မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့...

မိုးရွာနေလည်း အဝတ်လေးတွေ မွှေးမွှေးလေးဖြစ်နေဖို့... - Property Knowledge in Myanmar from iMyanmarHouse.com
31 May 2025 10:58 am တွင် တင်ခဲ့သည်
580 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မိုးစက်တွေကို သဘောကျပြီး မြေသင်းနံ့ကို နှစ်ခြိုက်တဲ့ မိုးရာသီချစ်သူတစ်ယောက်ဆိုရင်တောင် အဝတ်တွေ သေချာမခြောက်တာ၊ ဖားဥစွဲပြီး မှိုနံ့ထွက်တာတွေအတွက်ကြောင့် စိတ်ညစ်ရမယ်ထင်ပါတယ်။ မိုးကို ကြိုက်တယ်ဆိုရင်တောင် အဝတ်အစားတွေကိုတော့ နေနံ့ လေးနဲ့ ခြောက်သွေ့မွှေးပျံ့နေစေချင် ကြပါတယ်။ ဒါကြောင့် မိုးတွင်းမှာတောင် အဝတ်အစားတွေ မှိုနံ့မထွက်ဘဲ မွှေးပျံ့နေဖို့အတွက် အလွယ်တကူ လိုက်လုပ်လို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြသွားပါမယ်။

 

လျှော်ဖွပ်ရာမှာ ဒါတွေ သုံးပါ

မိုးမိလာလို့ အဝတ်တွေစိုလာတဲ့အခါ ချက်ချင်းမလျှော်ဘဲ အဝတ်လျှော်ခြင်းထဲ ထည့်ထားမိတတ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းက လျှော်ပြီးပြီဆိုရင်တောင် အဝတ်တွေက အနံ့အသက်မကောင်းဘဲ ကျန်နေတတ်ပြီး မှိုလည်းစွဲတတ်တာကြောင့် မိုးစိုလာတဲ့ အဝတ်တွေကို ချက်ချင်းလျှော်ဖွပ်ဖို့ လိုအပ်ပါတယ်။ လျှော်ဖွပ်ပြီးတဲ့အခါ အဝတ်ပျော့ဆီ (အမွှေးဆီ)နဲ့ စိမ်ထားခြင်းက ပုံမှန်အချိန်တွေမှာ သိပ်မထူးခြားဘူးလို့ ထင်ရပေမယ့် မိုးစိုတဲ့ အဝတ်တွေကို အနံ့ကောင်းစေဖို့တော့ ထိထိရောက်ရောက် ကူညီပေးပါတယ်။

ထိခိုက်ယားယံလွယ်တဲ့ အရေပြားရှိသူတွေဆိုရင် အရည်သွေးစိတ်ချရတဲ့ အမွှေးဆီကို သင့်တော်တဲ့ပမာဏပဲ အသုံးပြုဖို့ သတိထားပါ။ ဒါမှမဟုတ် ရှာလကာရည်နဲ့ မုန့်ဖုတ်ဆော်ဒါကို ရောပြီး အဝတ်တွေကို စိမ်ပေးခြင်းအားဖြင့်လည်း အနံ့ဆိုးတွေကင်းဝေးပြီး အဝတ်တွေ ဖြူ‌ဖွေးတောက်ပြောင်နေပါလိမ့်မယ်။ သြော် ပြီးတော့ ... ချွေးစိုတဲ့ အားကစားဝတ်စုံတွေ၊ ရေစုပ်လွယ်တဲ့ တဘက်တွေကိုလည်း မကြာမကြာ လျှော်ဖွပ်ပေးဖို့ လိုအပ်ပါတယ်နော်။

 

အဝတ်လျှော်စက် သန့်ရှင်းရေး

ဒီလို မိုးရာသီမှာဆို အဝတ်လျှော်စက် အသုံးပြုသူတစ်ယောက်အတွက် လျှော်ပြီးသားအဝတ်တွေကလည်း အနံ့အသက်မကောင်းတာမျိုး၊ သိပ်မပြောင်တာမျိုး ပိုသိသိသာသာ ဖြစ်လာတဲ့အခါ အဝတ်လျှော်စက်ကို သန့်ရှင်းရေးမလုပ်တာကြာပြီလားဆိုတာလည်း ထည့်စဥ်းစားရမယ့် အချက်ဖြစ်ပါတယ်။ မှိုစွဲတာ၊ အမှုန်အမွှားနဲ့ အနယ်တွေ ရှင်းလင်းသွားစေဖို့ အဝတ်လျှော်စက်သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးရမှာပါ။

အဝတ်လျှော်စက် သန့်ရှင်းရေးဆေးရည်တွေ ဝယ်ယူအသုံးပြုလို့ ရသလို၊ ရေနွေးနဲ့ ရှာလကာရည်ကို သုံးပြီးတော့လည်း ဆေးကြောနိုင်ပါတယ်။ အဝတ်လျှော်စက်သုံးပြီးပြီဆို အဖုံး(သို့) တံခါးကိုဖွင့်ထားခဲ့ခြင်းအားဖြင့် အတွင်းပိုင်း ခြောက်သွေ့ လွယ်တာကြောင့် အနံ့အသက်ကောင်းဖို့ အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်ပါလိမ့်မယ်။

