လေ့လာစရာ အိမ်ခြံမြေဝယ်ယူသည့်အခါ

လေ့လာစရာ အိမ်ခြံမြေဝယ်ယူသည့်အခါ - Property Knowledge in Myanmar from iMyanmarHouse.com
8 Dec 2024 11:16 am တွင် တင်ခဲ့သည်
459 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ကျူးကျော်နေထိုင်သူတွေရှိနေတဲ့ မြေကွက်ကို ဝယ်ယူလိုတဲ့အခါ ဘယ်လိုမျိုးဆောင်ရွက်သင့်တယ်ဆိုတဲ့ မေးခွန်းအပါအဝင် အမေးအဖြေများကို ဒီတစ်ပတ်ဥပဒေရေးရာ ကဏ္ဍမှာထည့်သွင်းပေးထားပါတယ်။

မေးခွန်း(၁) - ကျူးကျော်နေထိုင်သူတွေရှိနေတဲ့ မြေကွက်ကို ဝယ်ယူတော့မယ်ဆိုရင် ဘာတွေဆောင်ရွက်သင့်ပါသလဲ။

အစိုးရမြေပေါ်တွင် ကျူးကျော်နေထိုင်သောကြောင့် ဖယ်ရှားရခြင်းများရှိသလို ပုဂ္ဂလိက တစ်ဦးချင်းပိုင် မြေပေါ်တွင် ကျုးကျော်နေထိုင်မှုများအား ဖယ်ရှားရခြင်းများလဲ ရှိပါသည်။ မည်သည့်ဖယ်ရှာခြင်းတွင်မဆို နို့ တစ်စာပေးပို့၍ ဖယ်ရှားမှုပြုရမည်ဖြစ်ကာ တရားစွဲဆိုရန်အကြောင်းမှာလဲ လက်ရှိပိုင်ဆိုင်သူမှ လက်မဲ့ဖြစ် ပေါ်စေသည့်နေ့ရက်တွင် စတင်ပေါ်ပေါက်လာသည်ဖြစ်ပါသည်။

ဂရန်မြေကွက်ပေါ်တွင် ကျူးကျော်နေထိုင်ခြင်းများရှိပါက ကာလစည်းကမ်းသတ် (၁၂ နှစ်)အတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။ တရားမမှုဖြင့် ကျူးကျော်ဝင်ရောက် နေထိုင်သူအား ဖယ်ရှားထွက်ခွာမှုပြုရန်နှင့် ပစ္စည်းလက်ရောက်ပေးအပ်စေရန် တရားစွဲဆိုခြင်းလဲ ပြုနိုင်ပါသည်။ ထို့ပြင် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၄၄၇၊ ၄၄၈၊ ၄၂၆ အရ ကျူးကျော်ဝင်ရောက်နေထိုင်သူအား တရားစွဲဆိုခြင်းလဲ ပြုနိုင်သည်။

တရားစွဲဆိုမှုပြုရာ၌ ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ တရားရုံးတွင် တရားစွဲဆိုမှုပြုရမည်ဖြစ်ပါသည်။ ရုံးခွန်ထမ်းဆောင်ရာတွင်လဲ ကျူးကျော်နေထိုင်သူများမှာ မြေကွက်၏ တစ်စိတ်တစ်ဒေသသာ ကျူးကျော် ခြင်းမျိုးဖြစ်ပါက အဆိုပါ တစ်စိတ်တစ်ဒေသ၏ တန်ဘိုးအလျှောက်သာ ရုံးခွန်ထမ်းဆောင်ခြင်းပြုနိုင်ပါသည်။

တရားမမှုတွင် တရားလိုမှ ပစ္စည်းအား ဥပဒေနှင့်အညီ လက်ရှိပိုင်ဆိုင်ကြောင်း၊ မတရားသဖြင့် လက်မဲ့ ဖြစ်ကြောင်း၊ ကျုးကျော်သူမှ ဥပဒေမဲ့စွာ မြေကွက်အား ရယူခြင်းဖြစ်ကြောင်း တရားလိုဘက်မှ သက်သေ ခိုင်လုံစွာ တင်ပြနိုင်ရမည်ဖြစ်ပါသည်။

