ငလျင်ဒဏ်ခံနိုင်သည့်အထပ်မြင့်တိုက်များဆောက်ပါက ပုံမှန်ထက် နှစ်ဆပိုမိုကုန်ကျနိုင်

ငလျင်ဒဏ်ခံနိုင်သည့်အထပ်မြင့်တိုက်များဆောက်ပါက ပုံမှန်ထက် နှစ်ဆပိုမိုကုန်ကျနိုင် - Property News in Myanmar from iMyanmarHouse.com
8 Aug 2014 2:50 pm တွင် တင်ခဲ့သည်
1632 ကြိမ် ကြည့်ရှု့ပြီး
အထပ်မြင့် ကန်ထရိုက်တိုက်များ တည်ဆောက်ရန်အတွက် သတ်မှတ်စည်းကမ်းမျာနှင့်အညီ ငလျင် ဒဏ်ခံနိုင်ရန် ဆောက်လုပ်ပါကသာမန်ထက် ကုန်ကျစရိတ် နှစ်ဆနီးပါးခန့် ရှိသည့်အပြင် ဝယ်ယူသူများ အနေဖြင့်လည်း အဆောက်အအုံများကို သတ်မှတ် စံချိန်စံညွန်းများနှင့်အညီ ဆောက်လုပ်ထားခြင်း ရှိမရှိကို သိရှိနိုင်ရန် မလွယ်ကူကြောင်းဆောက်လုပ်ရေးကုမ္ပဏီများနှင့်အင်ဂျင်နီယာများက ပြောသည်။

”ဖောင်ဒေးရှင်းတစ်ခုတည်းတင်စည်ပင်က သတ်မှတ်ထားတဲ့အတိုင်းအရည်အသွေးမီ ဆောက်မယ် ဆိုရင်သာမန်ထက် ကုန်ကျစရိတ် နှစ်ဆလောက် ကုန်မှာဖြစ်တယ်။ တိုက်တစ်တိုက်ကို ဝယ်သူတွေက အရည် အသွေးမီ ဆောက်ထားတာ ဟုတ်မဟုတ်ဆိုတာလည်း သိဖို့ မလွယ်နိုင်ဘူး”ဟု မြန်မာဇာတိမြေ ဆောက် လုပ်ရေးမှ အင်ဂျင်နီယာ ဦးမေအောင်က ကန်ထရိုက်တိုက်များ၏ အရည်အသွေးနှင့် လုံခြုံစိတ်ချရမှု အခြေ အနေနှင့် ပတ်သက်၍ ပြောသည်။

ပုံမှန် လေးထပ်ခွဲတိုက်များအတွက် အောက်ခံဖောင်ဒေးရှင်းနှင့်တိုက်၏ အရည်အသွေးကို ငလျင်ဒဏ် ၆ ဒသမ ၅ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိရန်နှင့် အထပ်မြင့်တိုက်များအတွက် ငလျင်ဒဏ် ၈ ဒသမ ၅ ရစ်ခ်ျတာစကေးအထိ ခံနိုင်ရည်ရှိရန် လိုအပ်သည့် သံချောင်း၊ ဘိလပ်မြေပမာဏ၊ ရောစပ်ရမည့်အချိုးအစား များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကအတိအကျ ပြဋ္ဌာန်းထားသည်ကိုလိုက်နာသည့် ဆောက်လုပ်ရေးကုမ္ပဏီများ၊ ကန်ထရိုက်တာများရှိသော်လည်း သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာတည် ဆောက်မှုမရှိသည့် ကုမ္ပဏီများလည်း ရှိနိုင်သည်ဟု ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

