အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း

အိမ်ခြံမြေဥပဒေအကြောင်း တစေ့တစောင်း - Property Knowledge in Myanmar from iMyanmarHouse.com
16 Mar 2025 2:14 pm တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဒီတစ်ပတ်မှာတော့ အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်ယူခြင်းနှင့်ပတ်သက်ပြီး အပျောက်တိုက်ခန်းဆိုသည်မှာ အဘယ်နည်း.....ဆိုတဲ့ စိတ်ဝင်စားဖွယ်မေးခွန်းလေးအပါအဝင် မေးခွန်းသုံးခုကို ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။

⚖️မေးခွန်း(၁)- တိုက်ခန်း (သို့) မြေကွက်များဝယ်ယူသည့်အခါ စရန်ပေးစာချုပ်တွင် ထည့်သွင်းလေ့ရှိသည့် စရန်ငွေနှစ်ဆ၏ အဓိပ္ပာယ်ကို ရှင်းပြပေးပါရှင်။

အရောင်းအဝယ်တစ်ခု၌ ရောင်းချသူမှ မိမိပိုင်ပစ္စည်းအား တိုက်ရိုက်ရောင်းချခြင်း၊ ကိုယ်စားလှယ်ခန့် အပ်၍ ရောင်းချစေခြင်းတို့ရှိပါသည်။ ရောင်းချသူမှ တိုက်ခန်း (သို့) မြေကွက်အား ပိုင်ဆိုင်မှု အထောက်အထား မူရင်းစာရွက်စာတမ်းများနှင့်အတူ အာမခံပြီး ရောင်းချရန် ဝယ်ယူသူထံ ကမ်းလှမ်းပြောဆိုမှုပြုမည်ဖြစ်ပါသည်။ ဝယ်ယူသူမှ ကမ်းလှမ်းချက်ကို သိရှိပြီး အဖိုးစားနားအားလဲ လက်ခံကာ ရောင်းချသူမှသာ ပိုင်ဆိုင်ခွင့်ရှိသည်ကို သဘောရိုးဖြင့် ယုံကြည်သည့်အခါမှ စရန်ပေးစာချုပ် ချုပ်ဆိုကြမည်ဖြစ်ပါသည်။ ကမ်းလှမ်းချက်ကို စာဖြင့်ဖြစ် စေ၊ နှုတ်ဖြင့်ဖြစ်စေ ဝယ်ယူသူမှ လက်ခံခြင်းပြုနိုင်ပါသည်။

စရန်ငွေပေးချေခြင်းအတွက် ပဋိညာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက ပဋိညာဉ်ဥပဒေနှင့်အညီ ရောင်းသူဝယ်သူ ဆက်လက် ဆောင်ရွက်ရပါမည်။ စရန်ပေးစာချုပ်တွင် ရောင်းသူမှ အရောင်းအဝယ် ဖျက်သိမ်းခြင်း၊ ရပ်သိမ်း ခြင်း၊ ကန့်ကွက်သူ ပေါ်ပေါက်၍ ဝယ်ယူသူတွင် နစ်နာဆုံးရှုံးခြင်းတို့ ပေါ်ပေါက်ပါက ရောင်းချသူမှ ဝယ်ယူသူ ပေးအပ်ထားသော စရန်ငွေ (၂)ဆ ပေးအပ်ရန် ထည့်သွင်း စာချုပ်ဆိုမှုပြုကြပါသည်။ အရောင်းအဝယ် ဖျက်သိမ်း ပါကစရန်ငွေအပေါ်တွင် (၂)ဆတိုး၍ ပေးအပ်ရန် ရောင်းချသူမှ ကြိုတင်သဘောတူညီချက် ဖြစ်ပါသည်။

တနည်းဆိုသော ရောင်းချသူအား ဝယ်ယူသူမှ ယုံကြည်သောကြောင့် စရန်ငွေပေးအပ်ခြင်းဖြစ်ပြီး ရောင်းချသူမှ အဆိုပါစရန်ငွေအပေါ်တွင် အာမခံမှုရှိရမည်ဖြစ်ပါသည်။ စာချုပ်ပါအတိုင်း အထူးလေးစား လိုက်နာရန် ရောင်းချမှုအတွက် ရောင်းချသူအား စရန်ငွေ (၂)ဆဖြင့် တာဝန်ခံစေခြင်းပဲဖြစ်ပါသည်။ ဥပမာ- (၁၀) သိန်း စရန်ငွေပေးအပ်ပါက အရောင်းအဝယ်ပျက်လျှင် (၂၀) သိန်း ပြန်လည် ပေးအပ်ရမည်ဖြစ်ပါသည်။ စရန်ငွေအပြင် (၂ဆ)၊ စရန်ငွေ၏ (၂)ဆဆိုပါက နောက်ထပ်(၂)ဆ ထပ်မံပေးချေရန် ကတိပြုထားခြင်းဖြစ်ပါသည်။ ဝယ်ယူသူမှာလဲ စရန်ပေးစာချုပ်ပါအတိုင်း အရောင်းအဝယ်ကျန်ငွေအား သတ်မှတ်ရက် (သို့) သတ်မှတ် ကာလတွင်မပျက်မကွက်ပေးချေရန် တာဝန်ရှိပြီး ဖောက်ဖျက်၊ ပျက်ကွက်ပါက စရန်ငွေအဆုံးရှုံးခံရန် အပြန် အလှန် တာဝန်ရှိနေပါသည်။

