မက်စ် အမည်ရှိ ခွေးကလေးက မြို့တော်ဝန်အဖြစ် အုပ်ချုပ်နေသော အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား ပြည်နယ်က တောင်ပေါ်မြို့လေး

မက်စ် အမည်ရှိ ခွေးကလေးက မြို့တော်ဝန်အဖြစ် အုပ်ချုပ်နေသော အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယား ပြည်နယ်က တောင်ပေါ်မြို့လေး - Property Knowledge in Myanmar from iMyanmarHouse.com
1 Nov 2024 10:55 am တွင် တင်ခဲ့သည်
471 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ တောင်ပေါ်မြို့လေးမှာ ဝန်းကျင်ရှိ အခြားသော tourist hotspot များထက် တမူကွဲထွက်နေသောကြောင့် လည်ပတ်ရန် ကျော်ကြားသည့်နေရာဖြစ်လာသည်။

အိုင်ဒဲဝိုင်း (Idyllwild) ဟုအမည်ရသောမြို့လေးဖြစ်ပြီး San Jacinto တောင်တန်းပေါ်တွင် တည်ရှိကာ လော့စ်အိန်ဂျလိမြို့မှ ၂ နာရီခရီးခန့် ဝေးကွာသည်။

လူဦးရေ ၄၀၀၀ ခန့်သာရှိသောမြို့လေးဖြစ်သည်။

အိုင်ဒဲဝိုင်းတွင် နှင်းလျှောစီး အပန်းဖြေစခန်းမရှိ၊ Starbuck ဆိုင်များမရှိ၊ မီးပွိုင့်များမရှိကြောင်း SFGates က ဖော်ပြသည်။

အသက် ၃၀ အရွယ်ရှိ ဒေသခံတစ်ဦးဖြစ်သူ Chris Perreault က SFGates သတင်းဌာနသို့ “ဒီအနေအထားကို ကျွန်တော်တို့ သဘောကျပါတယ်။ မြို့ငယ်လေးဖြစ်တာ ကျွန်တော်တို့ကြိုက်တယ်။ တမျိုးတဘာသာ ကွဲပြားတာကို ကြိုက်တယ်။ ကျွန်တော်တို့က မြို့ကြီးဖြစ်မှာကို မကြိုက်ပါဘူး” ဟု ပြောသည်။

သို့သော် အိုင်ဒဲဝိုင်း၏ ထူးခြားမှုမှာ ထိုအချက်များမဟုတ်။

အိုင်ဒဲဝိုင်းကို golden retriever မျိုး ခွေးလေးတစ်ကောင်က အုပ်ချုပ်သည့်အချက်မှာ အံ့ဖွယ်အကောင်းဆုံး အချက်ဖြစ်သည်။

Maximus Mighty-Dog Mueller III (အတိုကောက်အားဖြင့် မြို့တော်ဝန် မက်စ်ဟုခေါ်ကြသည်) သည် အိုင်ဒဲဝိုင်း မြို့လေးကို အုပ်ချုပ်ခဲ့သော တတိယမြောက် တရားဝင် တိရ စ္ဆာန် မြို့တော်ဝန် ဖြစ်သည်။

အသက် ၇၂ နှစ်အရွယ် Phyllis Mueller အမည်ရှိ အဘွားနှင့် သူ၏ ခင်ပွန်း Glen Warren (၅၉ နှစ်) တို့က မြို့တော်ဝန်၏ တွဲဖက် အုပ်ချုပ်ရေးအကြီးအကဲနှင့် အုပ်ထိန်းစောင့်ရှောက်ပေးသူတို့အဖြစ် ဆောင်ရွက်နေသည်။

 

(ကယ်လီဖိုးနီးယားပြည်နယ်၊ အိုင်ဒဲဝိုင်းမြို့လေး၏ တတိယမြောက် တရားဝင် တိရ စ္တာန် မြို့တော်ဝန် မက်စ်)

 

(Phyllis Mueller နှင့် သူ၏ခင်ပွန်း Glen Warren တို့က မြို့တော်ဝန်၏ တွဲဖက်အုပ်ချုပ်ရေးအကြီးအကဲ၊ အုပ်ထိန်းစောင့်ရှောက်ပေးသူများအဖြစ် ဆောင်ရွက်သည်)

