နာမည်ကြီး တရုတ်ရုပ်ရှင်မင်းသမီး Fan Bing Bing က ဟောင်ကောင်ရှိ တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၆၅၀,၀၀၀ (ကန်ဒေါ်လာ ၈၃,၀၀၀) ပေးကာ ငှားရမ်းနေထိုင်ကြောင်း သတင်းများ ထွက်ပေါ်လာ

နာမည်ကြီး တရုတ်ရုပ်ရှင်မင်းသမီး Fan Bing Bing က ဟောင်ကောင်ရှိ တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၆၅၀,၀၀၀ (ကန်ဒေါ်လာ ၈၃,၀၀၀) ပေးကာ ငှားရမ်းနေထိုင်ကြောင်း သတင်းများ ထွက်ပေါ်လာ - Property News in Myanmar from iMyanmarHouse.com
10 Oct 2024 11:50 am တွင် တင်ခဲ့သည်
1425 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Fan Bing Bing ဘယ်သူလဲ)

ဖန်ပင်းပင်း (မွေး ၁၉၈၁) သည် တရုတ်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး တရုတ်ပြည် ရှန်တုံပြည်နယ်၊ Yantai ပင်လယ်ကမ်းခြေမြို့လေးတွင် မွေးဖွားသည်။

အဘိုးဖြစ်သူမှာ ရေတပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ Fan Tao မှာ ပေါ့ပ်အဆိုတော်ဖြစ်ကာ မိခင်ဖြစ်သူ Zhang Chuanmei မှာ ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် အထက်တန်းကျောင်းသူဘဝ၌ ကားအက်ဆီးဒင့်ဖြစ်ကာ ဆေးရုံတက်နေရစဉ် The Empress of the Dynasty အမည်ရှိ ထိုင်ဝမ်ဒရာမာ ဇာတ်လမ်းတွဲကို ကြည့်ရှုခဲ့ရပြီး ရုပ်ရှင်မင်းသမီးဖြစ်လိုစိတ် ပေါ်ပေါက်လာခဲ့သည်။

ယင်းနောက် ကျောင်းဆက်မတက်တော့ဘဲ Shanghai Xie Jin-Hengtone အနုပညာကျောင်းသို့ တက်ရောက်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် My Fair Princess ရုပ်သံဇာတ်လမ်းတွဲ၌ စတင်ပါဝင်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့သေး။

၂၀၀၃ ခုနှစ်တွင်ကား ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့် ရုပ်ရှင်ကားဖြစ်သော Cell Phone(2003) တွင် ပါဝင်ကာ ထင်ရှားကျော်ကြားသွားသည်။

အဆိုပါဇာတ်ကားသည် ၂၀၀၃ တစ်နှစ်တာလုံးအတွက် တရုတ်ပြည်တွင် ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့ပြီး ဖန်ပင်းပင်းမှာလည်း ထိုဇာတ်ကားအတွက် Hundred Flowers Award for Best Actress ဆု ရရှိခဲ့သည်။

ဖန်ပင်းပင်းသည် Lost in Beijing (2007)၊ Double Xposure (2012)၊ I Am Not Madame Bovary (2016)၊ X-Men: Days of Future Past (2014)၊ Buddha Mountain (2011) ဇာတ်ကားများဖြင့်လည်း လူသိများပြီး ဇာတ်လမ်းတွဲများအနေဖြင့် My Fair Princess (1998–1999)၊ The Empress of China(2014–2015)၊The Legend of Ba Qing (2018)၊ Royal Tramp(2008) တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းကြီးက ၂၀၁၇ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဖန်ပင်းပင်းကို ထည့်သွင်းဖော်ပြခဲ့သည်။

((ဖန်ပင်းပင်း ငှားရမ်းနေထိုင်သော ဟောင်ကောင်တိုက်ခန်း))

ယခုအခါ ဖန်ပင်းပင်းသည် ဟောင်ကောင်မှ လူကုံထံရပ်ကွက်တစ်ခုဖြစ်သော The Peak မှ Barker လမ်းရှိ တိုက်ခန်းတစ်ခန်းကို အိမ်လခ ဟောင်ကောင်ဒေါ်လာ ၆၅၀၀၀၀ (ကန်ဒေါ်လာ ၈၃၄၁၄) ဖြင့် ငှားရမ်းနေထိုင် လျက်ရှိကြောင်း သတင်းများ ထွက်ပေါ်လာသည်။