ပဋိညာဉ်ဥပဒေအရ သဘောတူညီချက်တစ်ခုမှာ ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ပါက ပဋိညာဉ် အဆင့်ရောက်ရှိမည်ဖြစ်ပါသည်။ ကတိအတွက် အဖိုးစားနားရရှိခဲ့ပြီးဖြစ်လျှင် အဆိုပါကတိအတိုင်း မဆောင်ရွက် လိုကြောင်း ရောင်းသူဝယ်ယူ ငြင်းဆိုခွင့်လဲမရှိပါ။ စရန်ပေးစာချုပ်ပါအတိုင်း ရောင်းချသူမှ လိုက်နာခြင်းမရှိ ပါက ဝယ်ယူမှ စာချုပ်ပါအတိုင်း စရန်ငွေ(၂)ဆ နစ်နာကြေးများအား တရားစွဲဆို တောင်းခံခြင်းပြုနိုင်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း(၂) - အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်ယူခြင်းနှင့်ပတ်သက်ပြီး အပျောက်တိုက်ခန်းဆိုသည်မှာ အဘယ်နည်း။

အပျောက်စနစ်ဆိုသည်မှာ တိုက်ခန်းများတွင် ခေါ်ဝေါ်သုံးနှုန်းခြင်းပင်ဖြစ်ပြီး တိုက်ခန်းအား အငှားပိုင် ဆိုင်ကာ ဝယ်ယူခြင်းပင် ဖြစ်ပါသည်။ ဝယ်ယူသူမှ ထာဝစဉ်နေထိုင်ပိုင်ဆိုင်ခွင့်နှင့် အမွေဆက်ခံခွင့်ရှိသူများမှလဲ ဆက်လက် အကျိုးခံစားခွင့်ရှိပါသည်။

သာမာန်အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူသောကြောင့် အမည်ပြောင်း ဆောင်ရွက်မှုပြုသည့်အခါအတိုင်း ပိုင်ဆိုင်မှုအထောက်အထားအဖြစ် မြေရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးခြင်းလဲ ဆောင်ရွက်ရန်လိုပါသည်။ မြေရှင်မှ အဆောက်အအုံ၏ မြေပိုင်ဆိုင်မှုအား မြေယာစီမံခန့်ခွဲဌာနတွင် တရားဝင်အမည်ပေါက် ပိုင်ဆိုင်သော ကြောင့် ၎င်းအမည်ပေါက်မြေပေါ်တွင် တိုက်ခန်း ဝယ်ယူပိုင်ဆိုင်နေထိုင်သူများအား ၎င်းသိရှိရန်လိုပါသည်။ သဘာဝဘေးအန္တရာယ်၊ အကြောင်းတစ်စုံတစ်ရာကြောင့် တိုက်ခန်းများ ပြန်လည်တည်ဆောက်သည့်အခါ မြေရှင်နှင့် ညှီနှိုင်းပြောဆိုခြင်းလဲ ပြုနိုင်ပါသည်။

တိုက်ခန်းများအား နေထိုင်ခွင့်အတွက် တန်ရာတန်ကြေးပေးကာ အရောင်းအဝယ်ပြုနိုင်ကြပြီး ၎င်းမှာ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေအရ အပျောက်စနစ်ဖြင့် ဥပစာလွှဲပြောင်း ရောင်းချခြင်းပင်ဖြစ်ပါသည်။

အပျောက်စနစ်ဖြင့် တိုက်ခန်းဝယ်ယူထားသူမှာ အမွေဆက်ခံသူတစ်ဦးတစ်ယောက်မှမရှိပါက မြေရှင်မှ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေပုဒ်မ- ၂၁ (၄) အရ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ အသိပေး အကြောင်းကြားကာ တိုက်ခန်းအား အိမ်ငှားအဖြစ် နေထိုင်ခွင့်ပြုရန် လျှောက်ထားခြင်းလဲပြုနိုင်ပါသည်။ တိုက်ခန်းများမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့်အတွက် မြေငှားခအား မြေရှင်နှင့် တိုက်ခန်း ဝယ်ယူနေထိုင်သူများမှ အချိုးချ ထည့်ဝင်ပေးချေခြင်းမှာ တိုက်ခန်းပိုင်ဆိုင်မှု အထောက်အထားတစ်ရပ်လဲ ဖြစ် စေကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️မေးခွန်း(၃) - မြေပုံကူးလျှောက်ထားရန် လိုအပ်သည့် အချက်အလက်များကို ရှင်းပြပါ။