သြဂုတ်လ ၄ ရက် ညနေ ၃ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြို့ ကမ္ဘာအေးမြေငလျင်စခန်း၏ တစ်မိုင်ကျော် အကွာကို ဗဟိုပြုကာ အင်အား ရစ်ခ်ျတာစကေး ၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားသည့်ဒဏ်ကို ရန်ကုန် မြို့ရှိ မြို့နယ်အားလုံး လိုလိုတွင် ခံစားခဲ့ရပြီး သင်္ဃန်းကျွန်းမြို့နယ်၌ တိုက်သစ်နှစ်လုံး အနည်းငယ်တိမ်းစောင်း မှုဖြစ်ပွားခဲ့သဖြင့် တိုက်ခန်းနေများကြား စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပွားနေသဖြင့် ဆောက်လုပ်ပြီး ဆောက်လုပ် ဆဲ ကန်ထရိုက်တိုက်များ၏အရည်အသွေးအပေါ် နေထိုင်သူများကြား မေးခွန်းထုတ်လျက်ရှိသည်။

”ဆောက်မယ့် မြေနေရာပေါ်မူတည်တယ်။ မြေတိုင်း မြေကြီးတူးပြီး ဖောင်ဒေးရှင်းချဆောက်လို့ မရပါ ဘူး။ မြေစမ်းသပ်မှုတွေ လုပ်ရမယ့်အပြင် မြေပျော့တဲ့ နေရာမှာဆို soil test တွေပါ လုပ်ရမယ်။ ဈေးချုပ်ချုပ် ရင်တော့ နည်းနည်း ငလျင်လှုပ်တာနဲ့ သိလာတာပဲ။ ဝယ်တဲ့ သူတွေက ဒီတိုက် ဘယ်လို ဆောက်ထားတယ် ဆိုတာ မသိနိုင်ဘူး”ဟု မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးဝေဖြိုးပိုင်က ပြောသည်။

ဖွံ့ဖြိုးပြီး နိုင်ငံတစ်ခုဖြစ်သည့်စင်ကာပူနိုင်ငံတွင် အဆောက်အအုံတစ်ခု ဆောက်လုပ်ရန်အတွက် ဦးစွာ မြေသားစမ်းသပ်ခြင်း၊ ပိုင်တိုင်ရိုက်ကာ ယင်းပိုင်များပေါ်တွင် အလေးတုံးများဖိ၍ အချိန်ကာလ သတ်မှတ်ပြီး နစ်ဝင်သွားမည့် ပိုင်တိုင်၏ပမာဏကို တွက်ချက်ခြင်းတို့အပြင်အခင်းပြားများနှင့် ကွန်ကရစ် ရက်မတန်းများကြား ဘိလပ်မြေ၊ သံချောင်းတို့အပြင် သံမဏိကြိုးများပါ ထည့်သွင်း ဆောက်လုပ်ထားသည့်အတွက် ငလျင်ဒဏ် ခံနိုင်ရည် ရှိသည့်အပြင် အဆောက်အအုံ၏ သက်တမ်းကို ပိုမိုကြာရှည်စေသော်လည်းကုန်ကျစရိတ် ပိုမို များပြားသည်ဟုပြည်ပရောက် မြန်မာအင်ဂျင်နီယာများထံမှ သိရသည်။

”လေးထပ်လောက် ဆောက်မယ်ဆိုရင်ပဲ ပိုင်ရိုက်ရတယ်။ ပိုင်မရိုက်ဘူးဆိုရင်လည်း မြေတူးပြီးထည့်တဲ့ ဘိုးပိုင်စနစ်ကို သုံးတယ်။ မြေကြီးတူးပြီး ဖောင်ဒေးရှင်း အုတ်မြစ်စီတာကတော့ နှစ်ထပ်၊ သုံးထပ်က အများဆုံး ပဲ။ စစ်တဲ့လူတွေကလည်း သေသေချာချာစစ်ပြီး အရည်အသွေးမမီရင်လူနေခွင့် ချမပေးဘူး” ဟု စင်ကာပူ နိုင်ငံရှိ Sembcorp ဆောက်လုပ်ရေး ကုမ္ပဏီမှ အင်ဂျင်နီယာ ဦးလှမြင့်က ပြောသည်။

Credit : The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service