ဩရသသားသမီး အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ဩရသသားသမီး အခွင့်အရေးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
25 Jan 2025 11:23 am တွင် တင်ခဲ့သည်
628 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဩရသသားသမီးဆိုသည်မှာ ရင်၌ဖြစ်သော သားကြီး၊ သမီးကြီးကို ဆိုလိုပါသည်။ ဩရသမှာ တရားဝင် သားရင်း၊ သမီးရင်းဖြစ်ရန် လိုပြီး မိခင်၊ ဖခင် သေဆုံးချိန်တွင် အရွယ်ရောက်ပြီး (၁၈)နှစ် အသက်ပြည့်ပြီးသူ ဖြစ်ရပါမည်။

ဩရသမှာ သားဖြစ်လျှင် ဖခင်သေဆုံးသည့်အခါ ဩရသအခွင့်အရေးတောင်းခံနိုင်ပြီး သမီးဖြစ်လျှင် မိခင်သေဆုံးသည့်အခါ ဩရသအခွင့်အရေး စတင်တောင်ခံနိုင်ပါသည်။သို့သော် သားဖြစ်သူ ဩရသမှ မိခင်ဖြစ်သူ သေဆုံးလျှင် ဖခင်ထံမှ ဩရသအခွင့်အရေး မတောင်းခံနိုင်သလို သမီးဖြစ်သူမှလဲ ဖခင်သေဆုံးလျှင် မိခင်ထံမှ ဩရသအခွင့် အရေး မတောင်းခံနိုင်ပါ။ ဩရသမှာ ရူးသွပ်သူ၊ စိတ်ပေါ့သွပ်သူ၊ ချိနဲ့သူ မဖြစ်ရပါ။

ထို့ပြင် မိခင်ဖခင် သေဆုံးချိန်တွင် ဩရသအခွင့်အရေး တောင်းခံခြင်းမရှိခဲ့လျှင် မိခင်ဖခင် နောက်အိမ် ထောင်ပြုလျှင် ဩရသမှာ အမွေဝေစုကို တောင်းခံနိုင်ပါသည်။ ဩရသမှာ အမွေပစ္စည်း၏ လေးပုံတစ်ပုံအား ရပိုင်ခွင့်ရှိသော်လည်း အမွေဆက်ခံထိုက်သော ဩရသသားသမီးဖြစ်ရန်အတွက် သားဖြစ်လျှင် ဖခင်၏ စီးပွားရေးတွင် ကူညီသည့်သူ၊ သမီးဖြစ်လျှင် မိခင်ကိုယ်စား အိမ်မှုကိစ္စများအား ကူညီလုပ်ကိုင် ဆောင်ရွက်သူ ဝတ္တရား ကျေပွန်သူ ဖြစ်ရပါမည်။

မိဘများ မွေးဖွားသည်မှာ ဒုတိယသားဖြစ်သော်လည်း ပထမသားမှာ အရွယ်မရောက်ခင် သေဆုံးသွားပါက ဒုတိယသားမှာ ဩရသ အခွင့်အရေး ဆက်ခံရရှိပါသည်။ ဩရသမှာ မိရင်း၊ ဖရင်း အပေါ်တွင်သာ အမွေဆက်ခံရေးအတွက် ဩရသအခွင့်အရေးကို တောင်းခံနိုင်ပါသည်။ အမိ၊ အဖက နောက်အိမ်ထောင်ပြုပြီး ၎င်းသေဆုံးပြီးချိန်တွင်တော့ မိထွေး၊ ဖထွေးအပေါ်တွင် ဩရသအခွင့်အရေး မတောင်းဆိုနိုင်ပါ။

အမွေဆက်ခံခွင့်ရှိသော လင်ယောကျ်ားဖြစ်သူမှ သေဆုံးပါကလဲ ၎င်း၏အမွေဆက်ခံခွင့်အား ခွဲဝေပေးရန် မိန်းမဖြစ်သူမှ တောင်းဆိုခွင့်ရှိသည်။ အမွေခွဲဝေခြင်းမပြုရသေးလျှင် သေဆုံးလျှင် ၎င်းနှင့်သက်ဆိုင်သည့် ကျန်ရှိ အမွေဆက်ခံခွင့်ရှိသူများမှ အမွေဝေစုကို ဆက်ခံခွင့်ရှိခြင်းဖြစ်ပါသည်။ (မောင်စိတ်နှင့် မောင်ငြိမ်း (2 U.B.R (1897 -1901) P-146) မောင်ကြီးအိုနှင့် မသက်ပုံ (4Ran, P-513 (P.C)) စီရင်ထုံးတွင် သားသမီးဖြစ်သူမှ မိဘသူများထက်ဦးစွာစော၍ သေဆုံးသောအမှုဖြစ်ပြီး ကျန်ရစ်သူ ချွေးမ၊ သားမက်သည် ယောက္ခမထံမှ အမွေဆက်ခံခွင့် မရှိကြောင်း ဆုံးဖြတ်ထားပါသည်။

အမွေဆက်ခံနိုင်သော သားသမီး (၆)မျိုး ဩရသ၊ ကိတ္တိမ ၊ အပတိဌ ၊ ပုဗ္ဗက ၊ ဟေဳမ၊ ခေတ္တဇ သားသမီး ဟူ၍ရှိရာ ဩရသမရှိသည့်အခါတွင် ကိတ္တိမသားသမီးသည် မွေးစားသားသမီးဖြစ်သောကြောင့် ဩရသအခွင့်အရေး မရရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ဩရသအမွေဆက်ခံခွင့်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
နေ့စဉ်တွေ့နေရပေမယ့် ဒါတွေ ဘယ်လိုအသုံးဝင်သလဲ... ??
နေ့စဉ်တွေ့နေရပေမယ့် ဒါတွေ ဘယ်လိုအသုံးဝင်သလဲ... ??
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
အခန်းတွေရဲ့ အကျယ်တွေအဝန်းဘယ်လောက်ထားသင့်သလဲ...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သိကောင်းရာအိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းဥပဒေအကြောင်းဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service