သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ

သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ - Property Knowledge in Myanmar from iMyanmarHouse.com
1 Jun 2025 10:50 am တွင် တင်ခဲ့သည်
422 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

သိကောင်းရာ အိမ်ခြံမြေဥပဒေအမေးအဖြေများကို အပတ်စဉ်တင်ဆက်ပေးလျှက်ရှိနေပါတယ်။ ဒီအပတ်မှာလည်း iMyanmarHouse.com ဆီသို့ ပေးပို့လာကြတဲ့ အမေးအများဆုံး အိမ်ခြံမြေဥပဒေအမေးအဖြေသုံးခုကို တင်ဆက်ပေးလိုက်ပါတယ်။

⚖️ မေးခွန်း (၁) - လွှဲပေးသူက ပြည်ပမှာရောက်နေပါက GP ကို ဘယ်လိုဖျက်သိမ်းရမလဲ။

တရားရုံးတွင် တရားစွဲဆိုသော ကိစ္စရပ်များအား မိမိကိုယ်စား တရားလိုအဖြစ်ဆောင်ရွက်ရန်(သို့) တရားပြိုင်အဖြစ် ခုခံချေပနိုင်ရန်နှင့် ၎င်း၏ ကိစ္စအရပ်ရပ်အား စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ GP (General Power) လွှဲအပ်ထားနိုင်ပါသည်။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအတွက် ကိုယ်စားလှယ်လွှဲအပ်လိုလျှင်တော့ SP(Special Power)သာ လွှဲအပ်နိုင်ပြီး ယခုအိမ်ခြံမြေအတွက် ကိုယ်စားလှယ်ထားရှိမည်ဆိုပါက အရောင်း အဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး နောက်ပိုင်းမှလွှဲအပ်နိုင်ပါသည်။

ကိုယ်စားလှယ်လွှဲစာအား စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ဥပဒေပုဒ်မ - ၃၂ နှင့် ၃၃ အရ မှတ်ပုံတင်ရှိရမည် ဖြစ်ပါသည်။ မှတ်ပုံတင်အရာရှိမှ စာရွက်စာတမ်း အထောက်အထားများအား မူရင်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီး မှတ်တမ်းများအား ထားရှိပါသည်။

ကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းအား လွှဲအပ်ခံရသူမှ လက်မခံခြင်း၊ လွှဲအပ်သူမှ ရုတ်သိမ်းခြင်း၊ GP ပေးသူ ယူသူတစ်ဦးဦး သေဆုံးခြင်း၊ ရူးသွပ်ခြင်း၊ လူမွဲအဖြစ် ခံယူခြင်း၊ အကျဉ်းထောင်ကျခြင်း၊ လုပ်ငန်း ကိစ္စအဝဝ ပြီးဆုံးတိုင်ခြင်း ဖြစ်လျှင် Gpမှာ အလိုအလျှောက် ပျက်ပြယ်ပါသည်။

လွှဲအပ်ထားသော တရားဝင်ကိုယ်စားလှယ်လွှဲစာအား ဖျက်သိမ်းခြင်း ဆောင်ရွက်လိုသည့်အခါတွင်လဲ ပုဒ်မ-၂၀၈ အရ အများသိအောင် ကိုယ်စားလှယ်လွှဲစာရရှိသူက ဖြစ်စေ၊ ကိုယ်စားလှယ်ပေးအပ်သူက ဖြစ်စေ ဆောင်ရွက်နိုင်ပါသည်။ မူလကိုယ်စားလှယ်စာအား ပြန်လည်ရုတ်သိမ်းလိုကြောင်း မှတ်ပုံတင်အရာရှိထံ တင်ပြ ပြီး တရားဝင်ဖျက်သိမ်းရပါမည်။ ကိုယ်စားလှယ်မှ မူလကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင်ရုံးသို့ လိုက်ပါဆောင်ရွက်ရန် ငြင်းဆိုပါက ကိုယ်စားလှယ်ပေးအပ်သူမှာ သတင်းစာ၌ အများသိစေရန် ကြေညာရပါမည်။ အဆိုပါ သတင်းစာအား မှတ်ပုံတင်ရုံးသို့ သတ်မှတ်ရက်အတွင်း ပြန်လည်တင်ပြကာ GP (General Power) ကို တရားဝင်ဖျက်သိမ်းခြင်း ဆောင်ရွက်နိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️ မေးခွန်း(၂) - 3B မြေဆိုတာ ဘာလဲ ဝယ်လို့ရလား ? ဂရန်လျှောက်လို့ရလား ? အဆောက်အဦးဆောက်လို့ ရပါသလား။

