၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
28 Oct 2024 11:34 am တွင် တင်ခဲ့သည်
2204 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
MGI ပွဲမှာ ဂယက်မျိုးစုံဖြင့် ပြီးဆုံးသွားခဲ့သည်။
အိန္ဒိယမှ Rachel Gupta က သရဖူယူသွားသည်။
လာမည့် နိုဝင်ဘာ ၁၆ ရက်တွင် မက္ကဆီကိုနိုင်ငံ၌ Miss Universe 2024 ပြိုင်ပွဲကြီးရှိနေသည်။
ထိုပွဲကြီးမတိုင်မီ ခန့်မှန်းချက်မျိုးစုံ ထွက်ပေါ်နေရာ Miss များနှင့် ပတ်သက်ပြီး အဓိက ဖော်ပြနေသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Missosology က ၂၀၂၄ Miss Universe တွင် ထိုင်းအလှမယ် Opal Suchata ဗိုလ်စွဲမည်ဟု တစ်ပေးထားသည်။
ထိုပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သက်စံ အန်ဒါဆန် (Thet San Andersan) က ဝင်ရောက်ယှဉ်ပြိုင် မည်ဟု သိရသည်။
သက်စံ အန်ဒါဆန်သည် ဆွီဒင်နိုင်ငံတောင်ပိုင်းရှိမြို့လေးတစ်မြို့တွင် မွေးဖွားသူဖြစ်ပြီး သူ၏ mother-tongue မှာ အင်္ဂလိပ်ဘာသာစကား ဖြစ်သည်။ ရန်ကုန်မြို့တွင် Seint Studios အမည်ဖြင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ထားပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် Miss Universe Myanmar 2024 အဖြစ် ရွေးချယ်ခံရသည်။
မြန်မာနိုင်ငံကို ကိုယ်စားပြုမည့် ပထမဆုံး Anglo-Burmese တစ်ဦး ဖြစ်သည်။
Thet San Andersan (Tess) အမည်ဖြင့် သုံးစွဲသော သူ၏ ဖေ့စ်ဘုတ်အကောင့်မှာ Blue Mark ရထားသော်လည်း follower ၄၀,၀၀၀ ကျော်သာ ရှိသေးပြီး လူသိနည်းသေးသည်။
Miss Universe ၂၀၂၄ တွင် winner ဖြစ်နိုင်သူ ၂၀ ဦးကို Missosology က ခန့်မှန်းရာတွင် သက်စံ ပါဝင်နေပြီး နံပါတ် ၁၉ နေရာတွင် ရပ်တည်နေသည်။
((ထိုင်းအလှမယ် အိုပါ စူချားတား -Opal Suchata))
Missosology ၏ ခန့်မှန်းချက်တွင် ထိုင်းအလှမယ် အိုပါ စူချားတား (Opal Suchata) မှာ နံပါတ် ၁ နေရာတွင် ရပ်တည်နေသည်။
ဘန်ကောက်မြို့ရှိ The Mall Lifestore Bangkapi တွင် ကျင်းပခဲ့သော Miss Universe Thailand 2024 ပြိုင်ပွဲတွင် ဘန်ကောက်မြို့သူ အိုပါ စူချားတား winner ရခဲ့ပြီးနောက် မက္ကဆီကိုနိုင်ငံတွင် နိုဝင်ဘာလ၌ ကျင်းပမည့် Miss Universe 2024 ကမ္ဘာ့အဆင့်သို့ တက်လှမ်းခဲ့သည်။
ဖူးခက်တွင် ဖြတ်သန်းခဲ့သော ငယ်ဘဝမှသည် လက်ရှိ အောင်မြင်မှုများ ရလာချိန်အထိ သူ၏ ဘဝခရီးမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။