တရားပြိုင်မှလဲ (၁၂)နှစ်ကျော် ကာလအထိ ဆန့်ကျင်လက်ရှိဖြစ်ကြောင်း ထင်ရှားအောင် သက်သေပြ နိုင်လျှင် အမှုအား တရားလိုမှာ အမှုအား ရှုံးနိမ့်မည်ဖြစ်ပါသည်။ တရားလိုမှ မိမိတရားစွဲသော ဂရန်မြေမှာ သက်တမ်းကုန် ဂရန်မြေဖြစ်ပါက အစိုးရစီမံခန့်ခွဲခွင့်ရှိသော မြေအဖြစ်ပြန်လည် ရောက်ရှိနေသည် ဖြစ်သည့် အတွက် မြေကွက်အား လက်ရောက်ရရှိလိုမှု တရားစွဲဆိုနိုင်သည့် အခွင့်အရေးရှိနိုင်မည် မဟုတ်ပါ။ အမှု အတော်အတွင်း မြေငှားဂရန် သက်တမ်းကုန်ခြင်းဖြစ်လျှင်တော့ မြေကို လက်ရောက်ရရှိရန် တရားစွဲဆိုမှု ဆက်လက်ပြုသွားနိုင်ပါသည်။( ဦးအောင်သိန်းနှင့် ဒေါ်မမကြီး ၁၉၆၄ မတသစ ၂၆၉) ကျူးကျော်များရှိနေသော မြေကွက်အား ဝယ်ယူလိုသည့်အခါ ရောင်းချသူအား ကျူးကျော်များကို ဖယ်ရှားနှင်လိုမှုပြုစေပါ။ ရောင်းချသူ ဂရန်အမည်ပေါက်ကိုယ်တိုင်သာ ကျုးကျော်နေထိုင်သူများ၊ အခွင့်အမိန့် အရ နေထိုင်ခွင့်ပြုထားသူများကို ဖယ်ရှားနှင်လိုမှုပြုစေနိုင်ပါသည်။ မြေပြင်လက်ရှိအနေအထားနှင့် ပိုင်ဆိုင်မှု စာရွက်စာတမ်းများအား စုံစမ်းမှုပြုပြီး ကျုးကျော်သူများအား ရောင်းချသူမှ ဖယ်ရှားခြင်းပြုနိုင်မှသာ အဆိုပါ မြေမျိုးအား ဝယ်ယူသင့်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။

မေးခွန်း(၂) - အရပ်စာချုပ်နဲ့ အိမ်ခြံမြေ ဝယ်ယူထားမိပါက ပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ။

အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူထားပြီး မှတ်ပုံတင်စာချုပ် မချုပ်ဆိုရသေးသော မှတ်ပုံတင်စာချုပ်ချုပ် ဆိုခြင်း မပြုနိုင်သော မြေအမျိုးအစားဖြစ်ပါက အပြီးအပိုင်ငွေကြေစာချုပ်ချုပ်ဆိုသောအချိန်တွင် မြေကွက်အား စနစ်တကျ လက်ရောက်ရယူထားသင့်ပါသည်။ မြေကွက်အား လက်ခံရယူသည့်အခါ မြေကွက်ပေအကျယ်၊ နယ်နိမိတ်တိုင်းတာခြင်းအတွက် ရောင်းချသူ၊ ဘေးပတ်ဝန်းကျင် နှင့် အသိသက်သေများရှေ့ ဘုတ်တို်ငလဲ စိုက်ထူပါ။

