ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီးနေ

ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီးနေ - Property Knowledge in Myanmar from iMyanmarHouse.com
11 Dec 2024 10:13 am တွင် တင်ခဲ့သည်
518 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကော့စတာရီကာနိုင်ငံ၊ Alajuela ပြည်နယ်၊ Venecia ခရိုင်ရှိ Recreo Verde ဟိုတယ်နှင့် ရေပူစမ်း အပန်းဖြေစခန်းဝန်းတွင် မရဏလှိုဏ်ဂူ (The Cave of Death) ဟုကျော်ကြားသော လှိုဏ်ဂူတစ်ခုရှိနေပြီး ဂူအတွင်းသို့ ဝင်သွားသည့် မည်သည့်သက်ရှိသတ္တဝါမဆို ပြန်လမ်းမရှိချေ။

လှိုဏ်ဂူအနက် ၆ ပေ ၊ အလျား ၁၀ ပေသာရှိသော ငရဲတွင်း၏ အဝင်ဝတွင် လူရိုးခေါင်းနှင့် ကြက်ခြေခတ်လူရိုးအမှတ်အသားများဖြင့် သတိပေးထားပြီး ဒေသခံတို့က Cueva De La Muerte ဟု အမည်ပေးထားပြီး မရဏလှိုဏ်ဂူဟု အဓိပ္ပာယ်ရသည်။

သာမာန်ကြည့်လျှင် ခိုလှုံစရာနေရာရှာဖွေနေသော အင်းဆက်များ၊ ငှက်များနှင့် တောရိုင်းတိရ စ္ဆာန်ငယ် များအတွက် နွေးထွေးစွာ ခိုလှုံနိုင်သည့်နေရာဟု ယူဆရသည်။

သို့သော် ပြင်ပပုံပန်းမှာ လှည့်စားမှုတစ်ခုသာဖြစ်ပြီး လှိုဏ်ဂူအတွင်းသို့ ဝင်သွားပါက ချက်ချင်းဆိုသလို သေဆုံးသွားနိုင်သည်။

လှိုဏ်ဂူငယ်လေးသည် ပကတိစက္ခုဖြင့်ကြည့်လျှင် အန္တရာယ်မရှိသော်လည်း စင်စစ်ကား အဆိပ်ငွေ့များ အဆက်မပြတ်ထုတ်လွှတ်နေသည်။

“ဒါက တော်တော်သေးတဲ့ လှိုဏ်ဂူလေးတစ်ခုပါပဲ။ ဒါပေမယ့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေ အလွန်များပြားစွာ ထွက်နေပါတယ်။” ဟု စူးစမ်းလေ့လာသူ Guy van Rentergem က YouTube ဗွီဒီယိုထဲတွင် ရှင်းပြသည်။

လှိုဏ်ဂူငယ်လေးမှ တစ်နာရီလျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၃၀ ကီလိုဂရမ်ခန့်အထိ ထုတ်လွှတ်သည်ဟု ဆိုသည်။

(သက်ရှိသတ္တဝါတိုင်းကို ချက်ချင်းဆိုသလိုသေစေနိုင်သော ကော့စတာရီကာနိုင်ငံက မရဏလှိုဏ်ဂူကို တွေ့ရပုံ။ ဓာတ်ပုံ-Recreo Verde)

မရဏဂူ၏ အဆိပ်ပြင်းပုံကို လက်တွေ့ပြသရန်အတွက် ဒေသခံ လမ်းညွှန်တို့က လှိုဏ်ဂူအတွင်းဆီသို့ မီးတုတ်တစ်ခု ထည့်ပြသည်။

လှိုဏ်ဂူအတွင်း အောက်ဆီဂျင်လုံးဝမရှိဘဲ ကာဗွန်ဒိုင်အောက်ဆိုက်များ အလွန်မြင့်မားစွာရှိနေခြင်းကြောင့် မီးတုတ်မှာ စက္ကန့်ပိုင်းအတွင်း ချက်ချင်းမီးငြိမ်းသွားသည်။

(မီးတုတ်ဖြင့် လက်တွေ့ပြသပုံ။ ဓာတ်ပုံ-Recreo Verde)

လှိုဏ်ဂူအတွင်းသို့ မည်သည့်နေရာမှ ကာဗွန်ဒိုင်အောက်ဆိုက်များ ရောက်ရှိလာသည်ကိုမူ မည်သူမျှ မသိကြချေ။

သို့သော် သုတေသီတို့ ကောက်ချက်ဆွဲသည်မှာ မြေကြီးထဲတွင်ရှိနေသော ဓာတ်သတ္တုတို့မှာ မြေအောက် ကျောက်ရည်ပူတို့၏ မြင့်မားသောအပူချိန်နှင့် ဖိအားတို့ကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ထို့အပြင် အသက်ဝင်နေသော မီးတောင်နှင့် နီးကပ်စွာ တည်ရှိခြင်းကြောင့်လည်း ကာဗွန်ဒိုင်အောက်ဆိုက်များ ရှိနေခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Costa Rica’s ‘cave of death’ which kills all that enters (nypost) Photo Credit- Recreo Verde

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service