အောက်တွင် ထိုင်း၏ နောက်ဆုံးထွက်ပေါ်လာသည့် အလှဘုရင်မ၏ ထူးခြားသော နောက်ခံ၊ အောင်မြင်မှုများနှင့် ကြိုလင့်နေသော အနာဂတ်တို့အကြောင်း ဖော်ပြထားပါသည်။
(၁) ပျိုမြစ်နုနယ်သော အလှဘုရင်မလေး
စူချားတားသည် Miss Universe Thailand 2024 ကို ရရှိချိန်တွင် အသက် ၂၀ အရွယ်သာ ရှိသေးသည်။
မကြာသေးမီကာလအတွင်း ထိုင်းအလှမယ်သမိုင်းတွင် အသက်အငယ်ဆုံး winner များ၌ တစ်ဦးအပါအဝင် ဖြစ်သည်။
(၂) အထင်ကြီးလောက်သော အရပ်အမြင့်
စူချားတား၏ အရပ်အမြင့်မှာ ၁၈၀ စင်တီမီတာ (သို့) ၅ ပေ ၁၁ လက်မရှိရာ Miss Universe Thailand ၏ ရာဇဝင်တွင် အရပ်အမြင့်ဆုံး ပြိုင်ပွဲဝင်များ၌ တစ်ဦးအပါအဝင် ဖြစ်သည်။ သူ၏ အရပ်မြင့်မားမှုကြောင့် စင်မြင့်ပေါ်တွင် ထင်ရှားပေါ်လွင်မှု ရရှိစေမည် ဖြစ်သည်။
(၃) ဘာသာစကားစွမ်းရည်
စူချားတားသည် ထိုင်း၊ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကား ၃ မျိုး ကျွမ်းကျင်စွာ ပြောတတ်သည်။
သူ၏ ယဉ်ကျေးမှု စုံလင်သော နောက်ခံနှင့် ပညာရေးအဆင့်ကို ဘာသာစကားကျွမ်းကျင်မှုများက ပြသနေသည်။
(၄) ဖူးခက် ဒေသခံ
အံ့မခန်း သာယာလှပသော ပင်လယ်ကမ်းခြေများနှင့် ယဉ်ကျေးမှု စုံလင်ခြင်းတို့ကြောင့် နာမည်ကြီးသည် ဖူးခက်တွင် စူချားတား မွေးဖွားသည်။
ဖူးခက်ရှိ သူ၏ အခြေအမြစ်တည်ရှိမှုတို့မှာလည်း စူချားတားအတွက် ဂုဏ်ယူဖွယ်ရာ အကြောင်းရပ် တစ်ခု ဖြစ်၏။
(၅) မိသားစု စီးပွားရေးလုပ်ငန်း
စူချားတား၏ မိဘများသည် ဖူးခက်ရှိ Old Town တွင် Homeplace Hotel အမည်ဖြင့် ဟိုတယ်တစ်ခု ဖွင့်လှစ်ထားသည်။
စူချားတား၏ ကလေးဘဝမှာ ထိုနေရာတွင် အများဆုံးဖြတ်သန်းခဲ့သည်။ စူချားတားက မိသားစု၏ လုပ်ငန်းနှင့်စပ်လျဉ်းပြီး ဂုဏ်ယူကြောင်း မကြာခဏပြောဖူးသည်။
(၆) ပညာရေး
စူချားတားသည် ထိုင်းနိုင်ငံရှိ အကောင်းဆုံးကျောင်းများတွင် ပါဝင်သော Triam Udom Suksa School တွင် တက်ရောက်ခဲ့သူ ဖြစ်သည်။
(၇) ပညာဆက်လက်သင်ယူမှု
စူချားတားသည် လက်ရှိအားဖြင့် Thammasat University တွင် တက်ရောက်နေသော ကျောင်းသူတစ်ဦးဖြစ်ပြီး နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးပညာ အထူးပြုဖြင့် ဖြစ်သည်။ ကမ္ဘာ့သံတမန်ရေးရာနှင့် မူဝါဒကို စိတ်ဝင်စားမှုရှိကြောင်း သူ၏ ပညာရေးက ပြသနေသည်။
(၈) Cancer Survivor
စူချားတား ၁၆ နှစ်သမီးအရွယ်တွင် ရင်သား၌ ၁၀ စင်တီမီတာခန့်ရှိသော အကျိတ်ကြီးတစ်ခု တွေ့ရှိခဲ့ရာ ကင်ဆာရောဂါဖြစ်မည်ကို တုန်လှုပ်ခဲ့ရသည်။ သို့သော် ထိုအကျိတ်မှာ ကင်ဆာကျိတ်မဟုတ်ကြောင်း သိခဲ့ရသည်။