စရန်ပေးစာချုပ်ချုပ်ပြီး နောက်ပိုင်းတွင်လဲ မြေကွက်အား လွှဲပြောင်း ဝယ်ယူခြင်းပြုရာတွင် သတ်မှတ် ရက်အတွင်း ကန့်ကွက်သူရှိမရှိ ကန့်ကွက်သူရှိက ပိုင်ဆိုင်မှုအထောက်အထားစာရွက် စာတမ်းမူရင်းများ ပြသ၍ လာရောက် ကန့်ကွက်နိုင်ကြောင်း သတင်းစာကြေညာမှု မဖြစ်မနေပြုရမည်ဖြစ်ပါသည်။ အရောင်းအဝယ် စာချုပ်တွင်လဲ အသိသက်သေအနည်းဆုံး(၂)ဦး ထည့်သွင်းချုပ်ဆိုရမည်ဖြစ်ကာ စာချုပ်အား တတ်ကျွမ်းနားလည်သည့် ရှေ့နေနှင့် တိုင်ပင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုခြင်းလဲ ပြုနိုင်ပါသည်။

မြေကွက်အား ခြံစည်းရိုး အခိုင်အမာခတ်ခြင်း ပါမစ်မြေကွက်ဖြစ်ပါက မြေငှားဂရန် လျှောက်ထား ခြင်းပြုနိုင်ရန် အဆောက်အအုံ ဆောက်လုပ်နေထိုင်ခြင်း ပြုရမည်ဖြစ်ပါသည်။ မိမိနှင့် ရင်းနှီးသော မိတ်ဆွေ ဆွေမျိုးများအား အခမဲ့ ခွင့်ပြုချက်ဖြင့် နေထိုင်စေလျှင်လဲ အခမဲ့နေထိုင် ခွင့်ပြုထားခြင်းအတွက် ခိုင်လုံအောင် စာချုပ်ချုပ်ဆိုခြင်းပြုပါ။ ခွင့်ပြုချက်ဖြင့် မြေကွက်အတွင်းနေထိုင်သူမှာ ဖယ်ရှားမှုပြုရန် ငြင်းဆိုသည့်အခါ ကာလစည်းကမ်းသတ်မှာ တရားစွဲဆိုပိုင်ခွင့်ရရှိသည့်အခါမှစ၍ (၆)နှစ်အတွင်း တရားစွဲဆိုခြင်း ပြုရမည်ကိုလဲ သိရှိထားသင့်ပါသည်။

ဂရန်မြေကွက်ဆိုပါက အရပ်ကတိစာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း-(၁၂၀) အတွင်း ရာဖြတ်တင်အခွန်ဆောင်ကာ မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဂရန်အမည်ပေါက် ပြောင်းလဲခြင်းပြုမှသာ ပိုင်ဆိုင်မှု ခိုင်မာမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

မေးခွန်း(၃) - အပျောက်စနစ်နှင့် ဝယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ဝယ်မယ်ဆိုရင် သိထားရမည့်အချက်များကို ရှင်းပြပါ။

ခွင့်ပြုချက်သက်တမ်းရှိသော မြေငှားဂရန်ပေါ်တွင် ဆောက်လုပ်သော အပျောက်စနစ် တိုက်ခန်းနှင့် ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေပေါ်တွင် ဆောက်လုပ်သော အပျောက်စနစ်တိုက်ခန်းဟူ၍ ရှိပါသည်။ မြေအမျိုး အစားပေါ်မူတည်၍ ဆောက်လုပ်ခွင့်ပါမစ်တင်သည့်အခါ မြေရှင်၊ကန်ထရိုက် လက်မှတ်ရေးထိုးတင်ပြရပြီး ဝန်ခံကတိပြုချက်များလဲ တင်ပြရပါသည်။

အဆောက်အအုံ ယာ/အုံ ဌာနမှ ခွင့်ပြုချက် အထပ်အရေအတွက်နှင့် သတ်မှတ်ညွှန်ကြားချက်အတိုင်း လိုက်နာကာ အဆောက်အအုံအားပြီးစီးအောင် ဆောက်လုပ်ခြင်းဖြစ်ပါက အဆောက်အအုံပြီးစီးကြောင်း (BCC) အသိအမှတ်ပြု လက်မှတ်မိတ္တူတစ်စောင်ပါ တိုက်ခန်းဝယ်ယူသူမှ ရရှိမည်ဖြစ်ပါသည်။