Dimsum daily သတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါအခန်းမှာ အကျယ်အဝန်း စတုရန်းပေ ၅၀၀၀ ကျော်ရှိပြီး ဝိတိုရိယဆိပ်ကမ်း၏ ရှုမျှော်ခင်းများကို ၁၈၀ ဒီဂရီရှုမြင်နိုင်သည့်မြင်ကွင်း ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

ဖန်ပင်းပင်း၏ အခန်းတွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်း ပါဝင်သည့်အပြင် အကျယ်အဝန်း စတုရန်းပေ ၁၀၀၀ နီးပါးရှိသည့် ပန်းဥယျာဉ်နေရာနှင့် စတုရန်းပေ ၁၀၀၀ ကျော် ကျယ်ဝန်းသည့် လသာဆောင်နေရာ တို့လည်း ပါဝင်သည်။

ဖန်ပင်းပင်းသည် ဟောင်ကောင်တွင် နေထိုင်ခွင့်ရရန် ရင်းနှီးမြှုပ်နှံမှုများမှတဆင့် ဆယ်စုနှစ် တစ်ခုခန့် ကြိုးစားခဲ့ရာ နောက်ဆုံးတွင် ဟောင်ကောင်၌ အခြေချနေထိုင်ခွင့် ရရှိသွားခဲ့သည်။

Barker လမ်းသည် ရင်သပ်ရှုမောဖွယ်ရှုခင်းများကြောင့်သာမက တန်ဖိုးကြီးခြင်း၊ privacy ကောင်းခြင်း၊ အထင်ကရ ပုဂ္ဂိုလ်များစွာ နေထိုင်ခြင်း အစရှိသည့်အချက်များဖြင့်လည်း လူသိများသည်။

South China Morning Post သတင်းဌာန၏ ဖော်ပြချက်အရ ဟောင်ကောင်ဘီလျံနာ Lee Shau Kee ၏ အမွေဆက်ခံသူ မာတင် လီကာရှင်းသည် Barker လမ်း၊ အမှတ် ၃၅ ရှိ အဆောက်အအုံကို ၂၀၁၀ ပြည့်နှစ်အတွင်းက ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၈၂ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တရုတ်ဘီလျံနာကြီး ဂျက်မားကလည်း Barker လမ်း၊ အမှတ် ၂၂ ရှိ စတုရန်းပေ ၉၈၉၀ ကျယ်ဝန်း သော Luxury စံအိမ်ကြီးကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖြင့် ဝယ်ယူထားသည် ဟူသော သတင်းများလည်း ရှိသည်။

ဖန်ပင်းပင်းသည် ၂၀၁၈ ခုနှစ်အတွင်းက အခွန်ရှောင်လွှဲမှုအတွက် ကန်ဒေါ်လာ ၁၂၈ သန်း ဒဏ်ငွေချမှတ်ခံရပြီး နောက်ပိုင်း သိုသိုသိပ်သိပ် နေထိုင်လျက်ရှိသည်။

ဖန်ပင်းပင်းသည် မကြာသေးမီကမူ Xiaohongshu နှင့် Douyin တို့ကဲ့သို့ လူမှုကွန်ရက်အကောင့်များမှတဆင့် ပရိသတ်နှင့် ပြန်လည်ထိတွေ့မှု ပြုလုပ်လာကာ သူ၏ ဟောင်ကောင်လူနေမှုဘဝကို ချပြလာသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Actress Fan Bingbing reportedly rents Hong Kong apartment for over $83K monthly (vnexpress)

[Zawgyi]

နာမည္ၾကီး တရုတ္ရုပ္ရွင္မင္းသမီး Fan Bing Bing က ေဟာင္ေကာင္ရွိ တိုက္ခန္းတစ္ခန္းကို တစ္လလွ်င္ ေဟာင္ေကာင္ေဒၚလာ ၆၅၀,၀၀၀ (ကန္ေဒၚလာ ၈၃,၀၀၀) ေပးကာ ငွားရမ္းေနထိုင္ေၾကာင္း သတင္းမ်ား ထြက္ေပၚလာ