မြေပုံကူးယူရာ၌ မြေပိုင်ဆိုင်မှုအထောက်အထား ဂရန်မူရင်း၊ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေ၊ ဂရန်ရှိမြေ ပိုင်မြေဖြစ်ပါက မှတ်ပုံတင်စာချုပ်စာတမ်း ၊ တရားရုံးအမိန့်ဒီဂရီဖြင့် ပိုင်ဆိုင်ခြင်းဖြစ်ပါက အမိန့်မူရင်း၊ လျှောက်ထားသူ၏ မှတ်ပုံတင် မူရင်း / မိတ္တူ၊ မြေခွန်ကြေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက်၊ နောက်ဆုံး မြေခွန်ပြေစာ၊ အမည်ပေါက် သေဆုံးလျှင် သေတမ်းစာ အတည်ပြုလက်မှတ်၊ အမွေထိန်းစာနဲ့ မြေပုံကူးယူခြင်း ဖြစ်လျှင် ထုခွဲရောင်းချခွင့်ရှိသောအမိန့်၊ ကျမ်းကျိန်လွှာတို့ဖြင့် အကြောင်းအရာပေါ်မှုတည်၍ မြေပုံကူးယူခြင်း ပြုနိုင်ပါသည်။

မြေပုံကူးယူခြင်းအမျိုးမျိုးရှိရာ

-အဆောက်အဦဆောက်လုပ်ရန် -အကြီးစားပြင်ဆင်ခွင့်ပြုရန် -ဘဏ်ငွေချေးရန် -အရောင်းစာချုပ်ချုပ်ဆိုရန် -အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြော်ငြာစာချုပ်ချုပ်ဆိုရန် -ပစ္စည်းခွဲဝေခြင်း စာချုပ်ချုပ်ဆိုရန် - စွန့်လွှတ်စာချုပ်ချုပ်ဆိုရန် -အပိုင်ပေးစာချုပ်ချုပ်ဆိုရန် -ခြံစည်းရိုးကာရံခွင့်လျှောက်ထားရန် -မြေကွက်ခွဲလျှောက်ထားရန် -အဝီစီတွင်းတူးဖော်လျှောက်ထားရန် -လှူဒါန်းခြင်းစာချုပ်ချုပ်ဆိုရန် -မှတ်တမ်းအဖြစ်ထားရှိရန် -ကျူးလွန်ခြင်းပြမြေပုံ -ဌာနဆိုင်ရာတင်ပြရန် -အမှားပြင် စာချုပ်ချုပ်ဆိုရန် -မြေကွက်လဲလှယ်စာချုပ်ချုပ်ဆိုရန် -မိသားစုစီမံခန့်ခွဲရေးစာချုပ်ချုပ်ဆိုရန် -အခွန်လွတ်သာသနာ့ဂရန်မြေ ဗုဒ္ဓသိမ်ဂရန် လျှောက်ထားရန် အစရှိသဖြင့် မြေပုံကူးယူလျှောက်ထားနိုင်ပါသည်။ လျှောက်ထားသည့် အကြောင်းအရာပေါ်မူတည်၍ ဌာနမှ ကန့်ကွက်ရှိမရှိ သတင်းစာကြေငြာစေခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းတို့ ဆောင်ရွက်နိုင်ပါသည်။

လျှောက်ထားသူမှာ မြေပုံကူးယူခွင့်ရှိပြီး တင်ပြလျှောက်ထားသည့် အချက်အလက်များဖြင့် ကိုက်ညီမှု ရှိမှသာ ဌာနမှ ဝန်ဆောင်မှုစရိတ် ပေးသွင်းစေပြီး ခွင့်ပြုမိန့်ဖြင့် မြေပုံအား ထုတ်ပေးပါသည်။

ရွာမြေ၊ ဥယျာဉ်ခြံမြေ စိုက်ပျိုးမြေမှအပ ကျန်မြေအမျိုးအစားများကို မြေပုံ/မြေရာဇဝင်ကူးယူခြင်း လျှောက်ထားနိုင်ပါသည်။ လိုင်စင်မြေနှင့် ပါမစ်မြေကို အဆောက်အဦး ဆောက်လုပ်ရန်၊ အဝီစိတွင်းတူးရန်နှင့် ခြံစည်းရိုးကာရံရန် အတွက်သာ သက်သေခံမြေပုံ ထုတ်ယူနိုင်ပါသည်။

ကျူးလွန်ခြင်းပြ မှန်ကန်ကြောင်း သက်သေခံမြေပုံကို မြေတိုင်းမြေပုံရရှိပြီးသူကသာ လျှောက်ထားခြင်း ပြုနိုင်ပါသည်။ စွန်လွှတ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးလျှောက်သည့်အခါ မြေကွက်အား အမည်ပေါက်သူ (သို့) မှတ်ပုံတင်စာချုပ် အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူများမှသာ လျှောက်ထားခြင်းပြုနိုင်မည်ဖြစ်ကြောင်း ဖြေဆိုရေး သားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service