မြို့ရွာအနီး မြေကွက်များမှာ လယ်ယာမြေနှင့် ကင်းလွတ်ပါက လူနေထိုင်ခွင့်ရှိသော ကျေးရွာမြေဖြစ်ကြောင်း စာရွက်စာတမ်းအထောက်အထား ခိုင်မာလိုလျှင် 3B ဝန်ခံချက်လက်မှတ် လျှောက်ထားကြပါသည်။ 3B မြေအဖြစ် အထောက်အထားရရှိမှသာလျှင် မြေပုံလျှောက်ထားခြင်းလဲ ပြုနိုင်မည်ဖြစ်ပါသည်။ ကျေးရွာမြေများ ဖြစ်လျှင် မြေကွက်များအား အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး စီမံချက်ချပေးသည့်အခါ မြေငှားဂရန်လဲ လျှောက်ထားရယူခြင်းပြုနိုင်ပါသည်။

3B မြေအဖြစ် လျှောက်ထားရာတွင် မြေကွက်အကျယ်အဝန်း (၁)ဧက အထိသာ ခွင့်ပြုချက် လျှောက် ထားနိုင်ပါသည်။ ယခင်က 3B ယခု 3A မြေမှာ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ-၃(က) အရ လယ်ယာမြေနှင့် အကျုံးမဝင်ကာ ကင်းလွှတ်ကြောင်း ဝန်ခံချက်လက်မှတ် (Certificate)ပင် ဖြစ်ပါသည်။ လျှောက်ထားချက် များနှင့် ကိုက်ညီခြင်း ရှိမရှိ မြေပြင်ကွင်းဆင်း စစ်ဆေးတိုင်းတာခြင်း အဆောက်အဦးများရှိမရှိ၊ လမ်းများစနစ်တကျရှိမရှိ မှတ်တမ်းများ ထားရှိမည်ဖြစ်ပါသည်။

ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီပိုင် နယ်နိမိတ်အတွင်းဖြစ်ပါက မြေအမျိုးအစား-B၊ ရွာမြေ၊ G-ဥယျာဉ်ခြံမြေနှင့် မြေပိုင်မြေ (R1,R2,R3) မြေကိုသာ 3B မြေအဖြစ် လျှောက်ထားခြင်းပြုနိုင်ပါသည်။ လယ်ယာမြေနှင့် ကင်းလွှတ်ကာ 3B မြေအဖြစ် ဌာနမှအသိအမှတ်ပြုသည့်အခါမှ လူနေအိမ်ရာမြေအဖြစ် အဆောက်အဦးများလဲ ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း ရေးသားဖြေဆို ပေးလိုက်ပါသည်။

⚖️ မေးခွန်း (၃) - အမွေဆိုင်အိမ်မှာ ကိုယ့်ရဲ့ အမွေတစ်ပုံကို တခြားသူသို့ တရားဝင် ရှေ့နေနဲ့ စာချုပ်ချုပ်ပြီး ရောင်းလို့ရနိုင်ပါသလား။