(Fan Bing Bing ဘယ္သူလဲ)

ဖန္ပင္းပင္း (ေမြး ၁၉၈၁) သည္ တရုတ္ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ျပီး တရုတ္ျပည္ ရွန္တုံျပည္နယ္၊ Yantai ပင္လယ္ကမ္းေျချမိဳ႕ေလးတြင္ ေမြးဖြားသည္။

အဘိုးျဖစ္သူမွာ ေရတပ္မွ ဗိုလ္ခ်ဳပ္ၾကီးတစ္ဦးျဖစ္ျပီး ဖခင္ျဖစ္သူ Fan Tao မွာ ေပါ့ပ္အဆိုေတာ္ျဖစ္ကာ မိခင္ျဖစ္သူ Zhang Chuanmei မွာ ရုပ္ရွင္မင္းသမီးတစ္ဦး ျဖစ္သည္။

၁၉၉၅ ခုႏွစ္တြင္ အထက္တန္းေက်ာင္းသူဘဝ၌ ကားအက္ဆီးဒင့္ျဖစ္ကာ ေဆးရံုတက္ေနရစဥ္ The Empress of the Dynasty အမည္ရွိ ထိုင္ဝမ္ဒရာမာ ဇာတ္လမ္းတြဲကို ၾကည့္ရႈခဲ့ရျပီး ရုပ္ရွင္မင္းသမီးျဖစ္လိုစိတ္ ေပၚေပါက္လာခဲ့သည္။

ယင္းေနာက္ ေက်ာင္းဆက္မတက္ေတာ့ဘဲ Shanghai Xie Jin-Hengtone အႏုပညာေက်ာင္းသို႔ တက္ေရာက္ခဲ့သည္။

၁၉၉၉ ခုႏွစ္တြင္ My Fair Princess ရုပ္သံဇာတ္လမ္းတြဲ၌ စတင္ပါဝင္ခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရခဲ့ေသး။

၂၀၀၃ ခုႏွစ္တြင္ကား ဝက္ဝက္ကြဲေအာင္ျမင္ခဲ့သည့္ ရုပ္ရွင္ကားျဖစ္ေသာ Cell Phone(2003) တြင္ ပါဝင္ကာ ထင္ရွားေက်ာ္ၾကားသြားသည္။

အဆိုပါဇာတ္ကားသည္ ၂၀၀၃ တစ္ႏွစ္တာလံုးအတြက္ တရုတ္ျပည္တြင္ ဝင္ေငြအေကာင္းဆံုးရုပ္ရွင္ျဖစ္ခဲ့ျပီး ဖန္ပင္းပင္းမွာလည္း ထိုဇာတ္ကားအတြက္ Hundred Flowers Award for Best Actress ဆု ရရွိခဲ့သည္။

ဖန္ပင္းပင္းသည္ Lost in Beijing (2007)၊ Double Xposure (2012)၊ I Am Not Madame Bovary (2016)၊ X-Men: Days of Future Past (2014)၊ Buddha Mountain (2011) ဇာတ္ကားမ်ားျဖင့္လည္း လူသိမ်ားျပီး ဇာတ္လမ္းတြဲမ်ားအေနျဖင့္ My Fair Princess (1998–1999)၊ The Empress of China(2014–2015)၊ The Legend of Ba Qing (2018)၊ Royal Tramp(2008) တို႔တြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

တိုင္းမ္မဂၢဇင္းၾကီးက ၂၀၁၇ ခုႏွစ္ ကမၻာ့ၾသဇာအလႊမ္းဆံုး ပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ ဖန္ပင္းပင္းကို ထည့္သြင္းေဖာ္ျပခဲ့သည္။

((ဖန္ပင္းပင္း ငွားရမ္းေနထိုင္ေသာ ေဟာင္ေကာင္တိုက္ခန္း))

ယခုအခါ ဖန္ပင္းပင္းသည္ ေဟာင္ေကာင္မွ လူကံုထံရပ္ကြက္တစ္ခုျဖစ္ေသာ The Peak မွ Barker လမ္းရွိ တိုက္ခန္းတစ္ခန္းကို အိမ္လခ ေဟာင္ေကာင္ေဒၚလာ ၆၅၀၀၀၀ (ကန္ေဒၚလာ ၈၃၄၁၄) ျဖင့္ ငွားရမ္းေနထုိင္ လ်က္ရွိေၾကာင္း သတင္းမ်ား ထြက္ေပၚလာသည္။