 

မက်စ်သည် ၂၀၁၂ ခုနှစ်က စတင်ခဲ့သည့် ဓလေ့ထုံးစံတစ်ခုကြောင့် မြို့တော်ဝန် ဖြစ်လာခဲ့ခြင်း ဖြစ်၏။

၂၀၁၂ ခုနှစ်အတွင်းက အိုင်ဒဲဝိုင်း တိရ စ္ဆာန် ကယ်ဆယ်ရေး မိတ်ဆွေများဟူသောအဖွဲ့က ရန်ပုံငွေရှာဖွေရေးအနေဖြင့် လူတို့ မပါသည့် မြို့တော်ဝန်ရွေးကောက်ပွဲတစ်ခု ပြုလုပ်ခဲ့သည်။

“ကျွန်မတို့မှာ မြို့တော်ဝန် မက်စ်ကလွဲလို့ ဘာနိုင်ငံရေးသမားမှ မရှိပါဘူး။ တခုခုလုပ်ချင်တယ်ဆိုရင် အဖွဲ့တစ်ခုဖွဲ့လိုက်ပြီး လုပ်ဆောင်ကြပါတယ်” ဟု Mueller က Hollywood Reporter သတင်းဌာနသို့ ပြောသည်။

Palm Springs ကို စီးမိုးတွေ့မြင်နေရသော San Jacinto တောင်တန်းပေါ်ရှိ မြို့လေး၏ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို Riverside ခရိုင် Board of Supervisors က ကိုင်တွယ်သည်။

“မြို့တော်ဝန်က အများပြည်သူကြားထဲကို နေ့တိုင်း၊ ရုံးပိတ်ရက်တိုင်း ထွက်ပါတယ်။ ပြည်သူတွေအတွက် ချစ်ခင်ကြင်နာဖွယ် လုပ်ဆောင်မှုတွေသာ ကျွန်မတို့ လုပ်ဆောင်ပါတယ်။” ဟု Mueller က ပြောသည်။

မြို့တော်ဝန် ရွေးကောက်ပွဲတွင် ပါဝင်ကာ မဲဆန္ဒပေးလိုသူများအနေဖြင့် အိုင်ဒဲဝိုင်း (သို့မဟုတ်) အနီးရှိ Fern Valley, Pine Cove, Mountain Center မြို့များတွင် အခြေချနေထိုင်သူ ဖြစ်ရမည်ဖြစ်ပြီး တစ်ဒေါ်လာ ပေးသွင်းရမည် ဖြစ်သည်။

မြို့တော်ဝန် မက်စ်သည် ရွေးကောက်ပွဲတွင် အခြား ခွေး ၁၃ ကောင်နှင့် ကြောင် ၂ ကောင်ကို ဖြတ်ကျော်ကာ ဆန္ဒမဲ အရေအတွက် ၂၁၁၃၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မြို့လေးအတွက် ရန်ပုံငွေ ဒေါ်လာ ၃၁၀၀၀ ရှာဖွေပေးနိုင်ခဲ့သည်။

 

(ယာဘက်တွင် တွေ့ရသည်မှာ မြို့တော်ဝန် မက်စ်၏ တမိတည်းပေါက်သော ခွေးမလေးဖြစ်ပြီး အိုင်ဒဲဝိုင်း၏ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်ခံထားရသည်)

 

(မြို့လေး၏ နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို Riverside ခရိုင် Board of Supervisors က ကိုင်တွယ်သည်။)

 

(မြို့တော်ဝန် မက်စ်သည် ရွေးကောက်ပွဲတွင် အခြား ခွေး ၁၃ ကောင်နှင့် ကြောင် ၂ ကောင်ကို ဖြတ်ကျော်ကာ ဆန္ဒမဲ အရေအတွက် ၂၁၁၃၂ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မြို့လေးအတွက် ရန်ပုံငွေ ဒေါ်လာ ၃၁၀၀၀ ရှာဖွေပေးနိုင်ခဲ့သည်။)

 