အချို့မြေပိုင်ရှင် ဂရန်အမည်ပေါက်များမှာ တိုက်ခန်းနှင့်အတူ မြေကွက်ပိုင်ဆိုင်မှုပါ လွှဲပြောင်းရောင်းချမှု ပြုလိုခြင်းများ ရှိပါသည်။ ထိုအခါ တိုက်ခန်းတန်ဖိုးနှင့်အတူ ဂရန်မြေကွက်၊ ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေ မြေကွက်၏ တန်ဖိုးကိုပါ သင့်လျော်သော ဈေးနှုန်းတွက်သင့်ကာ အရောင်းအဝယ်စာချုပ်၌ တပါးတည်း ထည့်သွင်းချုပ် ဆိုကြပါသည်။

အရပ်ကတိစာချုပ်ဖြင့် တိုက်ခန်းနှင့်အတူ မြေကွက်အား လွှဲပြောင်းဝယ်ယူပြီးသည့် နောက်ပိုင်းတွင် ဝယ်ယူသူမှ မြေကွက်အမည်ပြောင်း တခါတည်း ဆက်လက်လုပ်ဆောင်မှုပြုမှသာ ပိုင်ဆိုင်မှု ခိုင်မာမည် ဖြစ်ပါသည်။

ထို့ကြောင့် အမည်ပြောင်းဆောင်ရွက်ရန်အတွက် တန်ဖိုးကာလစီစစ်ရေးအဖွဲ့ထံ ရာဖြတ်တင်ရမည် ဖြစ်ကာ မြေကွက်နှင့်တိုက်ခန်း ဝယ်ယူမှုပြုခြင်းအတွက် သတင်းစာကြေငြာခြင်း၊ ဝယ်ယူသူ၏ ဝန်ခံကတိပြုချက် တင်ပြရခြင်း၊ မြေကွက်အတွင်းရှိ အတူနေတိုက်ခန်းအသီးသီး၏ မြေကွက်အမည်ပြောင်း ဆောင်ရွက်မည် ကို သိရှိကြောင်း ဝန်ခံကတိပြုချက် လက်မှတ်ရေးထိုးခြင်းတို့ တင်ပြစေမည်ဖြစ်ပါသည်။ မြေကွက်နှင့်အတူ တိုက်ခန်းတန်ဖိုးကိုပါ ရာဖြတ်အဖွဲ့မှ ဆုံးဖြတ်ချက်သတ်မှတ်နှုန်းထားအတိုင်း အခွန်ထမ်းဆောင်နိုင်ရပါမည်။

တံဆိပ်ခေါင်းခွန်၊ ရောင်းခွန်၊ ဝယ်ခွန်အား ထမ်းဆောင်ကာ မှတ်ပုံတင် စာချုပ်ဆိုပြီးသည့်အခါမှ မြေကွက်အမည်ပြောင်းအား ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးနှင့် မြေယာစီမံခန့်ခွဲမှုဌာနတွင် ဆက်လက် လျှောက်ထားခြင်း ပြုနိုင်မည်ဖြစ်ပြီး အရောင်းအဝယ်အတွက် ပိုင်ဆိုင်မှုလဲ ခိုင်မာမည်ဖြစ်ပါသည်။

မိမိအမည်ပေါက်ဂရန် ပြောင်းလဲမှုပြုပြီးသည့်အခါမှ မြေကွက်အတွင်းရှိ တိုက်ခန်းများ လွှဲပြောင်းသည့်အခါတိုင်း အရပ်ထဲခေါ်ဆိုနေကြသော မြေရှင်အသိအမှတ်ပြု တရားဝင်လက်မှတ်ရေးထိုးခြင်း၊ မိမိ၏ အမွေ ဆက်ခံခွင့်ရှိသူများမှ မြေကွက်အား တရားဝင် အမွေဆက်ခံခွင့်ရှိမည်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service