နိုင်ငံပိုင် အဆောက်အ အုံများနှင့် မြေများကို တင်ဒါခေါ် ယူရာတွင် ၀န်ကြီးဌာနနှင့် သက် ဆိုင်ရာဌာနအသီးသီး၏ တင်ဒါ ခေါ်ယူမှုပုံစံကွဲပြားနေသဖြင့် တစ် ပြေးညီသတ်မှတ်မည်ဖြစ်ရာ ခေါ် ယူပြီး တင်ဒါအချို့ကို ပိတ်သိမ်း ရခြင်းများ ရှိနေကြောင်း သတင်း ရရှိသည်။
‘‘တင်ဒါတွေခေါ်တဲ့အခါမှာ တစ်ဌာနတစ်မျိုးဖြစ်နေတာတွေ ကြောင့် ဒီထက်ကောင်းတဲ့ နိုင်ငံ တော်မူဝါဒတွေ အကောင်အ ထည်ဖော်ဖို့ရှိတာကြောင့် ခေါ် ထားတဲ့ တင်ဒါတွေ ပြန်ရုပ်သိမ်း လိုက်တာပါ။ မီးရထားကိုလည်း ဒီလိုညွှန်ကြားမှုရှိလာတာကြောင့် မီးရထားက ခေါ်ထားတဲ့ တင်ဒါ ပြန်ရုပ်သိမ်းတာပါ။ သတ်မှတ် ချက်တွေ လုပ်ပြီးရင်တော့ တင်ဒါ တွေပြန်ခေါ်သွားမှာပါ’’ဟု မြန်မာ့ မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သတ်မှတ်မူဝါဒများ ပြည့်စုံ ပါက ရုပ်သိမ်းထားသည့် တင်ဒါ များ ပြန်လည်ခေါ်ယူကာ လုပ် ကိုင်ခွင့်များချထားပေးမည်ဟု ဆို သည်။ မြန်မာ့မီးရထားက ပြီးခဲ့ သည့်ရက်ပိုင်းတွင် ပြည်တွင်းပုဂ္ဂ လိကလုပ်ငန်းရှင်များကို နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပေးရန် မြေ သုံးကွက်ကို တင်ဒါခေါ်ယူခဲ့ သည်။ အဆိုပါမြေများမှာ ရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ မြေ နေရာများဖြစ်ပြီး ငှားရမ်းမည့် မြေ တိုင်းတွင် သတ်မှတ်အဆောက် အအုံများ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်သည်။
ယင်းမြေများမှာ ရန်ကုန် တိုင်းဒေသကြီး၊လမ်းမတော်မြို့ နယ်၊ ကမ်းနားလမ်းနှင့် ၀ါးတန်း (၁) လမ်းထောင့်ရှိ ပေ (၁၁- ၅၀)ရှိသော မြေကွက်ဖြစ်ပြီး RC ၁၂ ထပ်ထိ အဆောက်အအုံဆောက်လုပ်ခွင့် ပေးသွားမည်ဟု သိရှိရသည်။ ထို့အပြင် မရမ်းကုန်းမြို့ နယ်၊ အမှတ် (၂) ရပ်ကွက်၊ သမိုင်းဘူတာရှေ့၊ ဗဟိုလမ်းဘေး ရှိ ပေ (၄၆၁-၄၀) မြေကွက်၌ RC ရှစ်ထပ်အဆောက်အအုံဆောက် လုပ်ခွင့်ပြုမည်ဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ တောင်- မြောက်လမ်းဆုံအနီး၊ တိုးကြောင် ကလေးဘူတာတာယာဒ်ဝင်း၊ အ မှတ် (၂) လမ်းမကြီးဘေးရှိ ပေ (၃၀၀-၁၅၀) ရှိသော မြေကွက် ကိုလည်း ခေတ်မီသုံးထပ်အ ဆောက်အအုံများဆောက်လုပ် ခွင့်နှင့်အတူ ငှားရမ်းမည်ဟု ကြေ ညာခဲ့သည့် မြေများ ဖြစ်သည်။
ယခုအခါအဆိုပါမြေများကို တင်ဒါ ပြန်လည်ရုပ်သိမ်းလိုက် ပြီဖြစ်ရာ တင်ဒါပုံစံဝယ်ယူထား သူများမှာ ယင်းငွေများကို မန်နေ ဂျာ(စီးပွားရေး/တိုင်း) ရန်ကုန်ရုံး တွင် ပြန်လည်ထုတ်ယူနိုင်မည် ဖြစ်သည်။
မွေးမြူရေးနှင့် ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနကလည်း သြဂုတ် ၁ ရက်က ၎င်းတို့ ခေါ်ယူထားသော ထော်လာဂျီနှင့် မြေတူးစက်များ တင်ဒါကြော်ငြာကို ပြန်လည်ရုပ် သိမ်းကြောင်း ထုတ်ပြန်ကြေညာထားသည်။
Credit: 7 Day Daily