 

ကောင်းမွန်စွာ ခြောက်သွေ့ဖို့

မိုးများတဲ့ ရန်ကုန်လိုနေရာမျိုးမှာ လေဝင်လေထွက်မကောင်းတဲ့ တိုက်ခန်းတွေဆိုရင် အဝတ်မှာတင်မကဘဲ နံရံတွေမှာပါ မှိုနံ့စွဲ၊ မှိုစွဲနေတာ တွေ့ဖူး၊ ကြုံဖူးကြမှာပါ။ ဒါဟာ လေထုထဲမှာတောင် အစိုဓာတ်များ၊ စိုထိုင်းဆ များနေလို့ပါပဲ။ အခု နေပူ၊ အခုပဲရွာချ ဆိုတဲ့ ရန်ကုန်မိုးနဲ့ဆို အဝတ်တွေကို အိမ်ထဲမှာပဲလှန်းကြတာများပါတယ်။ စိုထိုင်းထိုင်းအိမ်ထဲမှာ စိုထိုင်းထိုင်းလေထုနဲ့ဆို အဝတ်တွေလည်း အေးစက်စိုထိုင်းနေတော့တာပါပဲ။ ဒါကြောင့် အဝတ်တွေ ခြောက်သွေ့ဖို့ဆို အိမ်တွင်းလေထု ခြောက်သွေ့ဖို့က အခြေခံအချက်ပဲ ဖြစ်ပါတယ်။

အိမ်တွင်းလေထုခြောက်သွေ့ဖို့ဆို ရေငွေ့စုပ်စက် (Dehumidifier) တွေကို အသုံးပြုနိုင်ပါတယ်။ မိုးတွေဆက်တိုက်ရွာတဲ့ နေ့ရက်တွေမှာတောင် အဝတ်တွေသေချာခြောက်သွေ့ချင်တယ်ဆိုရင် အဝတ်ခြောက်စက်တွေက‌တော့ အကောင်းဆုံး‌ရွေးချယ်မှုပါ။ အဝတ်ခြောက်စက် အသုံးမပြုချင်ဘူးဆိုရင်လည်း အဝတ်တွေကို စင်မှာလှန်းပြီး ပန်ကာနဲ့ မှုတ်ပေးလို့လည်း ရပါတယ်။ သတိပြုရမယ့် အချက်ကတော့ စိုစိစိအဝတ်တွေကို မီးပူတိုက်ပြီး အခြောက်မခံဖို့ပါပဲ။ ဒီလိုပြုလုပ်ခြင်းက အနံ့ဆိုးကို မသက်သာစေတဲ့အပြင် အထည်ရဲ့အရည်အသွေးကိုပါ ထိခိုက်စေလို့ပါ။

 

ကောင်းမွန်စွာသိမ်းဆည်းဖို့ရာ

အဝတ်တွေ အနံ့ကောင်းစေဖို့ဆို ဘယ်လိုသိမ်းဆည်းသလဲဆိုတာကလည်း အတော်စကားပြောပါတယ်။ အဝတ်ဗီရို၊ သေတ္တာ ဒါမှမဟုတ် အဝတ်ထည့်တဲ့ ပုံးတွေက ခြောက်သွေ့သန့်ရှင်းပြီး အနံ့ကင်းနေဖို့ အရေးကြီးပါတယ်။

ဒါမှသာ အဝတ်တွေကို မှိုနံ့မစွဲမှာပေါ့။ မိုးတွင်းမှာ အဝတ်တွေ မှိုနံ့မစွဲအောင်ဆိုရင် အမွှေးခဲတွေ၊ အမွှေးအိတ်‌ တွေထက် ပရုတ်လုံးက ပိုထိရောက်တယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။ အဖြူရောင်နဲ့ အရောင်ဖျော့ အဝတ်တွေ၊ တန်ဖိုးကြီးတဲ့ အထည်တွေကိုတော့ လေလုံတဲ့ ပလတ်စတစ်အိတ်နဲ့ ထည့်မယ်ဆို အနံ့အသက်အတွက်ရော မှိုအတွက်ပါ စိတ်ချရမှာပါ။

မိုးတွင်းမှာ လှပတဲ့အရာ ကောင်းတဲ့ဘက်ခြမ်းများစွာရှိပါပေမယ့် သူ့ရဲ့ မကောင်းတဲ့အခြမ်းက တစ်ခုကိုပြောပါဆိုရင် မှိုနံ့ထွက်နေတဲ့ စိုစိစိ အဝတ်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းအဆင့်ဆင့်ကို သုံးပြီး လျှော်ဖွပ်မယ်ဆိုရင်တော့ မိုးရာသီမှာတောင် အဝတ်အထည်တွေက နေနဲ့ခြောက်ထားသလို အနံ့လေးသင်းနေပါလိမ့်မယ်။ ဒီမိုးရက်တွေမှာ လက်တွေ့လိုက်လုပ်ကြည့်လိုက်တော့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: cityrewards

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service