“အမေရိကန်သမ္မတကြီးအဖြစ် ရှင်တို့ ရွေးကောက်ခံရမယ်ဆိုရင်တောင် ပထမဆုံး တာဝန်ထမ်းဆောင်မယ့် နေ့မှာ ကတည်းက ကိုယ့်ကို မုန်းတဲ့သူက နိုင်ငံတစ်ဝက်လောက်ရှိနေမှာပါ။ ဒါက ပျော်စရာမဟုတ်ပါဘူး”

“ကျွန်မတို့မြို့လေးရဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာက ပါတီစွဲ ရှိစရာ မလိုတော့ပါဘူး။ မြို့တော်ဝန် မက်စ်ဟာ နေ့လယ် ၂ နာရီမှာ မြို့လယ်ကို လာမယ်လို့ ကျွန်မက သတင်းထုတ်လိုက်တာနဲ့ ရာနဲ့ချီတဲ့လူတွေ ရောက်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဝင်စားဖို့ကောင်းတယ်လေ။ ခွေးတစ်ကောင်ကို မြို့တော်ဝန်အဖြစ်နဲ့ တွေ့ရဖို့ဆိုတာ သမားရိုးကျကိစ္စမှ မဟုတ်တာ” ဟု Mueller က လော့စ်အိန်ဂျလိတိုင်းမ် သတင်းစာသို့ ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The stunning mountain town with no ski resort, no stoplights, no Starbucks - and where a dog named Max is mayor (dailymail)

 

[Zawgyi]

မက္စ္ အမည္ရွိ ေခြးကေလးက ျမိဳ႕ေတာ္ဝန္အျဖစ္ အုပ္ခ်ဳပ္ေနေသာ အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယား ျပည္နယ္က ေတာင္ေပၚျမိဳ႕ေလး

အေမရိကန္ျပည္၊ ကယ္လီဖုိးနီးယားျပည္နယ္ရွိ ေတာင္ေပၚျမိဳ႕ေလးမွာ ဝန္းက်င္ရွိ အျခားေသာ tourist hotspot မ်ားထက္ တမူကြဲထြက္ေနေသာေၾကာင့္ လည္ပတ္ရန္ ေက်ာ္ၾကားသည့္ေနရာျဖစ္လာသည္။

အိုင္ဒဲဝိုင္း (Idyllwild) ဟုအမည္ရေသာျမိဳ႕ေလးျဖစ္ျပီး San Jacinto ေတာင္တန္းေပၚတြင္ တည္ရွိကာ ေလာ့စ္အိန္ဂ်လိျမိဳ႕မွ ၂ နာရီခရီးခန္႔ ေဝးကြာသည္။

လူဦးေရ ၄၀၀၀ ခန္႔သာရွိေသာျမိဳ႕ေလးျဖစ္သည္။

အိုင္ဒဲဝိုင္းတြင္ ႏွင္းေလွ်ာစီး အပန္းေျဖစခန္းမရွိ၊ Starbuck ဆိုင္မ်ားမရွိ၊ မီးပြိဳင့္မ်ားမရွိေၾကာင္း SFGates က ေဖာ္ျပသည္။

အသက္ ၃၀ အရြယ္ရွိ ေဒသခံတစ္ဦးျဖစ္သူ Chris Perreault က SFGates သတင္းဌာနသို႔ “ဒီအေနအထားကို ကၽြန္ေတာ္တို႔ သေဘာက်ပါတယ္။ ျမိဳ႕ငယ္ေလးျဖစ္တာ ကၽြန္ေတာ္တို႔ၾကိဳက္တယ္။ တမ်ဳိးတဘာသာ ကြဲျပားတာကို ၾကိဳက္တယ္။ ကၽြန္ေတာ္တို႔က ျမိဳ႕ၾကီးျဖစ္မွာကို မၾကိဳက္ပါဘူး” ဟု ေျပာသည္။

သို႔ေသာ္ အိုင္ဒဲဝိုင္း၏ ထူးျခားမႈမွာ ထိုအခ်က္မ်ားမဟုတ္။

အိုင္ဒဲဝိုင္းကို golden retriever မ်ဳိး ေခြးေလးတစ္ေကာင္က အုပ္ခ်ဳပ္သည့္အခ်က္မွာ အံ့ဖြယ္အေကာင္းဆံုး အခ်က္ျဖစ္သည္။