မည်သို့ဆိုစေ ထိုဖြစ်ရပ်ကြောင့် အလှမယ်ပြိုင်ပွဲများမှတဆင့် ရင်သားကင်ဆာရောဂါကို အာရုံစိုက်ကြစေရန် စူချားတားအတွက် မောင်းနှင်အားတစ်ခု ဖြစ်စေခဲ့သည်။
(၉) ပြိုင်ပွဲအတွေ့အကြုံ
စူချားတားသည် Miss Universe Thailand 2024 winner မဖြစ်မီက Miss Universe Thailand 2022 တွင် 3rd runner-up ရရှိခဲ့သည်။
(၁၀) ပရဟိတဆောင်ရွက်မှု
စူချားတားသည် အမျိုးသားကင်ဆာသိပ္ပံနှင့် Siriraj ဆေးရုံ လက်အောက်ရှိ ကင်ဆာဖောင်ဒေးရှင်းနှင့် လက်တွဲ ဆောင်ရွက်နေမှုများ ရှိသည်။ ထို့အပြင် အမျိုးသမီးများ၏ ကျန်းမာရေးအသိပညာအတွက် non-profit စီမံကိန်းတစ်ခု အကောင်အထည် ဖော်ထားသည်။
((မိသားစုပိုင် ဟိုတယ် ))
စူချားတား၏ မိဘများ တည်ထောင်ထားသော ဖူးခက်မှ Homeplace Hotel သည် ခရီးသွားအေဂျင်စီ Agoda ၏ ဝက်ဘ်ဆိုက်တွင် review 7.3 ရရှိထားကာ Very good အဆင့် သတ်မှတ်ခံထားရသည်။
တည်နေရာမှာ Tha Phae, Chiang Mai ဖြစ်ပြီး ချင်းမိုင်၏ အချက်အခြာနေရာတွင် တည်ရှိသည်။
ဟိုတယ်တွင် စက်ဘီးငှားပေးသည့် ဝန်ဆောင်မှုရှိပြီး Free WiFi ရှိသည်။ စတုရန်း ၁၆၁ ပေရှိသော Standard room ၏ တစ်ရက်တာ တည်းခိုခမှာ စင်္ကာပူဒေါ်လာအားဖြင့် ၁၅ ဒေါ်လာ သာ ကျသင့်သည်။
ချင်းမိုင်လေဆိပ်နှင့် ၃ ဒသမ ၉ ကီလိုမီတာ၊ ချင်းမိုင်ဘူတာနှင့် ၂ ဒသမ ၃၇ ကီလိုမီတာသာ ဝေးကွာပြီး ချင်းမိုင်ညဈေးနှင့်ဆိုလျှင် မီတာ ၆၄၀ သာ ကွာဝေးသည်။
ဟိုတယ်ဆိုသော်လည်း အခန်း ၁၀ ခန်းမျှသာ ရှိသည်။
တည်းခိုဖူးသူတို့၏ Review များအရ တည်နေရာနှင့် ဝန်ထမ်းတိို့၏ ဆက်ဆံရေး ကောင်းပုံတို့ကို နှစ်သက်ကြသည်။
လမ်းလျှောက်သွားလျှင် ၁၅ မိနစ်သာသွားရသည့် Warorot ဈေးမှာ ချင်းမိုင်ညဈေးအပါအဝင် အခြားသော နေရာများကဲ့သို့မဟုတ်ဘဲ ဈေးသက်သာကြောင်း recommend ပေးကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 10 Fun Facts About The New Miss Universe Thailand 2024: Opal Suchata Chuangsri (hype, agoda)
Photo Credit- Miss Universe Thailand/Instagram
[Zawgyi]
(၃) ဘာသာစကားစွမ်းရည်
(၄) ဖူးခက် ဒေသခံ
(၆) ပညာရေး
(၇) ပညာဆက်လက်သင်ယူမှု
(၈) Cancer Survivor
(၁၀) ပရဟိတဆောင်ရွက်မှု
((မိသားစုပိုင် ဟိုတယ် ))
တည်းခိုဖူးသူတို့၏ Review များအရ တည်နေရာနှင့် ဝန်ထမ်းတို့၏ ဆက်ဆံရေး ကောင်းပုံတို့ကို နှစ်သက်ကြသည်။
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
Mingalar Market
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service