မိဘပိုင်အိမ်ရောင်းခြင်းကို သားသမီးကန့်ကွက်ခြင်း တရားဝင်မှုမရှိ

မိဘပိုင်အိမ်ရောင်းခြင်းကို သားသမီးကန့်ကွက်ခြင်း တရားဝင်မှုမရှိ - Property Knowledge in Myanmar from iMyanmarHouse.com
16 May 2014 5:06 pm တွင် တင်ခဲ့သည်
3529 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

မရွှေ့ပြောင်းနိုင်သော ပစ္စည်း ဖြစ်သည့် အိမ်ခြံမြေ၊ တိုက်ခန်းများ ရောင်းဝယ်ရာတွင် အမွေဆိုင် သား သမီးများက ကန့်ကွက်ခြင်းသည်မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ တရားမဝင်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒို၊ ကား အစရှိသည့် ပိုင်ဆိုင်မှုများကို မိဘနှစ်ပါး သက်ရှိထင်ရှား ရှိနေစဉ် အတွင်း ထုခွဲရောင်းချခြင်းအပေါ်သားသမီးများက ကန့်ကွက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့မှာ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေနှင့် မကိုက်ညီသည့်အပြင် သက်ဆိုင်သူများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိမှုအား နည်းခြင်းကြောင့် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများ၊ မိသားစုဝင်အချင်းချင်း အပြန်အလှန် တရားစွဲမှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များထံမှ သိရသည်။

မိဘပိုင် အိမ်ခြံမြေကို ရောင်းချရာတွင် သားသမီးများက တားမြစ် ကန့်ကွက်ခြင်း၊ ငွေကြေးတောင်းခံ ခြင်းတို့ ပြုလုပ်လာခဲ့ခြင်းကြောင့်အရောင်းအဝယ် ပျက်ပြားရသည့် ဖြစ်စဉ်များ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်အတွင်း များပြားစွာဖြစ်ပွားခဲ့ကြောင်း၊ နောင်လည်း ဖြစ်ပွားနေဦးမည်ဖြစ်ကြောင်း၊ မိဘနှစ်ပါး သက်ရှိထင်ရှားရှိစဉ် ရောင်းဝယ်မှုများကို သားသမီးများက ဥပဒေကြောင်းအရ ကန့်ကွက်ပိုင်ခွင့် ရှိမရှိနှင့် ပတ်သက်၍ အိမ်ခြံမြေအကျိုးဆောင်များကိုယ်တိုင် နားလည်သိရှိမှုအားနည်းလျက်ရှိကြောင်း သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

”ဗုဒ္ဓဘာသာမှာ လင်သေရင်မယား၊ မယားသေရင် လင် ဆိုပြီးပြဋ္ဌာန်းထားတယ်။ မိဘနှစ်ပါး ပိုင် ဆိုင်မှုက မိဘနဲ့ပဲ ဆိုင်တယ်။ သူအသက်ရှိစဉ်မှာ ကြိုက်သလို စီမံခန့်ခွဲခွင့် ရှိတယ်။ သေသွားရင် မိဘရဲ့ ပိုင်ဆိုင်မှုကို သားသမီးတွေပဲ ရတယ်။ ဗုဒ္ဓဘာသာမှာက သေတမ်းစာရေးခွင့်မရှိဘူး။ ခရစ်ယာန်မှာတော့ ရှိတယ်။ မိဘသေရင် မိဘပိုင်ဆိုင်တာကို သားသမီးတွေ ဆက်ခံခွင့်ရှိတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာ ဒါကို အတိအလင်းပြဋ္ဌာန်းထား တယ်။ မိဘသက်ရှိထင်ရှားရှိစဉ်မှာ တော့ သူပိုင်တဲ့အိမ်ခြံမြေ သူ့သဘောနဲ့ သူရောင်းတာကို သားသမီးတွေကန့်ကွက်နေတာတွေက မှားနေတယ်။ ကိုယ့်အတွက် မိဘစေတနာရှိ အောင်နေပြီး ကြိုးစားဖို့ပဲ လိုတယ်”ဟု ၎င်းက ပြောသည်။

မိဘများ ကွယ်လွန်ပြီးနောက် ပိုင်းတွင် ကျန်ရစ်သူ အမွေဆိုင်သားသမီးများအနေဖြင့် ပိုင်ဆိုင်မှုတန်ဖိုး ပိုမိုရရှိစေခြင်းငှာ တရားတပေါင် ဖြစ်ပွားကြရာတွင် အမှုသက်တမ်း ရှည်လျားသဖြင့် အချိန်ကုန်၊ လူပန်းဖြစ်ပြီး အားလုံးအကျိုးမရှိ ဖြစ်ရ ကြောင်း၊ ထို့ကြောင့် အမွေဆိုင်သားသမီးအချင်းချင်း ညှိနှိုင်းပြီးသဘောတူမှုဖြင့် ခွဲဝေခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ တရားလွှတ်တော်ရှေ့နေ လုပ်သက် နှစ် ၂ဝ ကျော်ရှိသည့် ရှေ့နေ ဦးမောင်မောင်ဝင်းကပြောသည်။