Maximus Mighty-Dog Mueller III (အတိုေကာက္အားျဖင့္ ျမိဳ႕ေတာ္ဝန္ မက္စ္ဟုေခၚၾကသည္) သည္ အိုင္ဒဲဝိုင္း ျမိဳ႕ေလးကို အုပ္ခ်ဳပ္ခဲ့ေသာ တတိယေျမာက္ တရားဝင္ တိရ စၦာန္ ျမိဳ႕ေတာ္ဝန္ ျဖစ္သည္။

အသက္ ၇၂ ႏွစ္အရြယ္ Phyllis Mueller အမည္ရွိ အဘြားႏွင့္ သူ၏ ခင္ပြန္း Glen Warren (၅၉ ႏွစ္) တို႔က ျမိဳ႕ေတာ္ဝန္၏ တြဲဖက္ အုပ္ခ်ဳပ္ေရးအၾကီးအကဲႏွင့္ အုပ္ထိန္းေစာင့္ေရွာက္ေပးသူတို႔အျဖစ္ ေဆာင္ရြက္ေနသည္။

(ကယ္လီဖုိးနီးယားျပည္နယ္၊ အိုင္ဒဲဝိုင္းျမိဳ႕ေလး၏ တတိယေျမာက္ တရားဝင္ တိရ စၱာန္ ျမိဳ႕ေတာ္ဝန္ မက္စ္)

(Phyllis Mueller ႏွင့္ သူ၏ခင္ပြန္း Glen Warren တို႔က ျမိဳ႕ေတာ္ဝန္၏ တြဲဖက္အုပ္ခ်ဳပ္ေရးအၾကီးအကဲ၊ အုပ္ထိန္းေစာင့္ေရွာက္ေပးသူမ်ားအျဖစ္ ေဆာင္ရြက္သည္)

မက္စ္သည္ ၂၀၁၂ ခုႏွစ္က စတင္ခဲ့သည့္ ဓေလ့ထံုးစံတစ္ခုေၾကာင့္ ျမိဳ႕ေတာ္ဝန္ ျဖစ္လာခဲ့ျခင္း ျဖစ္၏။

၂၀၁၂ ခုႏွစ္အတြင္းက အိုင္ဒဲဝိုင္း တိရ စၦာန္ ကယ္ဆယ္ေရး မိတ္ေဆြမ်ားဟူေသာအဖြဲ႔က ရန္ပံုေငြရွာေဖြေရးအေနျဖင့္ လူတို႔ မပါသည့္ ျမိဳ႕ေတာ္ဝန္ေရြးေကာက္ပြဲတစ္ခု ျပဳလုပ္ခဲ့သည္။

“ကၽြန္မတို႔မွာ ျမိဳ႕ေတာ္ဝန္ မက္စ္ကလြဲလို႔ ဘာႏိုင္ငံေရးသမားမွ မရွိပါဘူး။ တခုခုလုပ္ခ်င္တယ္ဆိုရင္ အဖြဲ႔တစ္ခုဖြဲ႔လိုက္ျပီး လုပ္ေဆာင္ၾကပါတယ္” ဟု Mueller က Hollywood Reporter သတင္းဌာနသို႔ ေျပာသည္။

Palm Springs ကို စီးမိုးေတြ႔ျမင္ေနရေသာ San Jacinto ေတာင္တန္းေပၚရွိ ျမိဳ႕ေလး၏ ႏိုင္ငံေရးဆိုင္ရာ ဆံုးျဖတ္ခ်က္မ်ားကို Riverside ခရိုင္ Board of Supervisors က ကိုင္တြယ္သည္။

“ျမိဳ႕ေတာ္ဝန္က အမ်ားျပည္သူၾကားထဲကို ေန႔တိုင္း၊ ရံုးပိတ္ရက္တိုင္း ထြက္ပါတယ္။ ျပည္သူေတြအတြက္ ခ်စ္ခင္ၾကင္နာဖြယ္ လုပ္ေဆာင္မႈေတြသာ ကၽြန္မတို႔ လုပ္ေဆာင္ပါတယ္။” ဟု Mueller က ေျပာသည္။

