လယ်ယာမြေ အရောင်းအဝယ်တွေ များလာတဲ့ ပြင်ဦးလွင်

လယ်ယာမြေ အရောင်းအဝယ်တွေ များလာတဲ့ ပြင်ဦးလွင် - Property News in Myanmar from iMyanmarHouse.com
10 Aug 2014 11:19 am တွင် တင်ခဲ့သည်
850 ကြိမ် ကြည့်ရှု့ပြီး
ပြင်ဦးလွင် အိမ်ခြံမြေဈေးကွက်မှာ လူနေခွင်တွေအပြင် မြို့တွင်းနဲ့ အလှမ်းဝေးတဲ့ ရွာတွေက လယ်ယာမြေတွေကိုပါ အရောင်းအဝယ် လုပ်တာတွေ များလာတယ်လို့ ပြင်ဦးလွင်မြို့က အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။ ဟိုအရင်နှစ်တွေကတည်းက ပြင်ဦးလွင်မြို့နယ် တစ်ဝိုက်က ကျေးရွာတွေမှာ လယ်ယာမြေတွေကို စိုက်ခြင်းပျိုးခြင်း မရှိတော့ဘဲ အကွက်ရိုက် ရောင်းချတာတွေ ရှိပေမယ့် အတွေ့ရနည်းပြီး ဒီနှစ်အပိုင်းအခြား အရောက်မှာသာ အများအပြား တွေ့လာရတာ ဖြစ်ကြောင်းလည်း အိမ်ခြံမြေ အကျိုးဆောင်တွေက ဆိုပါတယ်။ “အခု ပြင်ဦးလွင်မြို့ပေါ်မှာ အိမ်မြေ အရောင်းအဝယ် မလိုက်ဘူး မဟုတ်ပေမယ့် ရွာပိုင်းတွေမှာ ပိုဝယ်နေကြပါတယ်။ ရွာတွေက လယ်ယာမြေတွေကို တချို့က ဈေးကစားဖို့ လာဝယ်ကြတယ်၊ တချို့ကတော့ ဈေးနှုန်း သင့်တင့်တယ်ဆိုပြီး နောင်တစ်ချိန်မှာ အကျိုးအမြတ် တစ်ခုခုဖြစ်ဖြစ် ဆိုတဲ့ သဘောနဲ့ စွန့်စားပြီး လာဝယ်ထားကြတယ်” လို့ ပြင်ဦးလွင်မြို့ ကောင်းဟိန်းဆက် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဒေါ်ခင်သန်းက ပြောပါတယ်။

လယ်ယာမြေတွေကို အရောင်းအဝယ် လုပ်ကြတာ ဒီနှစ်ထဲမှာ ပိုဆိုးရွားစွာ တွေ့မြင်လာရပြီး ရွာတွေမှာ တစ်ခါတလေ ရောင်းကြဝယ်ကြသူတွေ ခြေရှုပ်နေပုံက ပွဲတော်တစ်ခုနဲ့တောင် တူတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီလယ်ယာမြေတွေကို ရောင်းဝယ်ကြတာကို တကယ် နားလည်တဲ့သူတွေကတော့ လုပ်ကြမှာ မဟုတ်ဘူးလို့လည်း ဒေါ်ခင်သန်းက ပြောပါတယ်။ တချို့က ဒီလယ်ယာမြေတွေကို အကွက်ရိုက် ရောင်းဝယ်ကြတာမှာ အိမ်ဆောက်နေလို့ ရတယ်လို့ ထင်သူတွေလည်း ရှိကြောင်း၊ အမှန်က မရကြောင်းနဲ့ စာချုပ်တွေကိုလည်း အရပ်စာချုပ် ချုပ်ဆိုမှုတွေသာ များပြားကြောင်း၊ စိုက်ပျိုးမြေ မဟုတ်ဘဲ ရွာမြေဆိုရင်တော့ နေထိုင်ခွင့်ရှိကြောင်း အကျိုးဆောင်တွေဆီက သိရပါတယ်။ အခုအခါ ပြင်ဦးလွင်မြို့နဲ့ အနီးတစ်ဝိုက်မှာ ရွာပေါင်း ပျမ်းမျှ ၅၀ ခန့် ရှိနိုင်ပြီး လယ်ယာမြေ တစ်ဧကကို ကျပ်သိန်း ၃၀၊ သိန်း ၅၀၊ သိန်း ၇၀ စသဖြင့် ပေါက်ဈေးတွေ ရှိနေကြောင်း၊ မန္တလေးအပါအဝင် တခြားနယ်စုံက ဝယ်လက်တွေ လာတတ်ကြကြောင်း၊ လယ်ယာမြေ ပိုင်သူတွေက ရောင်းချတဲ့အခါမှာ တစ်ဧကကို ကျပ်သိန်း ၂၀၊ ၃၀ ဆိုတာလို ရောင်းချတတ်ကြောင်းနဲ့ ဝယ်သူတွေက ပြန်အကွက်ရိုက် ရောင်းတတ်ကြောင်းလည်း အကျိုးဆောင် ဒေါ်ခင်သန်းက ပြောပါတယ်။

“ကျွန်မတို့ကတော့ လယ်ယာမြေတွေဆိုရင် အရောင်းအဝယ် လုပ်မပေးရဲပါဘူး။ အခု တွေ့နေရတာက စိုက်ပျိုးမြေတွေကို ရောင်းဝယ်နေကြတော့ တောင်သူတွေကလည်း သီးနှံ မစိုက်တော့တာတွေ ရှိတယ်။ ဒီတော့ အခုဖြစ်နေတာက အရင်က ဒီမှာ ပဲသီး တစ်ပိဿာကို ကျပ် ၅၀၀၊ ၆၀၀ လောက်ဆို ရပေမယ့် အခုဆို ကျပ် ၁,၅၀၀၊ ၂,၀၀၀ ဆိုတာတွေလို ရောင်းလာတာတွေ ရှိတယ်” လို့လည်း ပြောပါတယ်။ပြင်ဦးလွင်မှာ မြို့တွင်းပိုင်း အိမ်မြေဈေးကွက်ကတော့ လက်ရှိမှာ ကျပ်သိန်း ၃,၀၀၀ ပတ်ချာလည် ဈေးနှုန်း သင့်တင့်တာတွေ အလုပ်ဖြစ်တာ များပြီး သိန်း သောင်းဂဏန်းတွေကတော့ အလုပ်ဖြစ်တာ ရှားပါးနေပါတယ်။ ဒီအနေအထားမှာ ဒီနှစ် အပိုင်းအခြားအတွင်း ဈေးနှုန်းတန်းကတော့ အပြောင်းအလဲ မများနိုင်ကြောင်း အိမ်မြေ အကျိုးဆောင်တွေက သုံးသပ်ထားပါတယ်။

Credit: yatanarpon

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service