”တစ်ခါတလေ အမှုက သိပ်ရှုပ်ထွေးလာရင် အမှုပြီးဖို့က ၁ဝ နှစ်လောက်အထိ ကြာတတ်တယ်။ နှစ် ၃ဝ လောက်အထိ ကြာတဲ့အမှုတွေတောင် ရှိနေတယ်။ အမွေပုံ ကုန်မှအေး ဆိုတဲ့ စကားတောင် ရှိသေးတယ်” ဟု ၎င်းက ပြောသည်။

မိဘနှစ်ပါး သက်ရှိထင်ရှားရှိနေစဉ်အတွင်း သားသမီးများကို ခွဲခြားကာ နှုတ်ဖြင့် ပေးကမ်းခဲ့မှုများ၊ စာချုပ်စာတမ်းဖြင့် ပေးကမ်းခဲ့မှုများကြောင့် မိဘများကွယ်လွန်သည့်အခါ သွေးသားရင်းချာ မောင်နှမများ အချင်းချင်း တရားတပေါင် ရင်ဆိုင်ရခြင်း၊ အမှုများ နှစ်ရှည်ကြာမြင့်ရခြင်းတို့မှာ မြန်မာဓလေ့ထုံးတမ်း ဥပဒေကို နားလည်သိကျွမ်းမှု အားနည်းသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် မိဘများအနေဖြင့် နှုတ်ဖြင့် ပေးကမ်းခြင်း၊ အရပ်စာချုပ်များဖြင့် နှစ်သက်ရာသားသမီးများကို ပေးကမ်းခြင်းမှာလည်း တရားဝင်မှု မရှိကြောင်း၊ ထိုသို့ ပေးကမ်းခဲ့ခြင်းကြောင့် မိဘများကွယ်လွန်ပါက ပိုင်ဆိုင်မှုများ လက်ဝယ်ရရှိထားသည့် သားသမီးများနှင့် ကျန်မိသားစုဝင်များအကြား ပြဿနာများဖြစ်ပွားကာ တရားရုံးများတွင် အမွေပုံစီမံခန့်ခွဲမှု အတွက် ဦးတိုက်လျှောက်ထားမှုများတစ်နေ့တခြား များပြားလာခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များက ပြော သည်။

ကွယ်လွန်သူမိဘ၏ ကျန်ရစ်သူသားသမီးများအကြား ပိုင်ဆိုင်မှုအငြင်းပွားခြင်းကြောင့် သတင်းစာ များတွင် ကြော်ငြာထည့်သွင်းကာကန့်ကွက်ခြင်း၊ အပြန်အလှန် တရားစွဲဆိုခြင်း၊ လက်ရှိ လက်ရောက်နေထိုင် ပိုင်ဆိုင်ထားသူက အမှုမပြီးပြတ်အောင် လုပ်ပိုင်ခွင့်များအတွင်းမှ အချိန်ဆွဲခြင်းတို့ကြောင့် ဝယ်ယူသည့်သူများ အတွက် နှောင့်နှေးကြန့်ကြာမှုများနှင့်အတူ ငွေကြေးဆုံးရှုံးမှုများ တွေ့ကြုံရကြောင်း၊ ယင်းအမွေမှုများ ပြီးပြတ်ရန် နှစ်နှင့်ချီ ကြာမြင့်မည်ဖြစ်ကြောင်း၊ လက်ရောက်ပိုင် ဆိုင်ထားသူအနေဖြင့် စိတ်ကြိုက် အနေအထားမရောက်မချင်း အမှုကိုဆွဲဆန့်ထားလေ့ရှိကြောင်း၊ အမွေပုံစီမံခန့်ခွဲမှုသည် ရာဇဝတ်ကြောင်းနှင့် မဟုတ်ဘဲ တရားမကြောင်းနှင့်သာ သွားရခြင်းကြောင့် အချိန်ပေးပြီး တရားရင်ဆိုင်ခြင်းပြုနိုင်သူက တရားခွင် တွင် တစ်နည်းတစ်လမ်းအားဖြင့် အရေးသာလေ့ရှိကြောင်းသိရသည်။

”အများအားဖြင့် ပိုင်ဆိုင်ထားတဲ့သူက ခွဲမပေးချင်၊ ဒီနေရာကနေဖယ်မပေးချင်လို့ မကြာကြာအောင် သူ့ရဲ့ရှေ့နေတွေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အချိန်ဆွဲပြီး လုပ်လာကြတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အတိုင်း မလုပ်ကြလို့ ပြဿနာတွေက မများသင့်ဘဲ များနေတာ” ဟု ဦးမောင်မောင်ဝင်းက ဆက်လက် ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service