ျမိဳ႕ေတာ္ဝန္ ေရြးေကာက္ပြဲတြင္ ပါဝင္ကာ မဲဆႏၵေပးလိုသူမ်ားအေနျဖင့္ အိုင္ဒဲဝိုင္း (သို႔မဟုတ္) အနီးရွိ Fern Valley, Pine Cove, Mountain Center ျမိဳ႕မ်ားတြင္ အေျခခ်ေနထုိင္သူ ျဖစ္ရမည္ျဖစ္ျပီး တစ္ေဒၚလာ ေပးသြင္းရမည္ ျဖစ္သည္။

ျမိဳ႕ေတာ္ဝန္ မက္စ္သည္ ေရြးေကာက္ပြဲတြင္ အျခား ေခြး ၁၃ ေကာင္ႏွင့္ ေၾကာင္ ၂ ေကာင္ကို ျဖတ္ေက်ာ္ကာ ဆႏၵမဲ အေရအတြက္ ၂၁၁၃၂ ျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္ျပီး ျမိဳ႕ေလးအတြက္ ရန္ပံုေငြ ေဒၚလာ ၃၁၀၀၀ ရွာေဖြေပးႏိုင္ခဲ့သည္။

(ယာဘက္တြင္ ေတြ႔ရသည္မွာ ျမိဳ႕ေတာ္ဝန္ မက္စ္၏ တမိတည္းေပါက္ေသာ ေခြးမေလးျဖစ္ျပီး အိုင္ဒဲဝိုင္း၏ ဒုတိယျမိဳ႕ေတာ္ဝန္အျဖစ္ ခန္႔အပ္ခံထားရသည္)

(ျမိဳ႕ေလး၏ ႏိုင္ငံေရးဆိုင္ရာ ဆံုးျဖတ္ခ်က္မ်ားကို Riverside ခရိုင္ Board of Supervisors က ကိုင္တြယ္သည္။)

(ျမိဳ႕ေတာ္ဝန္ မက္စ္သည္ ေရြးေကာက္ပြဲတြင္ အျခား ေခြး ၁၃ ေကာင္ႏွင့္ ေၾကာင္ ၂ ေကာင္ကို ျဖတ္ေက်ာ္ကာ ဆႏၵမဲ အေရအတြက္ ၂၁၁၃၂ ျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္ျပီး ျမိဳ႕ေလးအတြက္ ရန္ပံုေငြ ေဒၚလာ ၃၁၀၀၀ ရွာေဖြေပးႏိုင္ခဲ့သည္။)

“အေမရိကန္သမၼတၾကီးအျဖစ္ ရွင္တို႔ ေရြးေကာက္ခံရမယ္ဆိုရင္ေတာင္ ပထမဆံုး တာဝန္ထမ္းေဆာင္မယ့္ ေန႔မွာ ကတည္းက ကိုယ့္ကို မုန္းတဲ့သူက ႏိုင္ငံတစ္ဝက္ေလာက္ရွိေနမွာပါ။ ဒါက ေပ်ာ္စရာမဟုတ္ပါဘူး”

“ကၽြန္မတို႔ျမိဳ႕ေလးရဲ႕ ျမိဳ႕ေတာ္ဝန္ေရြးေကာက္ပြဲမွာက ပါတီစြဲ ရွိစရာ မလိုေတာ့ပါဘူး။ ျမိဳ႕ေတာ္ဝန္ မက္စ္ဟာ ေန႔လယ္ ၂ နာရီမွာ ျမိဳ႕လယ္ကို လာမယ္လို႔ ကၽြန္မက သတင္းထုတ္လိုက္တာနဲ႔ ရာနဲ႔ခ်ီတဲ့လူေတြ ေရာက္လာၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္ဝင္စားဖို႔ေကာင္းတယ္ေလ။ ေခြးတစ္ေကာင္ကို ျမိဳ႕ေတာ္ဝန္အျဖစ္နဲ႔ ေတြ႔ရဖုိ႔ဆိုတာ သမားရိုးက်ကိစၥမွ မဟုတ္တာ” ဟု Mueller က ေလာ့စ္အိန္ဂ်လိတိုင္းမ္ သတင္းစာသို႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The stunning mountain town with no ski resort, no stoplights, no Starbucks - and where a dog named Max is mayor (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service