော်ကြေးပေးနေတာနဲ့ မြေ ကွက်ပေးနေတာတွေကို အားလုံးသိ အောင်လုပ်နေတာ့ပါ။ စားကျက်မြေ နဲ့ ပလပ်မြေတွေကိုလဲ လျော်ကြေးပေး နေတယ်။ ဘယ်လိုပဲအကျပ်ကိုင်နေ ပါစေ ကာလပေါက်ဈေးအတိုင်းတော့ ပေးမရပါဘူး'' ဟု ယင်းကဆက်လက် ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပလပ်မြေနှင့် စားကျက်မြေ များမှာ နိုင်ငံတော်သို့ သီးစားခွန်များ ပေးဆောင်ရခြင်းရှိသော်လည်း လုပ် ကိုင်သူပိုင်ဆိုင်သည့်မြေမဟုတ်သော ကြောင့် ကရုဏာကြေးကိုသာပေးအပ် မည်ဖြစ်ပြီး လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေလုပ်ကိုင်သူများက အထောက် အထားခိုင်လုံစွာတင်ပြနိုင်ပါက တစ် ဧကလျှင် ငွေကျပ် သိန်း ၂ဝ ပေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်ဖြစ်သည့် ပလပ်မြေ နှင့် စားကျက်မြေများပေါ်တွင် နေ ထိုင် လုပ်ကိုင်သူများ အနေဖြင့် ယခု ကဲ့သို့ ကရုဏာကြေးပေးအပ်နေသည် ကို လက်ခံရယူရန်လိုအပ်ကြောင်း၊ သတ်မှတ်ကာလအတွင်း ရယူလက် ခံခြင်းမရှိလျှင် ထပ်မံပေးအပ်သွား ရန်အစီအစဉ်မရှိတော့ကြောင်းနှင့် ကရုဏာကြေးလက်ခံခြင်းမရှိဘဲ အ ဆိုပါ မြေကွက်များနှင့် ပတ်သက်၍ စီမံကိန်းလုပ်ဆောင်စဉ် ပြဿနာတစ် စုံတစ်ရာရှာဖွေပါက တည်ဆဲဥပဒေ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service