ပစ္စည်းလွှဲပြောင်းရေး ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ

ပစ္စည်းလွှဲပြောင်းရေး ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
9 Nov 2024 9:31 am တွင် တင်ခဲ့သည်
445 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေပုဒမ-၅၃(က)အရ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်းမရှိသော စာချုပ်တစ်စောင်ကို အသုံးပြုခွင့်မရှိပေ။ မြေကွက်အား လွှဲပြောင်းရောင်းချရာတွင်လဲ လက်ရောက်ပေးအပ်ခြင်းဖြင့် အရောင်းအဝယ်အထမမြောက်သေးပါ။ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ-၅၄ အရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှုပြုရမည်ဖြစ်ပါသည်။

ပစ္စည်းအား ရောင်းသူဝယ်သူ အမှန်တကယ်လွှဲပြောင်းရောင်းချခြင်းပြုကြောင်း ဝန်ခံကြလျှင်လဲ ပစ္စည်းလွှဲပြောင်းခြင်းမှာ အတည်မဖြစ်ပါ။ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ(၃)အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းမှာ ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိတရားရုံးတွင် မဖြစ်မနေ မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၇ အရ ပဋိဉာဉ်ပြုနိုင်သော အရည်အချင်းရှိသူသည့် ပစ္စည်းလွှဲပြောင်းမှု ပြုရာ၌ ခံစားခွင့်ရှိပြီး ပစ္စည်းအားလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းကိုဖြစ်စေ၊ လွှဲပြောင်းလက်ခံနိုင်ရန် တည်ဆဲဥပဒေ၏ ခွင့်ပြုနည်းလမ်းများအတိုင်း ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ - ၈ အရ ပစ္စည်းလွှဲပြောင်းခြင်းတစ်ရပ်သည် ဥပဒေနှင့်အညီ လွှဲအပ်ပြီး ပါကမြေဖြစ်လျှင် မြေနှင့်တစ်ဆက်တစပ်တည်း သုံးစွဲပိုင်ခွင့်၊ မြေငှားရမ်းခ၊ မြေနှင့်စွဲကပ်သောအရာများ၊ အာမခံထားရှိခြင်းများ၊ ၎င်းနှင့် သက်ဆိုင်သည့် တရားစွဲဆိုနိုင်သည့် အခွင့်အရေးများ၊ ၎င်းနှင့်သက်ဆိုင်သည့် ဝင်ငွေခံစားခွင့်များ အားလုံးပါဝင်ပါသည်။

ပုဒ်မ-၅၅ (၁)အရ ဆန့်ကျင်ကွဲလွဲပဋိညာည်တစ်ရပ်မရှိလျှင် မရွှေ့မပြောင်းနိုင်သောပစ္စည်းပစ္စည်း လွှဲပြောင်းခြင်းများ၌ ရောင်းသူမှ အောက်ပါအတိုင်း တာဝန်ရှိပါသည်။

ရောင်းချသူသည် ပစ္စည်း၌ ချို့ယွင်းချက်ရှိက ထုတ်ဖော်ပြောကြားရန်၊ ပိုင်ဆိုင်မှုစာရွက်စာတမ်းများ အားလုံးကို ဝယ်ယူသူမှ စစ်ဆေးကြည့်ရှုနိုင်ရန် ထုတ်ဖော်ပြသရန်၊ ဝယ်ယူသူမှ ပစ္စည်းနှင့်စပ်လျဉ်း၍ မေးမြန်းသည့်အခါ အလုံးစုံဖြေဆိုရန်၊ သင့်လျော်သောအချိန်နှင့် နေရာတွင် ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်းတစ်ရပ်အား ပြုလုပ်ချုပ်ဆိုပေးရန်၊ ပဋိညာဉ်ချုပ်ဆိုပြီးဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်းနေ့မတိုင်မီထိ ပစ္စည်းနှင့် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများအား ရောင်းချသူမှ ထိန်းသိမ်းစောင့်ရှောက်ပေးရန်၊ ပစ္စည်းအား ဝယ်သူ(သို့) ညွှန်ပြသူအား လက်ရောက်လွှဲပြောင်းပေးအပ်ရန်နှင့် ရောင်းချသည့်နေ့ မတိုင်ခင် ကြွေးမြီများ၊ အတိုးများအား ရောင်းချသူမှ ပေးဆပ်ရန် တာဝန်ရှိပါသည်။

ဝယ်ယူသူသည်လဲ ပုဒ်မ- ၅၅(၅) အရ ရောင်းချသူ အကျိုးခံစားခွင့်အတွက် မိမိသိရှိသော အချက်အလက် ရှိက တိုးပွှားမှုများရှိသည်ကို ထုတ်ဖော်ပြောကြားရန်၊ ရောင်းချခြင်းအား ရောင်းချသူ(သို့) ၎င်းညွှန်ပြသူကို တန်ဖိုးငွေအားလုံးပေးချေရန်၊ ပစ္စည်းအား လွှဲပြောင်းလက်ခံပြီးပါက ရောင်းချသူကြောင့် မဟုတ်သော ပျက်စီးဆုံးရှုံးမှုမှာမှာ ဝယ်ယူသူနှင့်သက်ဆိုင်ပါသည်။ ပစ္စည်းရောင်းစဉ်က ဝယ်ယူသူ တာဝန်ယူရန် သဘောတူ ထားအချက် အလက်များမှာ ဝယ်ယူသူနှင့် သက်ဆိုင်ပါသည်။

ထို့ပြင် ပုဒ်မ- ၅၅ (၆) အရ ဝယ်ယူသူသည် ပစ္စည်းလွှဲပြောင်းပြီးပါက ငှားရမ်းခများနှင့် အကျိုးခံစားခွင့်ပါ ရပိုင်ခွင့်ရှိပါသည်။ ဝယ်ယူသူမှ စရန်ပေးစာချုပ်ချုပ်ဆိုပြီး နောက်ပိုင်း နည်းလမ်းတကျ ငြင်းပယ်လျှင် စရန်ငွေ အား တောင်းခံပိုင်ခွင့် ပဋိညာဉ်အား သီးခြားဆောင်ရွက်ပေးစေလိုမှု၊ ဖျက်သိမ်းခြင်းနှင့် ရပိုင်ခွင့်များလဲရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service