Dimsum daily သတင္းဌာန၏ ေဖာ္ျပခ်က္အရ အဆိုပါအခန္းမွာ အက်ယ္အဝန္း စတုရန္းေပ ၅၀၀၀ ေက်ာ္ရွိျပီး ဝိတိုရိယဆိပ္ကမ္း၏ ရႈေမွ်ာ္ခင္းမ်ားကို ၁၈၀ ဒီဂရီရႈျမင္ႏိုင္သည့္ျမင္ကြင္း ပိုင္ဆိုင္ထားသည္ဟု ဆိုသည္။

ဖန္ပင္းပင္း၏ အခန္းတြင္ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၄ ခန္း ပါဝင္သည့္အျပင္ အက်ယ္အဝန္း စတုရန္းေပ ၁၀၀၀ နီးပါးရွိသည့္ ပန္းဥယ်ာဥ္ေနရာႏွင့္ စတုရန္းေပ ၁၀၀၀ ေက်ာ္ က်ယ္ဝန္းသည့္ လသာေဆာင္ေနရာ တို႔လည္း ပါဝင္သည္။

ဖန္ပင္းပင္းသည္ ေဟာင္ေကာင္တြင္ ေနထိုင္ခြင့္ရရန္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားမွတဆင့္ ဆယ္စုႏွစ္ တစ္ခုခန္႔ ၾကိဳးစားခဲ့ရာ ေနာက္ဆံုးတြင္ ေဟာင္ေကာင္၌ အေျခခ်ေနထိုင္ခြင့္ ရရွိသြားခဲ့သည္။

Barker လမ္းသည္ ရင္သပ္ရႈေမာဖြယ္ရႈခင္းမ်ားေၾကာင့္သာမက တန္ဖိုးၾကီးျခင္း၊ privacy ေကာင္းျခင္း၊ အထင္ကရ ပုဂၢိဳလ္မ်ားစြာ ေနထုိင္ျခင္း အစရွိသည့္အခ်က္မ်ားျဖင့္လည္း လူသိမ်ားသည္။

South China Morning Post သတင္းဌာန၏ ေဖာ္ျပခ်က္အရ ေဟာင္ေကာင္ဘီလ်ံနာ Lee Shau Kee ၏ အေမြဆက္ခံသူ မာတင္ လီကာရွင္းသည္ Barker လမ္း၊ အမွတ္ ၃၅ ရွိ အေဆာက္အအံုကို ၂၀၁၀ ျပည့္ႏွစ္အတြင္းက ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၈၂ ဘီလီယံျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ထို႔အျပင္ တရုတ္ဘီလ်ံနာၾကီး ဂ်က္မားကလည္း Barker လမ္း၊ အမွတ္ ၂၂ ရွိ စတုရန္းေပ ၉၈၉၀ က်ယ္ဝန္း ေသာ Luxury စံအိမ္ၾကီးကို ေဟာင္ေကာင္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံျဖင့္ ဝယ္ယူထားသည္ ဟူေသာ သတင္းမ်ားလည္း ရွိသည္။

ဖန္ပင္းပင္းသည္ ၂၀၁၈ ခုႏွစ္အတြင္းက အခြန္ေရွာင္လႊဲမႈအတြက္ ကန္ေဒၚလာ ၁၂၈ သန္း ဒဏ္ေငြခ်မွတ္ခံရျပီး ေနာက္ပိုင္း သိုသိုသိပ္သိပ္ ေနထိုင္လ်က္ရွိသည္။

ဖန္ပင္းပင္းသည္ မၾကာေသးမီကမူ Xiaohongshu ႏွင့္ Douyin တို႔ကဲ့သို႔ လူမႈကြန္ရက္အေကာင့္မ်ားမွတဆင့္ ပရိသတ္ႏွင့္ ျပန္လည္ထိေတြ႔မႈ ျပဳလုပ္လာကာ သူ၏ ေဟာင္ေကာင္လူေနမႈဘဝကို ခ်ျပလာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Actress Fan Bingbing reportedly rents Hong Kong apartment for over $83K monthly (vnexpress)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service