အမွေဆိုင်များမှ မြန်မာဗုဒ္ဓဘာသာဝင်များဖြစ်ပါက မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အမွေပုံပစ္စည်းအား ဦးစွာတရားဝင် ခွဲဝေရပါမည်။ မိဘများ သက်ရှိထင်ရှားရှိနေစဉ် အမွေခွဲဝေခြင်းဖြစ်ပါက မိသားစု စီမံခန့် ခွဲမှုမှတ်ပုံတင်စာချုပ်ဖြင့် အမွေဆိုင်များ အားလုံးပါဝင်ကာ ကြိုတင်သဘောတူညီချက်ဖြင့် အမွေခွဲဝေခြင်း ပြုနိုင်ပြီး မိသားစုများစုံလင်စွာ မပါဝင်ခြင်း၊ အမွေနှင့် မသက်ဆိုင်သူများပါ ပါဝင်နေခြင်းဖြစ်ပါက အဆိုပါ စာချုပ်မှာပျက်ပြယ်မည်ဖြစ်ပါသည်။ (ဒေါ်ငွေလှိုင်ပါ ၈၊ မောင်ကျော်ဝိန် (ခ) မောင်ကျော်စိန်ပါ ၂ နှင့် ဦးလှဆောင်ပါ ၃၊ ဒေါ်ငွေလှိုင်ပါ ၉ အမှု၊ ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၅၀) မရွှေ့မပြောင်းနိုင်ပစ္စည်းများ အမွေခွဲဝေခြင်း၌ ပါဝင်လျှင် မိသားစုစီမံမှု စာချုပ်အား မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ထားရှိရန်လိုပါသည်။ (ဦးအောင်ညွန့်နှင့် မောင်အုန်းမြင့်၊ ၁၉၈၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၂၁) စီရင်ထုံး မိသားစုစီမံမှုဖြင့် အမွေခွဲဝေရန် သဘောတူစာချုပ်မှာ မိဘများ သက်ရှိထင်ရှားရှိစဉ်ပစ္စည်းအား လက်ရောက်ရယူခြင်းမပြုနိုင်ဘဲ မိဘများမရှိသည့် နောက်ပိုင်းမှာ စာချုပ်ပါ အကြောင်းအရာများ အတည်ဖြစ် မည်ဖြစ်ပါသည်။ မိသားစုစီမံမှုစာချုပ် မချုပ်ဆိုထားသော မြေကွက်အား အမွေခွဲဝေလိုခြင်းဖြစ်ပါက မိသားစုသဘောတူ အမွေခွဲဝေခြင်းစာချုပ်ဖြင့် အမွေခွဲဝေခြင်းလဲပြုနိုင်ပြီး မိသားစုအားလုံး သဘောတူညီလျှင် အငြင်းပွှားမှု မပေါ် ပေါက်နိုင်ပါ။ ထို့သို့ သဘောတူညီစွာနဲ့ အမွေခွဲဝေခြင်းမပြုနိုင်ပါက၊ အမွေပုံပစ္စည်းမှာလဲ အမွေဆိုင်တစ်ဦးထဲမှ ရယူထားခြင်းဖြစ်ပါက အမွေဆက်ခံရေးအတွက် တောင်းဆိုရန် အမွေမှုဖွင့်လှစ် တရားစွဲဆိုရမည်ဖြစ်ပါသည်။ မရွှေ့မပြောင်းနိုင်သောပစ္စည်း ဖြစ်သည့်အတွက် တရားရုံးတွင် အမွေထိန်းစာလက်မှတ် လျှောက်ထားမှုလဲပြုနိုင်ပါသည်။

မိဘများ သေဆုံးပြီးနောက်ပိုင်း အထက်ဖော်ပြပါအကြောင်းအရာများဖြင့် ကျန်ရစ်သူသားသမီးများမှ အမွေပုံပစ္စည်းအား ညှိနှိုင်းခွဲဝေခြင်းမပြုပဲ မိမိနှင့်သာ သက်ဆိုင်သော အမွေပုံပစ္စည်းကို အခြားသူတစ်ဦးထံ ပိုင်ဆိုင်ခွင့် လွှဲပြောင်းရောင်းချခြင်းမပြုနိုင်သေးကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service